ပိုင်ရှင်အစစ်၏အခန်းကဏ္ဍ
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၅၄နှင့်၅၅
ပိုင်ရှင်အစစ်၏အခန်းကဏ္ဍ
လက်ရှိထားပိုင်ခွင့်အရပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှု၌အချင်းဖြစ်ပစ္စည်းမှာအခြားသူ ( ဥပမာ - နိုင်ငံတော် ) ပိုင်ပစ္စည်းဖြစ်ခဲ့လျှင်ထိုဆိုင်ရေးဆိုင်ခွင့်မရှိသောတရားလိုကလက်ရောက်ရလိုကြောင်းတရားစွဲဆိုခွင့်ရှိမရှိပြဿနာအပေါ်အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည့်သမိုင်းကြောင်းကို AIR 1968 SC 1165၌စိစစ်ပြီး( 1907 ) A . C . 73 ( Appeal Court )စီရင်ထုံးသည်အထက်၌ဖော်ပြခဲ့သောအခြေခံဥပဒေသဘောတရား( principle )မှသွေဖီခြင်းမရှိဟုအောက်ပါအတိုင်း ရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာမူသဘောတရားကိုပြန်လည်အတည်ပြုခဲ့ကြောင်း ( reaffirmed )တွေ့ရသည်ဟုအိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကစီရင်ထုံးတွင်ပြဆိုသည် -
" It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good titke against all the world but the rightful owner . And if the rightful owner does not come forward and asert his title by the process of law within the period prescribed by the provisions of the Statue of Limitation applicable to the case , his right is forever extinguished , and the possessory owner acquires an absolute title . "
(မှတ်ချက် ။ ။ အိန္ဒိယနိုင်ငံတရားလွှတ်တော်၏စီရင်ထုံး AIR 1968 SC 1165 ကို အင်တာနက်မှဦးလှစိုးကကူးယူပေးနိုင်သည့်အတွက်ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်သည် ။
မြန်မာနိုင်ငံတွင်အတည်ဖြစ်လျက်ရှိသောကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေမှာ The Limitation Act ဖြစ်သည်။အင်္ဂလန်နိုင်ငံဥပဒေမှာ The Statue of Limitation ဖြစ်ကြောင်းအထက်ပါစီရင်ထုံးအရသိနိုင်သည်။ထိုဥပဒေကိုစာရေးသူမဖတ်ဖူးပါ။
သို့သော်မြန်မာနိုင်ငံ၌အတည်ဖြစ်လျက်ရှိသောကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်များမှာအင်္ဂလန်နိုင်ငံရှိ The Statue of Limitation လာပြဌာန်းချက်များနှင့်တူပုံပေါ်ကြောင်းအထက်ပါထုံးဖွဲ့ချက်ကညွှန်ပြသည်။
အမှန်ဆိုသော်မြန်မာနိုင်ငံဥပဒေသည်အင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေတွင် မြစ်ဖျားခံသည်မှာယုံမှားဖွယ်မရှိ ။ )
Comments
Post a Comment