Posts

Showing posts from August, 2020

ဆရာအလုပ်စဝင်တော့

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆရာအလုပ်စဝင်တော့  Burma Judicial Service ( senior branch ) ကနေစပြီး အလုပ်ဝင်တယ် ။  သိပ်အထင်မကြီးပါနဲ့ ။ တရားမမှုမှာ ကျပ် ၅၀၀၀ အထိပဲ စီရင်ပိုင်ခွင့်ရှိတယ် ။  ရာဇဝတ်မှုမှာကျတော့ B. L အောင်လို့ ဒုတိယတန်းအာဏာရတယ် ။  Departmental Examination ကို ( ၈ ) ဘာသာဖြေရတယ် ။  တဘာသာအနည်းဆုံး ( ၄၀ ) ရပြီး ပျှမ်းမျှအမှတ် ( ၆၀ ) ရမှ အမြဲတမ်းရာထူးကိုရတယ် ။  အမြဲတမ်းရာထူးရမှ First Class ရာထူးရတယ်။ အလုပ်ထဲစဝင်ကာစကအမှုတွေဆုံးဖြတ်ရင်နှစ်ဖက်သက်သေခံချက်တွေကိုကြည့်လိုက်ရုံနဲ့ တဖက်ဖက်ကသာရမှာပေါ့လို့အလွယ်တကူထင်မိတယ် ။  စာမေးပွဲကို ဂုဏ်ထူးပေါင်းများစွာနဲ့ အောင်ခဲ့သော်လည်း တကယ်လက်တွေ့လုပ်တော့ မလွယ်ဘူးဆိုတာ သိလာတယ်။ တရားမမှုကျတော့ပိုခက်တာပေါ့။ အမိန့်ချအဆင့်ဆိုတိုင်းရှေ့ကလူစစ်သွားတာအမိန့်ချမယ့်အဆင့်ရောက်နေတာပါ။အမှုကလွယ်ကူပြီးရှင်းနေရင်အပြင်မှာပဲပြီးမှာပေါ့လို့အထက်တရားသူကြီးကပြောတယ်။ကော်စရာကပ်စရာတွေရှိလို့တရားရုံးကိုအမှုရောက်တာပေါ့။အမှန်ကိုဆုံးဖြတ်နိုင်ဖို့ကတရားသူကြီးရဲ့အရည်အချင်းပဲလို့အထက်အရာရှိကပြောတယ်။အထက်အရာရှိကရုံးအုပ်ကြီးကိုခေါ်ပြီးဒီဝန်ထောက်မင်းက...

တရားရုံးတွေရဲ့စီရင်ချက်မှန်ဖို့၊ကောင်းဖို့ကရှေ့နေအပေါ်မှာလည်းအဓိကကျတယ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အာသာဖယ်ရာရဲ့စီရင်ချက်တွေဖတ်ဖူးတယ် ။  အာသာဖယ်ရာရေးထားတဲ့စီရင်ထုံးတခုမှာမြန်မာလူမျိုးတွေသေတမ်းစာလုပ်ခွင့်ရှိ - မရှိ ရေးထားတဲ့ စီရင်ထုံးကောင်းပါတယ်။ သူဘယ်မှာရုံးထိုင်တယ်ထင်သလဲ ။  Camp ထောက်ကြန့်လို့ ရေးထားတယ်။ အဲဒီပုဂ္ဂိုလ်ကစစ်ဗိုလ်ဖြစ်ပါတယ် ။ရေးတဲ့စီရင်ချက်ကအဆင့်မြင့်ပါတယ်။ တရားရုံးတွေရဲ့စီရင်ချက်မှန်ဖို့ ၊ကောင်းဖို့ကရှေ့နေအပေါ်မှာလည်းအဓိကကျတယ်။ ရှေ့နေကဥပဒေတွေ၊စီရင်ထုံးတွေရှာဖွေစုဆောင်းတင်ပြနိုင်မှစီရင်ချက်ကောင်းတွေထွက်လာတယ်။ အောက်မြန်မာပြည်မှာ  Judicial Commissioner ကို ၁၈၇၂ ခုနှစ်က စတည်ထောင်တယ် ။  အနှစ် ( ၅၀ ) ကြာမှ High Court လို့ ပေါ်ပေါက်လာတယ် ။ ၁၉၂၂ ခုနှစ်ဖြစ်တယ် ။   Judicial Commissioner နဲ့  High Court ဘာကွာလဲ ။   Judicial Commissioner က အတောင်အလက်မစုံသေးဘူး ။ High Court ကျမှ အတောင်အလက်စုံတာ ။  Judicial Commissioner ကို ဘုရင်ခံချုပ်က ခန့်တာဖြစ်တယ် ။  High Court Judge ကိုတော့ ဘုရင်ကိုယ်တိုင် တိုက်ရိုက်ခန့်တယ် ။  လွှတ်တော်ပေါ်လာတော့ High Court Judge တွေ ခန့်လို့ရပြီ ။  ဘုရင်က စာချွန် ( ...

ride out ( ခါးစည်းခံရင်းလွန်မြောက်သည် )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆရာတကယ်လို့ကျန်းမာရေးကောင်းရင်နောက်တခေါက်လောက်ပြန်လာချင်သေးတယ်။ တခါထပ်ပြီးဒူးတိုက်ဆွေးနွေးချင်သေးတယ်။ ခင်ဗျားတို့အားလုံးမှာ ကိုယ်ပိုင်  Capacity ရှိတယ် ။ အဲဒါကို နှိုးဆွအသုံးချနိုင်ဖို့လိုတယ် ။  အင်္ဂလိပ်စာကိုလေ့လာပါ ။  ကိုယ်ပိုင်မရေးနိုင်ရင်တောင်မှ နားလည်တဲ့အဆင့်ရောက်အောင် ဖတ်နိုင်အောင် ကြိုးစားလိုက်ပါ ။  အစိုးရထုတ်တဲ့ အင်္ဂလိပ် - မြန်မာ အဘိဓာန်စာအုပ်ကို ဆောင်ထားပါ။ ခင်ဗျားတို့အတွက် အများကြီးအကျိုးရှိပါလိမ့်မယ်။ ဆရာကတော့ကမ္ဘာ့သတင်းကအစ၊စလောင်းမှာအင်္ဂလိပ်စာအသုံးအနှုန်းကိုလေ့လာတယ်။ တကမ္ဘာလုံးစီးပွားပျက်ကပ်ဆိုက်တော့  ride out  ဆိုတဲ့စကားလုံးကိုသုံးပါတယ်။   ride the economic crisis out  ဆိုတဲ့စကားကိုကြည့်ရင်စီးပွားရေးခါးစည်းခံနေရင်းလွန်မြောက်လာတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ride out ဟာခါးစည်းခံရင်းလွန်မြောက်သည်ဟုဘာသာပြန်ပါတယ်။ ဥပဒေမှာတွေ့တွေ့နေတဲ့  common sense ဆိုတဲ့ စကားလုံးကိုကြည့်ရအောင်။  common sense ကို The Court Manual စာပိုဒ် - ၂၉၅ ၊ စာမျက်နှာ - ၁၅၃ အောက်ဆုံးဝါကျရဲ့ အဓိပ္ပါယ်ကို ပကတိဆင်ခြင်တုံဉာဏ်လ...

မြန်မာထဲက High Court Judge ဖြစ်သူများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာထဲက High Court Judge ဖြစ်တာပြောရရင်ပထမဆုံးဆာမောင်ခင်ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်ကစတင်ဖြစ်တာပါ။ ဒုတိယက ဦးမေအောင် ၊ တတိယက ဦးဘိုးဟန် ဖြစ်ပါတယ် ။  ဦးဘိုးဟန်က Session Judge ကနေ  High Court Judge ဖြစ်တာပါ ။ High Court မှာ သေဒဏ်အတည်ပြုတဲ့ အာဏာရရှိပါတယ် ။ သေဒဏ်အတည်မပြုချင်လို့ ဦးဘိုးဟန်က တရားသူကြီးချုပ်ထံ တင်ပြပါတယ် ။ တရားသူကြီးချုပ်က ခွင့်မပြုလို့ အလုပ်ကနုတ်ထွက်ပြီး ရှေ့နေလိုက်ပါတယ် ။ ရွှေတကျပ်သား ငွေတဆယ်ကျပ် ပေးရတဲ့ကာလဖြစ်တဲ့ ၁၉၂၃ ခုနှစ်မှာ သူ့လစာ ကျပ်လေးထောင်ရပါတယ် ။ အဲ့ဒီအလုပ်ကထွက်ပြီး ရှေ့နေလိုက်ပါတယ် ။ သေဒဏ်အတည်ပြုတဲ့ အမိန့်မချချင်လို့ပါ ။  စတုတ္ထက ဆာဂျေအေမောင်ကြီး ဖြစ်ပါတယ်။ သူက ရှေ့နေကနေ High Court Judge ဖြစ်တာပါ ။  ပဉ္စမက ဦးဘ ၊ ဥပဒေဘွဲ့ မရပါ ။  B. A.  ပဲအောင်ပါတယ် ။  ဆဌမက ဦးမြဘူး ။ လက်ထောက်ရှေ့နေချုပ်ကနေ  High Court Judge ဖြစ်ပါတယ် ။ ဆရာတို့နိုင်ငံလွတ်လပ်ရေးရတော့ Supreme  Court ( တရားလွှတ်တော်ချုပ် ) တရားသူကြီး ( ၃ ) ဦးပဲရှိတယ် ။ ဆာဘဦး ၊ ဒေါက်တာအေးမောင် ၊ ဦးကျော်မြင့် တို့ဖြစ်ပါတယ် ။ High Court ( တရားလွှတ်တော...