တရားရုံးများနောက်ခံသမိုင်း(ဒုတိယပိုင်း)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူမြန်မာဟူ၍၊ဦးဘိုးဟန်(တတိယမြောက်တရားဝန်ကြီး)၊ဦးဘ(ပဉ္စမမြောက်တရားဝန်ကြီး)နှင့်၊ဦးဘဦးတို့သုံးဦးသာရှိခဲ့သည်။

လွတ်လပ်သောမြန်မာနိုင်ငံ​၏တရားလွှတ်တော်တွင်တရားဝန်ကြီးဖြစ်လာသောခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများသည်၊တရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊အနည်းဆုံးအနှစ်၂၀ကျော်တရားစီရင်ဖူးကြသည့်တရားသူကြီးများဖြစ်ကြသည်။

ခြွင်းချက်မှာတရားဝန်ကြီးဦးကျော်ဇံဦးဖြစ်သည်။၎င်းသည်စစ်တွေခရိုင်အစိုးရရှေ့နေဝတ်လုံဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်တိုက်ရိုက်ခန့်ထားခြင်းခံရသူဖြစ်၍၊ကိုးနှစ်အကြာတွင်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသူဖြစ်သည်။ထုံးပြုထားသောစီရင်ချက်များကိုဖတ်ကြည့်ပါက၎င်း​၏အရည်အချင်းကိုကောင်းစွာအကဲခတ်နိုင်သည်။

တရားရုံးချုပ်တရားသူကြီးဦးသက်ဖေ၊ဦးစိန်သင်းနှင့်ဦးဘသန်းတို့သည်၊တရားဌာနဝန်ထမ်း(အကြီးအတန်း)အဖြစ်စတင်တာဝန်ထမ်းဆောင်ပြီး၊လုပ်သက်အနှစ်၂၀ကျော်မှတရားရုံးချုပ်တရားသူကြီးများဖြစ်လာသူများဖြစ်ကြသည်။ထိုလုပ်သက်မျှဖြင့်တရားဝန်ကြီးဖြစ်ရမည်ဟုတထစ်ချတွက်၍မရ။

မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)ရာထူးဖြင့်၊တရားရေးလောကသို့ရောက်လာသော၊တရားစီရင်ရေးဝါရင့်သည့်လုပ်သက်အနှစ်၃၀ကျော်သောတရားသူကြီးများအနက်၊တရားလွှတ်တော်တရားဝန်ကြီးများအဖြစ်ထမ်းဆောင်ခွင့်ရသူများ​၏အရေအတွက်မှာနည်းသည်မဟုတ်။

တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့ကို၁၉၆၂ခုနှစ်တွင်ဖျက်သိမ်းပြီး၊တရားရုံးချုပ်ကိုတည်ထောင်သောအခါ၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဘိုကြီးသည်တရားသူကြီးချုပ်ဖြစ်လာသည်။

ဦးဘိုကြီးသည်၊မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)ရာထူးတရားသူကြီးစတင်ဖြစ်လာသူဖြစ်ပြီး၊တရားလွှတ်တော်တရားဝန်ကြီးနှင့်တရားလွှတ်တော်ချုပ်တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

တရားရုံးချုပ်အခြားတရားသူကြီးငါးဦးအနက်၊လေးဦးမှာတရားလွှတ်တော်တရားဝန်ကြီးဟောင်းများဖြစ်ကြသည်။နှစ်ဦးမှာတရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။ဝတ်လုံသုံးဦးရှိခဲ့သည်။

၁၉၇၃ခုနှစ်၌တရားရုံးချုပ်ကိုဖျက်သိမ်းစဉ်တာဝန်ထမ်းဆောင်လျက်ရှိသောတရားသူကြီးခြောက်ဦးတွင်၊မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)အဖြစ်တာဝန်စတင်ဆောင်ရွက်ခဲ့သူတရားသူကြီးသုံးဦး၊ဝတ်လုံနှစ်ဦးနှင့်ရှေ့နေချုပ်ရုံးလက်ထောက်ရှေ့နေချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးပါဝင်သည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ