ရှေ့နေရှေ့ရပ်များအကြောင်းကြောင်းကြောင့်ဥပဒေပညာလေ့လာမှုအားနည်းသွားသည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှေ့နေရှေ့ရပ်များအကြောင်းကြောင်းကြောင့်ဥပဒေပညာလေ့လာမှုအားနည်းသွားသည်ဟု၁၉၇၉ခုနှစ်ဗဟိုတရားရုံးလက်ထက်မှသည်၁၉၉၁ခုနှစ်ကုန်တရားရုံးချုပ်လက်ထက်အထိတရားရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံအရအကဲခတ်မိပါသည်။
စာရေးသူနယ်ပိုင်တရားမတရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်ကပညာသင်ယူခဲ့ရသောရှေ့နေကြီးမျိုးကိုဗဟိုတရားရုံးနှင့်တရားရုံးချုပ်တွင်တွေ့ရခဲပါသည်။
စာရေးသူတွေ့ရသောရှေ့နေရှေ့ရပ်တို့၏အားထုတ်ကြိုးပမ်းမှုသည်သိသိသာသာလျော့ပါးသွားပါသည်။အကြောင်းအမျိုးမျိုးရှိပါသည်။
ဗဟိုတရားရုံးလက်ထက်ကဥပဒေကိုပြည့်ပြည့်စုံစုံတင်ပြလျှင်လည်းအကြောင်းမထူးဟုရှေ့နေကြီးအချို့ကသဘောထားကြသည်။ထိုသို့သဘောထားရန်အကြောင်းဖန်ခဲ့မှုများလည်းရှိခဲ့ပါသည်။
တရားရုံးချုပ်လက်ထက်တွင်တိုးတက်လာသည်ကိုတွေ့ရသော်လည်းထိုအချိန်တွင်လုပ်သက်ရင့်ရှေ့နေကြီးများ၏အရေအတွက်သိသိသာသာလျော့နည်းသွားပါပြီ။နှောင်းခေတ်ရှေ့နေများမှာယင်းရှေ့နေကြီးမျိုးထံမှပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရပါသည်။
မြန်မာနိုင်ငံတရားစီရင်ရေးစနစ်တဖြေးဖြေးအားပျော့လာသည်ကို၁၉၆၈ခုနှစ်မှစ၍သိသိသာသာမြင်သာသည်။
စီရင်ထုံးစာအုပ်များပါးခြင်းကတနည်းဖော်ညွှန်း(suggest)လျက်ရှိသည်။
သမိုင်းကိုလေ့လာလျင်တရားစီရင်ရေးစနစ်ဖြစ်ထွန်းတိုးတက်ရန်လမ်းများရှာဖွေတွေ့နိုင်ပါသည်။ထိုလမ်းများကိုမရှာဘဲတာဝန်ရှိသူများ(ရှေ့နေများအပါအဝင်)လက်ပိုက်ကြည့်နေပါကလုံးပါးပါးသွားစရာအကြောင်းရှိသည်ကိုသတိမူရန်လိုပါသည်။
ရှေ့နေရှေ့ရပ်များအရည်အသွေးကျဆင်းရသည့်အကြောင်းတရပ်မှာ၁၈၇၂ခုနှစ်မှစ၍ထုတ်ဝေခဲ့သောစီရင်ထုံးစာအုပ်များကိုလေ့လာခွင့်မရခြင်းဖြစ်သည်ဟုစာရေးသူသဘောရရှိပါသည်။
၁၉၅၀ပြည့်နှစ်ဝန်းကျင်ခန့်ကLBRစီရင်ထုံးများနှင့် Rangoon Series စီရင်ထုံး၁၄တွဲကိုပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့သည်။နောက်ပိုင်းအလားတူပြန်လည်ထုတ်ဝေခြင်းမပြု။
Comments
Post a Comment