နိုင်ငံခြားစီရင်ထုံးအချို့
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၅၃နှင့်၅၄
နိုင်ငံခြားစီရင်ထုံးအချို့
25 W R 81 ( P C ) ( Weekly Reporter ( W . R . ) စီရင်ထုံးများကို၁၈၅၈ခုနှစ်မှစ၍ ထုတ်ဝေခဲ့ရာ၂၅မှာအတွဲအမှတ်ဖြစ်သည်။ရှေးကျသောစီရင်ထုံးများဖြစ်သည်။)အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်။
" A possession on the part of one party which is not shown to have commenced in wrong can only be disturbed by distinct proff of a superior title in another party . "
ပရီဗီကောင်စီက possession which is not shown to have commenced in wrong ( မတရားမှုတွင်မြစ်ဖျားခံသည်ဟုမထင်ရှားသောလက်ရှိဖြစ်မှု )ဟူသောမြွက်ဆိုချက်သည် PJLB 484 စီရင်ထုံးပါ lawful possession နှင့်ဆိုလိုရင်းချင်းတူသည်။
စကားအသုံးအနှုန်းသိုသိပ်မှုသာကွဲပြားသည်။
သူတပါးလက်ရှိပစ္စည်းအတွင်းသို့ကျူးကျော်ဝင်ရောက်လက်ရှိထားသူသည်ပစ္စည်းကိုမတရားရယူသူဖြစ်သည်မှာယုံမှားဖွယ်မရှိ။
ပရီဗီကောင်စီက superior title ဟုဆိုသည်။
၁၉၉၆ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၂၂၊ဒေါ်ခင်စော နှင့် ဦးထွန်းတင် ပါ ၂ အမှုတွင်မူ better title ဟုသုံးသည်။
အဓိပ္ပာယ်ချင်းတူသည်။
အိန္ဒိယနိုင်ငံစီရင်ထုံးအချို့ပါထုံးဖွဲ့ချက်တို့ကို 11 LBR 415 စီရင်ထုံးတွင်စာမျက်နှာ ၄၁၆နှင့်၄၁၇တို့၌ဖော်ပြထားရာမြန်မာနိုင်ငံစီရင်ထုံးများနှင့်အမြင်ကွဲပြားခြင်းမရှိ။
စာရေးသူ၏ သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ် စာမျက်နှာ ၂၃ တွင် AIR 1968 SC 1165 စီရင်ထုံးပါထုံးဖွဲ့ချက်ကို မြန်မာဘာသာဖြင့်ပြန်ဆိုကာအောက်ပါအတိုင်းဖော်ပြခဲ့သည်။
"ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။ပိုင်ရှင်အစစ်သည်စည်းကမ်းသတ်ကာလအတွင်းမိမိအခွင့်အရေးကိုအရေးဆိုခြင်းမပြုလျှင်၊ထိုသူ၏အခွင့်အရေးသည်ဆိတ်သုဉ်းသွားပြီးလက်ရှိထားလျက်ရှိသောသူသည်ပိုင်ဆိုင်ခွင့်အပြီးအပိုင်ရရှိသည်။ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောင့်အယှက်ပြုလာလျှင်၊လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။"
အင်္ဂလန်နိုင်ငံတွင်ကျင့်သုံးသည့်အခြေခံသဘောတရားမှာPrior(8 LBR 227 ( FB) စီရင်ထုံးတွင်previous ဟုသုံးသည်။)
possession is a good title of ownership against all who cannot show a better title
(အလျင်လက်ရှိဖြစ်ခြင်းသည်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိကြောင်းမပြနိုင်သည့်သူတို့အားလုံးအပေါ်ပိုင်ဆိုင်မှုကိုထင်ဟပ်သောခိုင်မာသည့်ဆိုင်ရေးဆိုင်ခွင့်ဖြစ်သည်)ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံတွင်ကျင့်သုံးသောဥပဒေသဘောတရားနှင့်ကွဲပြားခြင်းမရှိ။
Comments
Post a Comment