ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံမှု


တရားလွှတ်တော်က ခရိုင်တရားရုံး၏အဆုံးအဖြတ်ကိုအတည်ပြုခဲ့လျှင်တရားလွှတ်တော်၏ဒီကရီကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ ( က )အရအယူခံဝင်ရာ၌အယူခံအကြောင်းပြချက်များသည်အရေးယူလောက်သောဥပဒေပြဿနာများသက်ဝင်ရမည်ကိုသတိပြုပါ။


အရေးယူလောက်သောဥပဒေပြဿနာဟူသည်၊အတော်အတန်အခြေအတင်ငြင်းခုံလျှောက်လဲနိုင်သောဥပဒေပြဿနာဖြစ်သည်ဟု13  Ran  744 တွင်ပြဆိုထားသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀ ( ၁ ) ( က )ပါဥပဒေပြဿနာထက်ပို၍နက်နဲသောဥပဒေပြဿနာမျိုးဖြစ်သည်။


အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်သောအယူခံတရားရုံး၏ဒီကရီကို နောက်တဆင့်မြင့်သောတရားရုံးတွင်အယူခံဝင်ရာ၌ဖော်ပြရန်အယူခံအကြောင်းပြချက်များ


အယူခံကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၁နည်း၁၁အရ အယူခံကိုပလပ်ရာတွင်စီရင်ချက်ရေးလေ့မရှိသဖြင့်အယူခံတရားရုံး၏ဒီကရီကိုနောက်တဆင့်မြင့်သည့်တရားရုံးချုပ်အယူခံဝင်ရာ၌အကြောင်းပြရန်အခက်အခဲအနည်းနှင့်အများ တွေ့ရတတ်သည် ။


လင်ကချေးယူသောငွေမှာမိသားစုအတွက်ဖြစ်ပြီး၊လင်ချေးယူသောငွေကိုလင်အားမြီရှင်က၊လင်၏မယားရှေ့တွင်ပေးသည်ကိုအကြောင်းပြုပြီး၊မြီရှင်ကယင်းချေးငွေရလိုကြောင်းစွဲဆိုသောအမှုတွင်ခရိုင်တရားရုံးကငွေချေးသူလင်နှင့်ပူးတွဲ၍မယားအပေါ်တွင်လည်းချေးငွေပေးဆပ်ရန်ငွေဒီကရီချမှတ်သည်ဆိုပါစို့။


တရားလွှတ်တော်တွင်တင်သွင်းသောအယူခံ၌အယူခံအကြောင်းပြချက်သည်အောက်ပါအတိုင်းဖြစ်သည်ဆိုပါစို့။


"ခရိုင်တရားရုံးကလင်ချေးယူသောကြွေးမြီကိုအယူခံတရားလိုကကိုယ်တိုင်ပေးဆပ်ရန်တာဝန်မရှိပါဘဲလျက်ထိုကြွေးမြီကိုပေးဆပ်ရန်လင်နှင့်ပူးတွဲ၍အယူခံတရားလိုအပေါ်ငွေဒီကရီချမှတ်ခြင်းသည်ဥပဒေအရမှားယွင်းပါသည် ။ "


တရားလွှတ်တော်ကအယူခံကိုစီရင်ချက်မရေးဘဲအကျဉ်းနည်းဖြင့်ပလပ်လိုက်သည်ဆိုပါစို့။ 


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ပုဒ်မ ၁၀၉ ( က ) အရတင်သွင်းသောအယူခံတွင်အယူခံအကြောင်းပြချက်တရပ်သည်အောက်ပါအတိုင်းဖြစ်သည်။


"  အယူခံတရားလိုသည်ငွေချေးသူမဟုတ်၍ခင်ပွန်းချေးယူသောကြွေးမြီကိုကိုယ်တိုင်ပေးဆပ်ရန်တာဝန်မရှိပါဘဲလျက်အယူခံတရားလိုအပေါ်ငွေဒီကရီချမှတ်ခြင်းသည်မှားယွင်းကြောင်းအကြောင်းပြခြင်းကိုတရားလွှတ်တော်ကလေးလေးနက်နက်မဆင်ခြင်ဘဲအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ ၃၇ ပါ ပြဌာန်းချက်များနှင့်မညီညွတ်ပါသဖြင့်မှားယွင်းပါသည်။"

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ