ဥပဒေဟူသည်ကျိုးကြောင်းဆင်ခြင်မှုပညာတရပ်ဖြစ်သည်

 ဆရာကြီးဦးမြရေးသားသောဥပဒေအဖြာဖြာ 


 အမှာစာ - စာမျက်နှာ ( ဃ ) ( ဆ )


ပြဿနာတရပ်၏မျက်နှာစာအရပ်ရပ်ကိုသိခွင့်ရရှိနိုင်ပါသည်။ 


ဥပဒေများကိုလေ့လာရာ၌အခက်အခဲဖြစ်နေရခြင်းမှာစီရင်ထုံးများပြန့်ကျဲနေရခြင်းကြောင့်ဖြစ်ရာရှုဒေါင့်စေ့စေ့လေ့လာခွင့်မရ၍အားနည်းမှုအနည်းနှင့်အများပေါ်ပေါက်လာခြင်းဖြစ်ပါသည်။


တရားမမှုများကိုစွဲဆိုချေပရာ၌မှုခင်းဆိုင်ရာဥပဒေများ၊သက်သေခံအက်ဥပဒေနှင့် တရားမကျင့်ထုံးတို့ကိုမလွဲမသွေလေ့လာရမည်ဖြစ်ပါသည်။ 


ဤသုံးပွင့်ဆိုင်ဥပဒေများကိုပိုင်ပိုင်နိုင်နိုင်သိရှိနိုင်ရန်ဆိုင်ရာစီရင်ထုံးများကိုသိရန်လိုအပ်ပါသည်။ 


မြန်မာနိုင်ငံစီရင်ထုံးသမိုင်းသည်နှစ်တရာကျော်ခဲ့ပါပြီ။


စီရင်ထုံးပေါင်းချုပ်များပင်ခြောက်တွဲကျော်နေပါပြီ ။ 


ဆိုင်ရာမှုခင်းနှင့်သက်ဆိုင်သည့်စီရင်ထုံးများကိုစုစုစည်းစည်းလေ့လာနိုင်ရန်မှာလွယ်ကူသည့်ကိစ္စမဟုတ်ပါ။


ဤစာအုပ်ကထိုအခက်အခဲများကိုအတိုင်းအတာတရပ်အထိဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ပါသည်။


ပြီးပြတ်သောမှုခင်းများတွင်ပေါ်ပေါက်ခဲ့သည့်ပျော့ကွက်ဟာကွက်အားနည်းချက်များကိုလေ့လာကာသင်ခန်းစာယူသင့်ပါသည်။


အမှားကိုအမှားဟုသိပါမှရှောင်ရှားနိုင်ပါမည်။


အခက်ဆုံးမှာ


မည်သည်ကအမှား၊မည်သည်ကအမှန်ဟု မည်သို့ခွဲခြားရပါမည်လဲ ? 


ဥပဒေသည်ဟူသည်ကျိုးကြောင်းဆင်ခြင်မှုပညာတရပ်ဖြစ်ပါသည်။ 


အကျိုးအကြောင်းပြကာမှုခင်းများကိုဆုံးဖြတ်ထားသောစီရင်ထုံး၊စီရင်ချက်များကို လေ့လာခြင်းဖြင့်အဆုံးအဖြတ်ပေးသည့်ပညာရှိတရားသူကြီးများနည်းတူဆင်ခြင်မှုအတတ်ပညာကိုရရှိလာမည်ဖြစ်ပါသည်။


ထိုအခါရှေ့နေရှေ့ရပ်တို့သည်မိမိအမှုသည်များ၏အကျိုးကိုသယ်ပိုးထမ်းရွက်နိုင်ကြပါမည်။


တရားသူကြီးများသည်လည်းနောင်တော်တရားသူကြီးများနည်းတူအမှုအခင်းများကို အမှားကင်းကင်းဆုံးဖြတ်နိုင်ကြပါလိမ့်မည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ