အမှုရပ်စဲခြင်း(အပိုင်း၇)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုရပ်စဲခြင်း၊အပိုင်း၇
အမိန့်၂၂၊နည်း၂တွင်အကျုံးမဝင်သောအမှုများ၌တရားလိုတဦးဦးသေဆုံးသွားလျှင်သော်လည်းကောင်း၊တရားပြိုင်တဦးသေဆုံးလျှင်သော်လည်းကောင်း၊၎င်း၏နေရာ၌တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမပြုလျှင်စွဲဆိုသောအမှုရှုံးနိမ့်ရသောအမှုများပေါ်ပေါက်လျက်ရှိသည်။
ရှေ့နေရှေ့ရပ်များအနေဖြင့်မည်သို့ဆောင်ရွက်သင့်ကြောင်း၊စာရေးသူရေးသားသောသောင်းပြောင်းထွေလာဥပဒေပြဿနာအတွဲ(၁၊၂၊၃ပေါင်းချုပ်)စာမျက်နှာ(၁၂၄မှ၁၃၄)တို့တွင်ရေးသားနှိုးဆော်ခဲ့သော်လည်းလက်တွေ့၌လိုက်နာသူနည်းနေသေးကြောင်းတွေ့ရသည်။
အမှုအလိုအလျောက်ရပ်စဲခြင်း
ဆူဘရာမိုနီယန်အမှု၊ 1963 BLR 423 တွင်၊စီရင်ထုံးစာမျက်နှာ၄၂၅နောက်ဆုံးစာပိုဒ်၌အောက်ပါအတိုင်းပြဆိုထားသည်-
"တရားခံ(တရားပြိုင်)များအနက်တဦးသေဆုံးပြီးနောက်၊ကာလစည်းကမ်းသတ်အတွင်း၎င်း၏တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်လျှောက်ထားခြင်းမပြုလျှင်ထိုသေဆုံးသူနှင့်စပ်လျဉ်း၍အမှုမှာအလိုအလျောက်ရပ်စဲခြင်းဖြစ်သည်။တရားရုံးကရပ်စဲရန်အမိန့်ချမှတ်မှသာလျှင်အမှုရပ်စဲမည်မဟုတ်ပေ။"
ကာလစည်းကမ်းသတ်ကျော်မှတရားဝင်ကိုယ်စားလှယ်ထည့်သွင်းလိုလျှင်အမိန့်၂၂၊နည်း၉(၂)အရလျှောက်ထားရခြင်း။
တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်သတ်မှတ်ထားသောရက်၉၀ကျော်လွန်မှတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားမှုများကိုတွေ့နေရသည်။
ထိုသို့လျှောက်ထားသည့်အချိန်တွင်အမှုမှာသေဆုံးသူနှင့်စပ်လျဉ်း၍(တခါတရံအမှုတရပ်လုံး)ရပ်စဲပြီးဖြစ်နေ၍ထိုသို့လျှောက်ထားရန်မဟုတ်။
တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၉(၂)အရလျှောက်ထားရန်ဖြစ်သည်။
ဦးကျော်လှအမှု၊ 1967 BLR 1(7)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၇၌သေဆုံးသူတရားလို၏တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားခြင်းမပြုလျှင်၊ကာလစည်းကမ်းသတ်ကျော်လွန်သောအခါအမှုမှာအလိုအလျောက်ရပ်စဲသွားသည်ဖြစ်၍တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်လွှာသည်အမိန့်၂၂၊နည်း၉(၂)အရတင်သွင်းသောလျှောက်လွှာဖြစ်သည်ဟုမချွတ်မလွဲသဘောထားရမည်ဖြစ်သည်ဟုပြဆိုထားသည်။
Comments
Post a Comment