ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၅ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၅ )


တရားရုံးချုပ်က"ဤအခြေအနေတွင်ပဋိညာဉ်တွင်မောင်ထွန်းမြင့်ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိ၍လျော်ကြေးပေးရန်တာဝန်မရှိဟုကျဉ်းမြောင်းစွာကောက်ယူဆုံးဖြတ်ရန်သင့်မြတ်လျော်ကန်မည်မဟုတ်ပေ"ဟုဆုံးဖြတ်ရာတွင်သက်သေခံ(က)သည်ပဋိညာဉ်မြောက်ပါမှမောင်ထွန်းမြင့်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆အရကတိအတိုင်းမမီလုံးကိုငွေပေးရန်တာဝန်ရှိမည်ဖြစ်သည်ဟူသောဥပဒေအချက်ကိုဆင်ခြင်ရန်ပျက်ကွက်သည်ဟုဆိုရပါမည်။


တရားရုံးချုပ်က"ရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးအားကာယိန္ဒြေပျက်စေရန်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါလျက်ယင်းအတွက်တာဝန်မရှိဟုပြစ်မှုကျူးလွန်သူကိုအားပေးရာရောက်စေသည့်အဆုံးအဖြတ်မျိုးပေးရန်မသင့်ကြောင်းကျွန်ုပ်သုံးသပ်ယူဆသည်"ဟူသောအဆုံးအဖြတ်သည် အတ္တနောမတိဆုံးဖြတ်ခြင်းဖြစ်သည်။


သက်သေခံ(က)အရမောင်ထွန်းမြင့်ကပေးရန်ကတိပြုသည့်ငွေကိုရလိုကြောင်းစွဲဆိုမှုတွင်ပဋိညာဉ်အက်ဥပဒေအရပဋိညာဉ်မြောက်မမြောက်သာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။


တရားလိုမှာရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးဖြစ်ခြင်း၊ကာယိန္ဒြေပျက်ခြင်းတို့သည်ပဋိညာဉ်မြောက်မမြောက်စိစစ်ရာ၌စပ်ဆိုင်သောအကြောင်းအရာများမဟုတ်။


မမီလုံးစွဲဆိုသောအမှုသည်ကာယိန္ဒြေပျက်သည့်ကိစ္စနှင့်မဆိုင်။


ကာယိန္ဒြေပျက်စေသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုသောအမှုမဟုတ်။


ငွေသုံးထောင်ကျော်ပေးပါမည်ဟူသောမောင်ထွန်းမြင့်၏ကတိအရငွေရလိုမှုစွဲဆိုခြင်းဖြစ်သည်ကိုသတိချွတ်ချော်ခဲ့သည်ဟုဆိုရပါမည်။


အဆုံးအဖြတ်သည်စွဲဆိုသောအမှု၏သဘောသဘာနှင့်ညီညွတ်သည်မဟုတ်။


1991 BLR 46 နှင့် 1992 BLR 94 အမှုနှစ်မှုတွင်တရားရေးအကြံပေးမှာတဦးတည်းဖြစ်သည်။


၂၁-၂-၁၉၉၁နေ့တွင်ချမှတ်သော 1991 BLR 46အမှု၌"အယူခံရုံးအနေဖြင့်အဆိုအချေ၌မပါဝင်ဆန့်ကျင်ကွဲလွဲသည့်ကိစ္စကိုဖော်ထုတ်ဆုံးဖြတ်၍သက်သာခွင့်ပေးခြင်းမပြုရ။"ဟု 1949 BLR ( S C ) 46 စီရင်ထုံးကိုကိုးကားကာစီရင်ချက်မူကြမ်းကိုရေးသားတင်ပြခဲ့သောတရားရေးအကြံပေးသည် ၂၄-၁၁-၁၉၉၂ နေ့၌စီရင်ချက်ချမှတ်သောအမှုတွင် 1992 BLR 94 အမှုတွင်လွန်ခဲ့သောတနှစ်ကျော်ကရေးသားတင်ပြခဲ့သောထုံးဖွဲ့ချက်နှင့်ဆန့်ကျင်ဘက်အကြောင်းပြချက်ပါသောစီရင်ချက်မူကြမ်းကိုရေးသားတင်ပြခြင်းမှာသင့်မြတ်ပါသလား။


တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ခြင်း၏အားနည်းချက်တရပ်ဖြစ်သည်။































Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ