40 Mad. 204 ( FB )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အပိုင်ပေးစာချုပ်မှတ်ပုံတင်သည့်ကိစ္စတွင်၊စာချုပ်အားမှတ်ပုံတင်ပေးရန်မှတ်ပုံတင်ရုံးတွင်တင်ပြသူသည်ပစ္စည်းရမည့်သူဖြစ်သည်။

သူသည်စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၃၂(က)တွင်ပါဝင်သော၊ " by some person......claiming under the same "(စာချုပ်အရအခွင့်အရေးတောင်းဆိုသူတဦးဦး)ဆိုသောစကားရပ်တွင်အကျုံးဝင်သောသူဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော်၊စာချုပ်အရအခွင့်အရေးရရှိမည့်သူဖြစ်သောကြောင့်ဖြစ်သည်။

စာချုပ်အရအခွင့်အရေးရရှိမည့်သူသည်၊စာချုပ်အားမှတ်ပုံတင်ပေးရန်အတွက်မှတ်ပုံတင်ရုံးတွင်တင်ပြခွင့်ရှိကြောင်း၊ 40 Mad. 204 ( FB )အမှုစာမျက်နှာ၂၀၆တွင်ရှင်းပြထားသည်။

စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၃၅(၁)(ဂ)အရ၊မှတ်ပုံတင်အရာရှိသည်ကွယ်လွန်သွားသောအပိုင်ပေးသူ​၏အခွင့်အရေးဆက်ခံသူအားဆင့်ခေါ်ပြီး၊အပိုင်ပေးသူချုပ်ဆိုသည်ဟုအဆိုရှိသောစာချုပ်အားကွယ်လွန်သူကချုပ်ဆိုခြင်းရှိမရှိမေးမြန်းရမည်ဖြစ်သည်။ချုပ်ဆိုကြောင်းဝန်ခံလျှင်မှတ်ပုံတင်ပေးရန်ဖြစ်သည်။ချုပ်ဆိုခြင်းမရှိဟုငြင်းဆိုလျှင်၊ပုဒ်မ၃၅(၃)အရဆိုင်ရာအရာရှိကမှတ်ပုံတင်ရန်ငြင်းဆိုမည်ဖြစ်သည်။

မှတ်ပုံတင်ရုံးကမေးမြန်းရမည့်ကိစ္စသည်စာချုပ်ကိုသေသူကချုပ်ဆိုခြင်းကိစ္စရှိမရှိသာဖြစ်သည်။သေသူ​၏အမွေစားအမွေခံများက၊စာချုပ်ကိုသေသူကချုပ်ဆိုကြောင်းဝန်ခံသော်လည်း၊မှတ်ပုံမတင်လိုကြောင်းတင်ပြပြောဆိုလာခြင်းကိစ္စသည်၊ပုဒ်မ၃၅တွင်၎င်းကိစ္စမပါဝင်ချေ။စာချုပ်ချုပ်ဆိုပါသည်ဟုဝန်ခံလျှင်၊မှတ်ပုံတင်ရမည်ဟုဆိုခြင်းသည်၊ပုဒ်မ၃၅(၁)ပါ " shall register "ဆိုသောပြဌာန်းချက်အရရှင်းလင်းပါသည်။

သေသူ​၏အမွေစားအမွေခံများကမှတ်ပုံမတင်လိုကြောင်းပြောသော်လည်း၊မှတ်ပုံတင်ပေးရမည့်အကြောင်း၊အဆိုပါဥပဒေသဘောကို၊ 40 Mad. 204 ( FB )အမှုစာမျက်နှာ၂၀၇တွင်ရှင်းပြထားသည်။

၁၉-၇-၁၉၁၆ခုနှစ်တွင်ဆုံးဖြတ်သော-

40 Mad 204 ( FB ) , 

Equivalent citations: ( 1916 ) 31 MLJ 690

 Venkati Rama Reddi And Ors.  vs  Pillati Rama Reddi And Ors. on 19 July , 1916 

အမှုတွင်၊အပိုင်ပေးစာချုပ်ချုပ်ဆိုပြီး၊နောက်တနေ့၌ပေးသူသေဆုံးသွားသည်။လက်ထောက်မှတ်ပုံတင်အရာရှိကစာချုပ်ကိုမှတ်ပုံတင်ပေးရန်ငြင်းဆိုသော်လည်း၊မှတ်ပုံတင်အရာရှိကအယူခံမှုတွင်မှတ်ပုံတင်ပေးရန်ဆုံးဖြတ်သည့်အတွက်၊မှတ်ပုံတင်ဖြစ်သွားသည်။

အပိုင်ပေးသူသေဆုံးပြီးမှမှတ်ပုံတင်ခြင်းသည်ခိုင်လုံကြောင်း၊စုံညီခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-

" အပိုင်ပေးသူသေဆုံးပြီးနောက်၊အပိုင်ပေးသူ​၏တရားဝင်ကိုယ်စားလှယ်များ​၏သဘောတူချက်မရရှိပဲ၊အပိုင်ရသူကမှတ်ပုံတင်သောအပိုင်ပေးသာချုပ်သည်ခိုင်လုံသည်။

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃တွင်၊အပိုင်ပေးသူကစာချုပ်ကိုမှတ်ပုံတင်ရန်လိုအပ်ကြောင်းပြဌာန်းချက်မရှိချေ။လိုအပ်သမျှမှာအပိုင်ပေးသူကစာချုပ်ကိုချုပ်ဆိုရန်ဖြစ်သည်။ထိုစာချုပ်ကိုနည်းလမ်းတကျချုပ်ဆိုသည်နှင့်တပြိုင်နက်၊အပိုင်ပေးသူကစာချုပ်ကိုမှတ်ပုံတင်ရန်သဘောမတူစေကာမူ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေကမှတ်ပုံတင်ခွင့်ပြုသည်။ထို့ပြင်မှတ်ပုံတင်သောအခါအပိုင်ပေးစာချုပ်သည်၊စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်။ "


Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ