1 LBR 293 ( DB ) ၊ မောင်မြတ်သူပါ၂ နှင့် မောင်သာဇံ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1 LBR 293 ( DB ) 

( မောင်မြတ်သူပါ၂ နှင့် မောင်သာဇံ )

အမှုမှာ၊အခြားနည်းဆောင်ရွက်ရမဲ့နည်းလမ်းတွေကိုတွေ့နိုင်ပါတယ်။

အဲဒီအမှုမှာ၊မြေရှင်လူကောင်းကအခင်းဖြစ်မြေကွက်ကိုမောင်သာဇံထံမှာ(၅-၄-၁၉၀၀)ရက်စွဲပါစာချုပ်အရလည်းကောင်း၊မြတ်သူနဲ့မရွှေပုံကို(၂-၅-၁၉၀၀)ရက်စွဲပါစာချုပ်အရလည်းကောင်း၊ငွေကျပ်၅၀၀နဲ့၇၅၀ကျပ်အသီးသီးအရရောင်းချပါတယ်။

မြတ်သူတို့ကိုရောင်းတဲ့စာချုပ်ကိုရောင်းတဲ့နေ့(၂-၅-၁၉၀၀)မှာပဲမှတ်ပုံတင်ပေးပေမဲ့၊မောင်သာဇံရဲ့စာချုပ်ကိုတော့(၁၉-၇-၁၉၀၀)နေ့ကျမှမှတ်ပုံတင်ခဲ့ပါတယ်။

မောင်မြတ်သူတို့ဖက်က(၂-၅-၁၉၀၀)နေ့မှာပိုင်ဆိုင်ခွင့်ရရှိခဲ့ကြောင်း၊ထိုနေ့မှာမောင်သာဇံရဲ့စာချုပ်ကိုမှတ်ပုံတင်မပေးတဲ့အတွက်မောင်သာဇံမှာဆိုင်ရေးဆိုင်ခွင့်မရှိကြောင်းချေပပါတယ်။ပုဒ်မ၄၇သာမရှိခဲ့ရင်မှန်မှာပါပဲ။

စီရင်ထုံးစာမျက်နှာ၂၉၆မှာဒီလိုရှင်းပြထားပါတယ်။

" အလျင်ဝယ်သူအားမိမိ​၏ပိုင်ဆိုင်ခွင့်ကိုအခိုင်အမာပြောဆိုခြင်းမပြုရန်ပိတ်ပင်( estop )မည့်အမှုများရှိနိုင်သည်။အကယ်၍မောင်သာဇံအနေဖြင့်မိမိအားရောင်းချသူသည်အခင်းဖြစ်ပစ္စည်းကိုမောင်မြတ်သူတို့အားရောင်းချရန်ရည်ရွယ်ချက်ရှိကြောင်းသတိထားမိပါလျက်လက်ပိုက်ကြည့်နေပြီး၊ရောင်းသူကမောင်မြတ်သူတို့အားလိမ်လည်လှည့်ဖြားရောင်းချဖြစ်အောင်ခွင့်ပြုခဲ့လျှင်နှုတ်ပိတ်နိုင်သည်။အကယ်၍မောင်သာဇံသည်လိမ်လည်မှု၊ထိန်ချန်မှု၊ပေါ့လျော့မှုကိုပင်ကျူးလွန်ခဲ့ပြီး၊ရောင်းသူကမြေကိုရောင်းချခွင့်ရှိကြောင်းယုံကြည်မိလောက်အောင်အခင်းဖြစ်မြေကိုမောင်မြတ်သူတို့ကဝယ်ယူဖြစ်ရန်ဤနည်းဖြင့်အထင်လွဲမှားစေခဲ့လျှင်အလားတူနှုတ်ပိတ်ခြင်းခံရနိုင်သည်။သို့ရာတွင်ဤကိစ္စသည်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေနှင့်လုံးဝသက်ဆိုင်သည်မဟုတ်။ဤအမှုတွင်မောင်သာဇံသည်မိမိအားရောင်းသူကမြေကိုမောင်မြတ်သူတို့အားရောင်းချရန်အကြံကိုသိရှိကြောင်းဖော်ညွှန်းပြဆိုခြင်းမရှိ။ထိုသူအနေဖြင့်မောင်မြတ်သူတို့အားအကြောင်းကြားနိုင်ခြင်းမရှိခဲ့။ထိုသို့အကြောင်းမကြားမိခဲ့ခြင်းအတွက်ထိုသူအားအနာခံရစေပါကတရားမျှတမည်မဟုတ် "

1995 BLR 24အမှုမှာ၊ဒေါ်ခင်မိအားပထမရောင်းချပြီးဖြစ်ကြောင်းသိလျက်နှင့်ဒေါ်နီလာလူကဇွတ်ဝင်ရောက်ဝယ်ယူခြင်းဖြစ်ကြောင်း၊(၁၈-၂-၇၅)နေ့ကမိမိအားရောင်းချပြီးဖြစ်ပါလျက်မြေရှင်ကဒေါ်ခင်မိအားလိမ်လည်လှည့်ဖြားပြီးထပ်မံရောင်းချခြင်းဖြစ်အောင်လက်ပိုက်ကြည့်နေခဲ့ကြောင်း၊ဒေါ်ခင်မိကအောင်မြင်စွာထုချေနိုင်ရင်၊ဒေါ်နီလာလူအနေနဲ့မိမိပိုင်ဖြစ်ကြောင်းအရေးဆိုခြင်းကိုပိတ်ပင်ခံရနိုင်တာဟာ၊ 1 LBR 293အမှု၊စီရင်ထုံးစာမျက်နှာ၂၉၆ပါသုံးသပ်ချက်အရထင်ရှားပါတယ်။ဒီကိစ္စဟာနှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေနဲ့သက်ဆိုင်ပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ