ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၃)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၃
စီရင်ထုံးစာမျက်နှာ၂၀၇၌ဖော်ပြထားသည့်အတိုင်းအမွေရှင်ယောကျ်ားသည်၁၉၆၉ခုနှစ်အတွင်း၌ကွယ်လွန်သောအခါဇနီး၊မုဆိုးမနှင့်သားသမီး၃ဦး(သား၂ဦးနှင့်သမီးတဦး)တို့ကျန်ရစ်ခြင်းသည်အမှုဖြစ်စဉ်ဖြစ်ပေရာခရစ်ယာန်ဘာသာဝင်ဒီအာရ်လူးဝစ်(စ်)ကွယ်လွန်သောအခါ၎င်း၏အမွေကိုဆက်ခံရေးနှင့်သက်ဆိုင်သောဆိုင်ရာဥပဒေမှာအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၃(က)နှင့်ပုဒ်မ၃၇ပါအောက်ပါပြဌာန်းချက်များဖြစ်သည်-
"33. Where the intestate has left a widow-
(a) if he has also left any lineal descendants one-third of his property shall belong to his widow , and the remaining two-thirds shall go to his lineal descendants , according to the rules hereinafter contained ,
37. Where the intestate has left surviving him a child or children , but no more remote lineal descendant through a deceased child , the property shall belong to his surviving child , if there is only one , or shall be equally divided among all his surviving children."
ပုဒ်မ၃၃(က)အရကျန်ရစ်သူမုဆိုးမ၊မစ္စစ်အင်မာဖလောရင်းလူးဝစ်(စ်)သည်လင်ကျန်ရစ်သောအမွေပစ္စည်း၃ပုံ၁ပုံကိုအမွေရရှိပြီးသားသမီး၃ဦးကပုဒ်မ၃၇အရကျန်၃ပုံ၂ပုံကိုအညီအမျှရရှိသည်ဖြစ်၍သားကြီးပီအာရ်လူးဝစ်(စ်)သည်၃ပုံ၂ပုံ x ၃ပုံ၁ပုံ = ၉ပုံ၂ပုံရရှိသည်။
မုဆိုးမ၊မစ္စစ်အင်မာဖလောရင်းလူးဝစ်(စ်)၁၉၈၆ခုနှစ်တွင်ကွယ်လွန်သောအခါ၁၉၈၄ခုနှစ်အတွင်းကွယ်လွန်သွားသောသားအကြီး၏သားသမီးများ(အမွေရှင်၏မြေးများဖြစ်ကြသောတရားလိုများ)၊သမီးမာဗစ်အော့လူးဝစ်(စ်)နှင့်သားဒေါက်တာဂျီအာရ်လူးဝစ်(စ်)တို့ကျန်ရစ်ပြီးအမွေဆက်ခံခြင်းကိစ္စသည်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၀နှင့်သက်ဆိုင်ပါသည်။
ပုဒ်မ၄၀၏ဥပမာ(က)တွင်ပြဆိုထားသည့်အတိုင်းအမွေရှင်အဖွား၏ပစ္စည်း(လင်ကျန်ရစ်သောပစ္စည်း)၏၃ပုံ၁ပုံ x ၃ပုံ၁ပုံ = ၉ပုံ၁ပုံကို၊မြေးသုံးဦးကရသည်။ဆိုလိုသည်မှာအဘိုးကျန်ရစ်သောအမွေ၏၃ပုံ၁ပုံ x ၃ပုံ၁ပုံ = ၉ပုံ၁ပုံကိုအမွေရရှိသည်။
ပီအာရ်လူးဝစ်(စ်)၏သားသမီးများသည်ဖခင်ပီအာရ်လူးဝစ်(စ်)အသက်ထင်ရှားရှိခဲ့လျှင်ရမည့်ဝေစုအတိုင်းရခြင်းသည်၊တရားရုံးချုပ်ကယူဆသကဲ့သို့၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁ပါပြဌာန်းချက်များအရမဟုတ်ပါ။ပုဒ်မ၄၀(ဥပမာ(က)ကိုကြည့်ပါ)အရ၊ရခြင်းဖြစ်သည်။
ပီအာရ်လူးဝစ်(စ်)ကွယ်လွန်သောအခါ၁၉၅၄ခုနှစ်ဗုဒ္ဓဘာသာဝင်မိန်းမများထိမ်းမြားမှုနှင့်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၆အရ၎င်း၏ဇနီးဒေါ်ခင်လှ(စီရင်ထုံးစာမျက်နှာ၂၁၂တွင်ဒေါ်ခင်လှသည်မြန်မာဗုဒ္ဓဘာသာဝင်ဟုဖော်ပြထားသည်)(မှတ်ချက်။ သက်ဆိုင်ရာဥပဒေတွင်မြန်မာဆိုသောစကားရပ်ပါသည်ကိုသတိပြုပါ။)သည်ခင်ပွန်းသည်ရရန်ရှိသောအမွေဝေစု၏၉ပုံ၂ပုံကိုဆက်ခံသည်ဖြစ်ရာ၊၎င်းသေဆုံးသောအခါထို၉ပုံ၂ပုံကိုဒေါ်ခင်လှ၏သားသမီးများကဆက်ခံသည်။
ဤအခြေအနေတွင်ပီအာရ်လူးဝစ်(စ်)၏သားသမီးများသည်မူလအမွေရှင်အဘိုးကျန်ရစ်သောအမွေပစ္စည်းများတွင်၊ဖခင်ပီအာရ်လူးဝစ်(စ်)ကနဦးအမွေရသော၉ပုံ၂ပုံ(ဖခင်ထံမှဇနီးထံသက်ဆင်းပြီးနောက်ဆုံးတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေအရမိခင်ဒေါ်ခင်လှမှအမွေဆက်ခံရသည်)နှင့်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၀အရ၊အဖွားထံမှ၉ပုံ၁ပုံ၊စုစုပေါင်း၉ပုံ၂ပုံ + ၉ပုံ၁ပုံ = ၃ပုံ၁ပုံဖြစ်သည်။
Comments
Post a Comment