ဥပဒေပညာရှင်များသည်ဥပဒေပြဌာန်းချက်များကိုဖတ်ရှုရုံမျှဖြင့်တကယ့်ပညာရှင်များအဖြစ်သို့မရောက်နိုင်သေး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားဝန်ကြီးချုပ်စီရင်ချက်အဆုံးစာပိုဒ်စာမျက်နှာ၅၈၈တွင်ရှေ့နေခကိုတနေ့လျှင်ရွှေဒင်္ဂါး၁၂ကျပ်နှုန်းဖြင့်စုစုပေါင်း၃၆ပြား ( မှတ်ချက်။  ။ ရွှေဒင်္ဂါးတပြား၏တန်ဖိုးသည်ငွေ ၁၇ ကျပ်နှင့်ညီမျှသည်။ )ပေးရန်သတ်မှတ်သည်ကိုထောက်ချင့်ပါကစုံညီခုံရုံးသည်လည်းတရားလွှတ်တော်ခုံရုံးနှင့်အားကျမခံစောဒကမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့ကြောင်းတွေ့မြင်နိုင်သည်။ 


စောဒကမှုတွင်နှစ်ဖက်သောရှေ့နေများမည်မျှပြည့်ပြည့်စုံစုံတင်ပြလျှောက်ထားသည်ကိုခန့်မှန်းနိုင်သည်။ 


စုံညီခုံရုံးကလည်းပြဿနာကိုသုံးရက်တိုင်တိုင်စိတ်ရှည်လက်ရှည်ကြားနာခဲ့သည်။ 


ထိုကောင်းမြတ်သောအစဉ်အလာများပျောက်ကွယ်သွားရန်မသင့်။


စုံညီခုံရုံးက 10 Ran 124 စီရင်ထုံးကိုလက်ခံအတည်ပြုသည်။ 


သို့ရာတွင်ပုဒ်မ ၂၈ သည်ပါရင်းပစ္စည်းနှင့်မဆိုင်-


( The rule has no application in the case of a married couple in enjoyment of payin property though they may be living with the parents who manage the property for the benefit of the couple . ) 


ဟုဆုံးဖြတ်သည်။


စုံညီခုံရုံးကအဆုံးအဖြတ်ပေးပြီးနောက်1940 RLR 831ကိုဆုံးဖြတ်သောအခါခုံရုံးက ပါရင်းပစ္စည်းတွင်မယားဖြစ်သူရရှိသောအပြီးအပိုင်ရထိုက်သည့်အစုကိုမယားရမြဲရသည်ဟုဆုံးဖြတ်သည်ဖြစ်၍မယားဖြစ်သူကဦးဧမောင်အားရှေ့နေငှားရကျိုးနပ်သည်ဟုဆိုရပါမည်။


ရှေနေ၏ဥပဒေပညာမည်မျှအရေးပါသည်ကိုလက်ရှိရှေ့နေများအားကျစေရန်လည်းကောင်း၊ဗုဒ္ဓဘာသာဓမ္မသတ်များပါအဆိုအမိန့်များကိုလူမျိုးခြားတရားသူကြီးများယေဘုယျအားဖြင့်မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပုံကိုမျက်မှောက်ခေတ်တရားသူကြီးများလေ့လာအားကျအတုယူနိုင်ရန်လည်းကောင်းစံပြအမှုတမှုအဖြစ်ထုတ်နှုတ်ဖော်ပြခြင်းဖြစ်သည်။ 


ယခင်ခေတ်ရှေ့နေများနှင့်တရားသူကြီးများသည်တရားစီရင်ရာ၌မည်မျှအချိန်ယူအားထုတ်ခဲ့ကြသည်ကိုလည်းလေ့လာမှတ်သားနိုင်ရန်ရည်ရွယ်ပါသည်။ 


အလားတူအခြားအမှုများကိုစီရင်ထုံးစာအုပ်များတွင်ရှာဖွေတွေ့နိုင်ပါသေးသည်။


ဥပဒေပညာရှင်များသည်ဥပဒေပြဌာန်းချက်များကိုဖတ်ရှုရုံမျှဖြင့်တကယ့်ပညာရှင်များအဖြစ်သို့မရောက်နိုင်သေး။ 


ဥပဒေများ၏ပြဌာန်းချက်များပါစကားရပ်တို့၏အဓိပ္ပာယ်ကိုဖွင့်ဆိုကြသောစီရင်ထုံးများကိုလေ့လာရန်လည်းလိုပါသေးသည်။ 


ဆိုင်ရာဖြစ်ရပ်နှင့်ချိန်ထိုးအဖြေရှာတတ်ရန်မှာပဓာနကျသည်ကိုလည်းဆင်ခြင်မိဖို့လိုပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ