co-owner ပူးတွဲပိုင်ရှင်များဟူသောစကားရပ်ကပူးတွဲပိုင်ရှင်များသည်မိမိတို့ပူးတွဲပိုင်သောပစ္စည်းများကိုခွဲယူကြောင်းမြင်သာသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မန္တလေးခရိုင်တရားရုံးတွင်ခရစ်ယာန်ဘာသာဝင်မယားကခရစ်ယာန်ဘာသာဝင်ခင်ပွန်းအပေါ် မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရကွာရှင်းပေးစေရန်တရားစွဲဆိုရာ၌လင်ပိုင်ပစ္စည်းကိုခွဲဝေပေးရန်လည်းအရေးဆိုသည်ကိုထူးဆန်းစွာတွေ့ရပါသည်။
ခရိုင်တရားရုံးကခရစ်ယာန်ဘာသာဝင်လင်မယားတွင်မြန်မာဗုဒ္ဓဘာသာဝင်လင်မယားအိမ်ထောင်မှာကဲ့သို့လင်ခန်းမယားခန်းဆိုင်ရာအခွင့်အရေးမရှိဟုအကြောင်းပြကာပစ္စည်းခွဲဝေသည့်ဒီကရီချမှတ်ခြင်းမပြု။
အယူခံတွင်တရားရုံးချုပ်( မန္တလေးရုံးထိုင် )ကမြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ၃၉ပါ settlement ဟူသောစကားလုံးကိုညွှန်ပြကာလင်ပိုင်ပစ္စည်း၏ထက်ဝက်ကိုမယားအားခွဲဝေပေးစေရန်ပဏာမဒီကရီချမှတ်ပေးပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကတရားရုံးချုပ်၏အဆုံးအဖြတ်ကိုအတည်ပြုပါသည်။
အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၀ ( ၁ )တွင် လင်မယားဖြစ်ခြင်းကိုအကြောင်းပြုပြီးမယားသည်လင်ပိုင်ပစ္စည်းတွင်အကျိုးခံစားခွင့်မရှိစေရ။ လင်သည်လည်းမယားပိုင်ပစ္စည်းတွင်အကျိုးခံစားပိုင်ခွင့်မရှိစေရဟု အောက်ပါအတိုင်းပြဌာန်းထားပါသည် -
" No person shall , by marriage , acquire any interest in the property of the person whom he or she marries . "
အထက်ပါပြဌာန်းချက်သည်ဗုဒ္ဓဘာသာဝင်လင်သို့မဟုတ်မယားနှင့်သက်ဆိုင်ခြင်းမရှိစေရဟု ပုဒ်မ ၂၀ ( ၂ ) တွင်ပြဌာန်းသည်။
မြန်မာနိုင်ငံဥပဒေဆိုင်ရာတရားဥပဒေပုဒ်မ ၁၃ ( ၁ )ပါ Buddhist Law နှင့်သာလျှင် ရင်းနှီးသောဥပဒေပညာရှင် ( အထက်၌ရည်ညွှန်းသောအမှုကိုဆုံးဖြတ်သည့် မူလတရားရုံးတရားသူကြီးအပါအဝင် ) တို့သည် အထက်ပါပုဒ်မ ၂၀ ( ၁ )ပါ ပြဌာန်းချက်များနှင့်စိမ်းနေပုံပေါ်ပါသည်။
အထက်ပါအမှုကိုဆုံးဖြတ်သောတရားသူကြီးသည် ဆိုင်ရာဥပဒေအမှန်ကိုဖော်ထုတ်ဆုံးဖြတ်သော်လည်း အထက်ပုဒ်မ ၂၀ ( ၁ )ပါ ပြဌာန်းချက်ကို ဂဃဏနသိပုံမပေါ်၍ ကိုးကားနိုင်ခဲ့ခြင်းမရှိ။
တရားရုံးချုပ်( မန္တလေးရုံးထိုင် )တရားသူကြီးသည်မူလတရားရုံးတရားသူကြီးလောက်ပင်ရှေ့တွင်ဆွေးနွေးသည့်ဆိုင်ရာဥပဒေတို့ကိုသိဟန်မတူ။
မူလတရားရုံး၏ဆုံးဖြတ်ချက်ကိုပယ်ဖျက်ရာ၌ အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်သည်။
မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ ၂ ( ၁၅ )တွင် ( အတွဲ ၃ ၊ စာ ၃၈၂ )တွင် ပစ္စည်းခွဲစာချုပ်စာတမ်း ကိုအောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုသည် -
" instrument of partition " means any instrument whereby co - owners of any property divide or agree to divide such property in severalty , xxxxxxxxxx. "
အထက်ပါပြဌာန်းချက်ရှိ co - owner ပူးတွဲပိုင်ရှင်များ ဟူသောစကားရပ်က ပူးတွဲပိုင်ရှင်များသည် မိမိတို့ပူးတွဲပိုင်သောပစ္စည်းများကိုခွဲယူကြကြောင်းမြင်သာသည်။
ပူးတွဲပိုင်ရှင်များပိုင်ပစ္စည်းဖြစ်မှသာလျှင်တရားရုံးကခွဲပေးနိုင်ကြောင်းလည်း ပေါ်လွင်သည်။
Comments
Post a Comment