အမှုတခုလျှောက်လဲချက်ပေးရင်မိမိအမှုနှင့်ဆိုင်သောဥပဒေကိုအရင်ပြောပါ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အမှုတခုလျှောက်လဲချက်ပေးရင်မိမိအမှုနဲ့ဆိုင်သောဥပဒေကိုအရင်ပြောပါ။

နောက်ပြီးမှမိမိအမှုနိုင်မယ့်အချက်တွေကိုမီးမောင်းထိုးပြပြီးမြင်သာအောင်ပြောပါ။

မိမိတင်ပြခဲ့တဲ့ facts တွေကိုလျှောက်လဲချက်မှာတခါတည်းရိုက်သွင်းပြလိုက်တာပဲ။

ဆရာ့အတွေ့အကြုံအရပြောရရင်တော့နှစ်ဖက်စစ်ပြီးရင်လျှောက်လဲချက်နှုတ်နဲ့ပြောတာကိုနားထောင်လိုက်တာပဲ။ရေးသားလျှောက်လဲချက်ဆိုတာမကြုံဖူးပါဘူး။

၁၉၇၃ ခုနှစ်နောက်ပိုင်းဗဟိုတရားရုံးရောက်မှရေးသားလျှောက်လဲချက်ဆိုတာကြုံရတာ။

လျှောက်လဲချက်ရေးတာ၊စီရင်ချက်ရေးတာဆိုတာတွေဟာ

တကယ့် Arts(အနုပညာ )ပါပဲ။

စီရင်ထုံးပြမှလျှောက်လဲချက်ကောင်းစီရင်ချက်ကောင်းဖြစ်တာမဟုတ်ပါဘူး။

အကျိုးအကြောင်းဆီလျော်အောင်ဆက်စပ်တင်ပြပြီးတင်ပြပုံကောင်းရင်လျှောက်လဲချက်ကောင်း၊စီရင်ချက်ကောင်းဖြစ်တာပါပဲ။

တရားမမှုစီရင်ဆုံးဖြတ်တယ်ဆိုတာ အငြင်းမပွားတာတင်ပြပြီးဖြစ်နိုင်ချေ probability များတဲ့ဘက်ကအနိုင်ရတာပါပဲ။

ဆရာတို့မန္တလေးမှာလုပ်တုန်းက ကလေးသူငယ်တရားသူကြီးဦးကျော်ညွန့်ဆိုတာရှိတယ်။သူကစာရေးဘဝကနေအရာရှိဖြစ်ပြီး ( ၁၀ ) တန်းပဲအောင်တာပါ။ဒါပေမယ့် သူ့အင်္ဂလိပ်စာက High Court Judge လောက်တော်တယ်။ပြောချင်တာကကြိုးစားတဲ့လူတော်တယ်ဆိုတာပြောချင်တာ။သူကဗုဒ္ဓစာပေတွေက်ိုအင်္ဂလိပ်လိုရေးနေတာ။The Light of Dhamma ဆိုတဲ့စာအုပ်မှာအင်္ဂလိပ်လိုဆောင်းပါးတွေရေးတယ်။

ရှေးတုန်းကစီရင်ချက်တွေကြည့်ရင်စပြီးရေးတာက"ဤအမှုတွင်အငြင်းမပွားသော အချက်များမှာအောက်ပါအတိုင်းဖြစ်သည်"လ်ို့အရင်စရေးပါတယ်။

အင်္ဂလိပ်လိုစီရင်ထုံးတွေကတော့"It is common ground"စရေးပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ