တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရတင်သွင်းခွင့်ရှိသောအမှုနှစ်မျိုးနှစ်စား
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉( က )အရတင်သွင်းခွင့်ရှိသောအမှုနှစ်မျိုးနှစ်စားရှိသည်။
ပထမအမျိုးမှာတရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်ကိုပယ်ဖျက်သော ဒီကရီအပေါ်အယူခံဝင်ခြင်း ဖြစ်သည်။တရားလွှတ်တော်ကတရားမပထမအယူခံမှုတွင်အကြောင်းခြင်းရာအပေါ်ဆုံးဖြတ်ချက်အပြီးသတ်မည်ဖြစ်သည်။1956 BLR ( H C )148စီရင်ထုံးကိုကြည့်ပါ။
သို့ဖြစ်ရာတရားလွှတ်တော်ကချမှတ်သောဒီကရီအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ပုဒ်မ၁၀၉( က )အရတင်သွင်းသောအယူခံမှု၌အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍အယူခံအကြောင်းပြချက်တင်သွင်းခွင့်မရှိ။
ထိုနည်းတူခရိုင်တရားရုံးကအယူခံတွင်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍မူလတရားရုံး၏အကြောင်းခြင်းရာအပေါ်ကောက်ယူဆုံးဖြတ်ချက်ကိုပယ်ဖျက်လျှင်ခရိုင်တရားရုံး၏ကောက်ယူဆုံးဖြတ်ချက်သည်ပုဒ်မ၁၀၀( ၁ )( ဃ )တွင်အကျုံးမဝင်၊အပြီးသတ်ဖြစ်သဖြင့်ထိုဆုံးဖြတ်ချက်မှားယွင်းကြောင်းတရားလွှတ်တော်တွင်တင်သွင်းသည့်အယူခံမှု၌အကြောင်းပြချက်အဖြစ်တင်သွင်းခွင့်မရှိ။
အထူးသတိချပ်ရန်အချက်မှာ၊အကြောင်းခြင်းရာများအပေါ်ချမှတ်သည့်ဆုံးဖြတ်ချက်အပေါ်ချမှတ်သည့်ဆုံးဖြတ်ချက်နှစ်မျိုးနှစ်စားရှိသည်။
ကောက်ချက်ချသည်( infer )
မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ် - မြန်မာအဘိဓာန်စာမျက်နှာ-၇၁၄ တွင် infer ကို ကောက်ချက်ချသည်ဟုဘာသာပြန်သည်။အဆိုပါအဖွဲ့ကပြုစုသောမြန်မာအဘိဓာန်အကျဉ်းချုပ်ပထမတွဲစာမျက်နှာ-၂၁ တွင်ကောက်ချက်ချသည်ဟူသော ဝေါဟာရကိုလိုရင်းအချက်ကိုသတ်မှတ်ပြောဆိုသည်ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
ပထမအဘိဓာန်တွင်ပြဆိုထားသော
infer a connection between smoking and heart disease . The size of the population can be inferred from the archaeological remains .
ဥပမာများကိုသတ္တုချကြည့်လျှင် infer ၏အဓိပ္ပာယ်ကိုကောင်းစွာသိရှိနိုင်သည်။
Comments
Post a Comment