၂၀၁၅ မတစ ၁၇ ၊ ဒေါ်ခင်ဆွေမြင့် နှင့် ဦးဝင်းရွှေခေါ်ဦးဝင်းဆွေပါ၃ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်ခင်ဆွေမြင့်နှင့်ဦးဝင်းရွှေခေါ်ဦးဝင်းဆွေပါ၃
၂၀၁၅ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ၁၇
စီရင်ထုံးအဆုံးအဖြတ်ကိစ္စ
တရားရုံးများသည်လယ်ယာမြေလုပ်ပိုင်ခွင့်ကိုအမွေဆက်ခံခြင်းနှင့်စပ်လျဉ်းသည့်အငြင်းပွားမှုကိုသာဆုံးဖြတ်နိုင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားရုံးများကအဆုံးအဖြတ်မပေးနိုင်ကြောင်း၊လယ်ယာမြေလုပ်ပိုင်ခွင့်ရပြီးမှသာအမွေဆက်ခံခွင့်အငြင်းပွားမှုကိုတရားရုံးကအဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်းဆုံးဖြတ်ချက်သည်စောဒကတက်စရာဖြစ်နေသည်။
လယ်ယာမြေဥပဒေပုဒ်မ၈တွင် " မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်xxxxxxxအမွေဆက်ခံခြင်းဖြင့်လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရရှိသူအားလည်းကောင်းxxxxxxxxxxလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးရမည် " ဟုပြဌာန်းထားသည်။
လယ်ယာမြေဥပဒေပုဒ်မ၄တွင် " လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသူသည်xxxxxxxxxxxxxxxxသတ်မှတ်ချက်များနှင့်အညီလျှောက်ထားရမည် " ဟုပြဌာန်းထားသည်။
ပုဒ်မ၈ပါပြဌာန်းချက်ကိုပုဒ်မ၄ပါပြဌာန်းချက်နှင့်ဆက်စပ်ဖတ်ရှုရမည်ဖြစ်သည်။
၂၀၁၂ခုနှစ်အောက်တိုဘာလ၃၀ရက်နေ့တွင်ပြဌာန်းထားသောလယ်ယာမြေဥပဒေပုဒ်မ၄၃ ( က )အရ ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကိုရုပ်သိမ်းလိုက်သောအခါအနှစ် ၆၇နှစ်ကျော် ကျင့်သုံးခဲ့ပြီးသော၊တောင်သူလယ်သမားများကိုအကျိုးပြုခဲ့သော ၁၉၅၃ ခုနှစ်ဥပဒေသည်တခန်းရပ်သွားသည်။
၁၉၅၃ ခုနှစ်ဥပဒေသည်လယ်ယာမြေပိုင်ဆိုင်မှုကိုတခန်းရပ်စေသည်။
လယ်လုပ်သူသည်လယ်ပိုင်ခွင့်ရှိစေရမည်ဟူသောမူလသဘောတရားအပေါ်အခြေခံသည်။
လယ်ယာမြေဥပဒေသည်၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၄ တွင်ပြဌာန်းခဲ့ဖူးသည့်အတိုင်းလယ်ယာမြေလွှဲပြောင်းခြင်းကိုတားမြစ်ကြောင်းအတိအလင်းပြဌာန်းခြင်းမပြု။
တဖက်တွင်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေဥပဒေပုဒ်မ ၉ ( ခ )အရ ပေးကမ်းခွင့် ( ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၉ ( ခ )အရအပိုင်ပေးခွင့် ) ပြုထားသည်။
ယင်းအခွင့်အရေးကိုရရှိသူသည်လယ်ယာမြေဥပဒေပုဒ်မ ၈ အရလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိသည်ဖြစ်ရာသက်ဆိုင်သည့်စည်းကမ်းချက်များ(ပုံစံ ၇ ၏ကျောဘက်ရှိစည်းကမ်းချက်များ)ကိုဖောက်ဖျက်ခြင်းမရှိသရွေ့၊ပုဒ်မ ၈အရလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိသူသည်ပုဒ်မ၂ ( ဃ )အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ခြင်းသည်ထူးခြားသည်။
လယ်ယာမြေဥပဒေပုဒ်မ ၉ ( က ) နှင့် ( စ ) တွင်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူရရှိသောအခွင့်အရေးများသည်အထိုက်အလျောက်ကျယ်ပြန့်သည်ကိုတွေ့ရသည်။
၁၉၅၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ၃၆ပါပြဌာန်းချက်တို့သည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ ၏အဓိပ္ပါယ်အရ တရားမတရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကိုအတိအလင်းတားမြစ်သောပြဌာန်းချက်များဖြစ်သည်။
လယ်ယာမြေဥပဒေတွင်ထိုသို့သောပိတ်ပင်တားမြစ်သည့်ပြဌာန်းချက်မျိုးမရှိ။
တရားမရုံးစီရင်ပိုင်ခွင့်အာဏာကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉တွင်ပြဌာန်းထားသည့်အတိုင်း သဘောသက်ရောက်ချက်အရ impliedly ပိတ်ပင်ခြင်းရှိမရှိစိစစ်အဖြေထုတ်ရန်မှာမလွယ်ကူကြောင်းပုဒ်မ ၉ကိုဋီကာချဲ့၍ကိုးကားပြဆိုသောစီရင်ထုံးများ ( 1962 BLR ( C C ) 247 စီရင်ထုံးအပါအဝင်)၌ဆင်ခြင်သုံးသပ်အဖြေထုတ်ယူခြင်းကိုအခြေခံအကြောင်းပြချက်များသည်နက်နဲသည်ကိုလေ့လာတွေ့ရှိနိုင်သည်။
တရားရုံးကအမွေစီမံခန့်ခွဲမှုတွင်ထိုကိုင်းမြေကိုခွဲဝေရန်စီရင်ပါလျှင်ပုဒ်မ ၉ ( ဃ )ပါလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးကိုမလွဲမသွေထိပါးရာရောက်မည်ဖြစ်ရာထိုပုဒ်မ ၉ ( ဃ )ပါပြဌာန်းချက်များ၏အာနိသင်ကိုပျက်ပြယ်စေခြင်းကိုပိတ်ပင်ရန်တရားမတရားရုံးကအချင်းဖြစ်မြေကိုစီမံခန့်ခွဲသည့်စီရင်ပိုင်ခွင့်အာဏာကိုသဘောသက်ရောက်ချက်အရ impliedly တားမြစ်သည်ဟုကောက်ယူရန်ဖြစ်သည်။
မလှိန့်နှင့်မောင်လူမောင်ပါ၄အမှု
1962 BLR ( C C ) 247
စီရင်ထုံးတွင်တရားရုံးချုပ်က ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပုဒ်မ ၆ ပါပြဌာန်းချက်များကိုဆင်ခြင်ကာအမွေစီမံခန့်ခွဲမှုသည်ပုဒ်မ ၃၆ တွင်တရားရုံး၏စီရင်ပိုင်ခွင့်အာဏာအားတားမြစ်ချက်တွင်အကျုံးဝင်သည်ဟု ထုံးဖွဲ့ချက်ကိုသာဓကအဖြစ်မှတ်ယူကာလယ်ယာမြေဥပဒေပုဒ်မ ၉ ( ဃ )ပါပြဌာန်းချက်များကိုအဓိပ္ပါယ်ကောက်ယူရန်ဖြစ်သည်။
အချုပ်အားဖြင့်တရားလိုများကအချင်းဖြစ်လယ်ယာမြေများကိုအမွေစီမံခန့်ခွဲပေးစေလိုမှုမစွဲဆိုနိုင်ခြင်းမှာပုဒ်မ၉ ( ဂ )ကြောင့်မဟုတ်ပါ။
ပုဒ်မ ၉ ( ဂ ) ကပင်ပုဒ်မ ၉ ၏နိဒါန်းရှိလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်ဟူသောစကားရပ်ကြောင့်ယခုအမှုဟာ ပုဒ်မ ၉ ( ဂ ) ဟာအမွေဆက်ခံသူများကို မရည်ညွှန်းပါ ) ပုဒ်မ ၈ ပါ သဘောသက်ရောက်ချက်အရတားမြစ်ချက်ကြောင့် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉အရ တရား ရုံးတွင်စစ်ဆေးစီရင်ပိုင်ခွင့်မရှိခြင်း ဖြစ်ပါသည်။
အကယ်၍တရားရုံးကအမွေပစ္စည်းအဖြစ်အမွေခွဲဝေရန်သတ်မှတ်ပြီးဒီကရီချမှတ်ခဲ့ပါလျှင်လယ်ယာမြေဥပဒေပုဒ်မ ၉ ( ဃ )ပါ " သတ်မှတ်ထားသည့်စည်းကမ်းချက်များကိုဖောက်ဖျက်ခြင်းမရှိသရွေ့လယ်ယာမြေလုပ်ပိုင်ခွင့် " ဟူသောပြဌာန်းချက်အရ၊လယ်ယာမြေလုပ်ပိုင်ခွင့်ရထားသူက၎င်းတွင်ပုဒ်မ ၉ ( ဃ ) အရလုပ်ပိုင်ခွင့်ရှိသည်ဟုဇာရီမှုတွင်ထုချေလာလျှင်အတည်ပြု၍မရသောဒီကရီဖြစ်သွားပေမည်။
Comments
Post a Comment