အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်အယူခံဝင်သောပြဿနာကိုအတည်ပြုရာရောက်သလား

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်အယူခံဝင်သောပြဿနာကိုအတည်ပြုရာရောက်သလား ? 


1955  BLR  ( HC ) 94  


  Maung  Chit  Maung  and  one  vs .  Daw  Saw 


အမှုတွင်စီရင်ထုံးအများအပြားကိုစိစစ်သုံးသပ်ပြီးတရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းပြဆိုသည်။


"  However , where an appeal is dismissed under Order  41 ,  Rule  11 of the Civil Procedure Code , the decree appealed from cannot be taken to have been confirmed under Rule 32 so that dismissal of the appeal leaves the decree untouched  . "


အယူခံကိုအမိန့် ၄၁၊နည်း ၁၁( ၁ )အရပလပ်ခြင်းသည်အယူခံတရားလိုဘက်ကိုသာ ကြားနာပလပ်ခြင်းဖြစ်သည်။


အယူခံကိုအကျဉ်းနည်းနှင့်ပလပ်ခြင်းမပြုလျှင်ဆောင်ရွက်ရန်ကျင့်ထုံးကိုအမိန့် ၄၁ ၊ နည်း၁၁( ၂ )မှစ၍ပြဌာန်းသည်။နှစ်ဘက်ကြားနာခြင်းကိစ္စကိုနည်း၁၆တွင်ပြဌာန်းသည်။နည်း ၃၂ တွင်အယူခံဝင်သောဒီကရီအားအတည်ပြုခြင်းကိစ္စကိုပြဌာန်းထားသည်ဖြစ်ရာနည်း ၃၂ ပါစီရင်ချက်သည်အယူခံကိုနှစ်ဘက်ကြားနာပြီးနောက်ချမှတ်သောစီရင်ချက်ကိုဆိုလိုသည်။ထိုစီရင်ချက်ကိုနည်း၃၅အရအယူခံတရားရုံး၏ ဒီကရီကိုရေးဆွဲရန်ဖြစ်သည်။


သို့ဖြစ်ရာအယူခံကိုနည်း၁၁အရအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်အယူခံဝင်သော အောက်ရုံး၏ဒီကရီကိုအတည်ပြုဖို့ဝေးစွ၊တို့ထိခြင်းမပြု( untouched )သည်မှာ ပေါ်လွင်သည်။


ထို့အတူ၁၉၈၄မတစ၃၃၇၊ဦးအေးပါ၃ နှင့် ဒေါ်နှင်းရီပါ၂ အမှုတွင်လည်းအောက်ပါအတိုင်းပြဆိုသည်။


"  တရားဥပဒေသဘောအရတိုင်းတရားရုံး၏ဒီကရီသည်မြို့နယ်တရားရုံး၏ဒီကရီနှင့်ပေါင်းစပ်သွားသော်လည်းဗဟိုတရားရုံးကအယူခံတရားလိုတို့၏အယူခံမှုကိုအကျဉ်းနည်းဖြင့်ပလပ်ခဲ့သဖြင့်ဗဟိုတရားရုံး၏ဒီကရီသည်တိုင်းတရားရုံး၏ဒီကရီနှင့်ပေါင်းစပ်ခြင်းမရှိချေ ။ "


 အလားတူ၁၉၈၈မတစ၂၅မန်နေဂျာမြန်မာ့စီးပွားရေးဘဏ်၊ပုသိမ်မြို့ နှင့် စင်ဟင်းဆန်စက်၊သာပေါင်းမြို့ပါ ၅အမှုတွင်လည်းအောက်ပါအတိုင်းထုံးဖွဲ့သည်။


အယူခံရုံးကအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းနှင့်စပ်လျဉ်း၍ဥပဒေသဘောအရ အကျိုးသက်ရောက်မှုကိုဦးအေးပါ ၃  နှင့်  ဒေါ်နှင်းရီပါ ၂အမှု(  ၁၉၈၄ ၊ မတစ ၊ စာ - ၃၃၇ )အမှုတွင်အောက်ပါအတိုင်းကောက်ယူထုံးဖွဲ့ထားသည်။


တရားဥပဒေသဘောအရတိုင်းတရားရုံး၏ဒီကရီသည်မြို့နယ်တရားရုံး၏ဒီကရီနှင့် ပေါင်းစပ်သွားသော်လည်းဗဟိုတရားရုံးကအယူခံတရားလို၏အယူခံမှုကိုအကျဉ်းနည်းဖြင့်ပလပ်ခဲ့သဖြင့်ဗဟိုတရားရုံး၏ဒီကရီသည်တိုင်းတရားရုံး၏ဒီကရီနှင့်ပေါင်းစပ်ခြင်းမရှိချေ။သို့ဖြစ်ရာဇာရီမှုတွင်အတည်ပြုလျက်ရှိသောဒီကရီသည်တိုင်းတရားရုံး၏ဒီကရီဖြစ်ပေသည်။


မောင်ချစ်မောင်ပါ ၂  နှင့် ဒေါ်စော အမှု ( ၁၉၅၅ ၊ မတစ ၊ စာ - ၉၄ ) အမှုတွင်လည်း အောက်ပါအတိုင်းကောက်ယူထုံးဖွဲ့ထားသည်။


'  However , where an appeal is dismissed under Order 41 , Rule 11 , Civil Procedure Code , the decree appealed from cannot be taken to have been confirmed under Rule 32 so that dismissal of the appeal leaves the decree untouched . '

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ