မြန်မာရှေ့နေများမအောင်မြင်ရခြင်းမှာအသိဉာဏ်နည်းခြင်းကြောင့်မဟုတ်
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၆၇
လွတ်လပ်သောမြန်မာနိုင်ငံတော်၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးဘဦးက၎င်းကိုယ်တိုင်ရေးအထ္ထုပတ္တိ ဖြစ်သော My Burma စာအုပ်စာမျက်နှာ ၁၁၂ တွင်၎င်းခေတ်မြန်မာရှေ့နေများနှင့်စပ်လျဉ်း၍-
" The failure of the Burmese lawyers in competing with English and Indian lawyers was not due to their lack of intelligence but to their lack of application . "
(အင်္ဂလိပ်နှင့်အိန္ဒိယရှေ့နေများနှင့်ယှဉ်ပြိုင်ရာ၌မြန်မာရှေ့နေများမအောင်မြင်ရခြင်းမှာအသိဉာဏ်နည်းခြင်းကြောင့်မဟုတ်၊ဦးနှောက်ကိုအသုံးချမှုချို့တဲ့ခြင်းကြောင့်ဖြစ်သည်)ဟုမှတ်ချက်ချသည်။
ဦးဘဦး၏မှတ်ချက်သည်မျက်မှောက်ခေတ်ရှေ့နေအများစု၏အားနည်းချက်ဖြစ်ဆဲပင်ဖြစ်ကြောင်း 2015 BLR 174 ( FB ) စီရင်ထုံး၌စုံညီခုံရုံးကကောက်နုတ်ဖော်ပြထားသောလျှောက်လဲချက်များတွင်ထင်ဟပ်လျက်ရှိသည်။
စီရင်ထုံးများပါထုံးဖွဲ့ချက်တို့ကိုဆိုင်ရာအမှု၏ဖြစ်ရပ်တို့နှင့်ချိန်ထိုးလျှောက်လဲရာတွင်ဦးဘဦးညွှန်ပြသကဲ့သို့မိမိဦးနှောက်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပါမှအောင်မြင်မည်ကိုသတိချပ်သင့်သည်။
အမှန်စင်စစ်အပြောလွယ်သလောက်အလုပ်မလွယ်(Easier said than done )သည်မှာမှန်၏။
ကြောင်းကျိုးဆင်ခြင်ခြင်းသည်လက်တွေ့၌လွယ်သည်မဟုတ်။
စာရေးသူ၏ဥပဒေပြဿနာအဖြာဖြာစာအုပ်တွင်ကြောင်းကျိုးဆင်ခြင်ရာ၌လွဲချော်တတ်မှုကိုသာဓကအကိုးအကားဖြင့်ဆွေးနွေးထားပါသည်။
Comments
Post a Comment