အမှုရပ်စဲခြင်း(အပိုင်း၉)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၉


အထူးအယူခံ


ဒေါ်ခင်သောင်းအမှု၊ 


1998 BLR ( F B ) 177 


ဒေါ်ခင်သောင်း(၎င်း​၏ကိုယ်စားလှယ်ဦးသန်းအောင်) နှင့် ဦးကျော်ညွန့်


အမှုတွင်၊ဒေါ်ခင်သောင်းကအထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားဆဲ၌လျှောက်ထားခံရသူဦးကျော်ညွန့်ကွယ်လွန်သွားခဲ့သော်လည်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားခဲ့ဟန်မတူ။


အထူးအယူခံဝင်ခွင့်ရပြီးနောက်၊အယူခံမှုဖွင့်ပြီးမှကွယ်လွန်ပြီးဖြစ်သောအယူခံတရားပြိုင်ဦးကျော်ညွန့်​၏နေရာ၌တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်အမိန့်၂၂၊နည်း၉(၂)အရလျှောက်ထားရာ၊စုံညီခုံရုံးကဒေါ်အေးခင်စီရင်ထုံးကိုကိုးကားပြီး၊အောက်ပါအတိုင်းပြဆိုကာအထူးအယူခံကိုပလပ်လိုက်သည်-


"တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄ပါပြဌာန်းချက်များကိုနည်း၁၁ပါပြဌာန်းချက်များနှင့်ပူးတွဲဖတ်ရှုပါက၊အယူခံတင်သွင်းထားစဉ်အတွင်းအယူခံတရားပြိုင်ကွယ်လွန်သွားလျှင်၊စည်းကမ်းသတ်ကာလအတွင်းလျှောက်ထားပါကသူ​၏နေရာတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးနိုင်သည်။ဤအမှုတွင်ဦးကျော်ညွန့်မှာဤအထူးအယူခံမှုကိုမတင်မီကပင်ကွယ်လွန်ခဲ့ပြီးဖြစ်သောကြောင့်၊သူ​၏နေရာတွင်တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄အရတရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမပြုနိုင်ပေ။တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းဟူသည်မှာအမှုတခုတွင်ပါဝင်ပြီးဖြစ်နေ၍အမှုအတွင်းကွယ်လွန်သွားသောအမှုသည်​၏နေရာ၌ဥပဒေနှင့်အညီအစားထိုးခြင်းသာဖြစ်သည်။အယူခံတရားလိုသည်ဤအထူးအယူခံကိုကွယ်လွန်ပြီးဖြစ်သောဦးကျော်ညွန့်အားအယူခံတရားပြိုင်အဖြစ်ထား၍တင်သွင်းခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာဒေါ်ခင်သောင်းတင်သွင်းသည့်အထူးအယူခံမှုမှာမရှိသည့်ပုဂ္ဂိုလ်တဦးအားတရားဘက်ပြုထားရာရောက်သဖြင့်တရားမဝင်ချေ။ဤကဲ့သို့အယူခံလွှာကိုတင်သွင်းစဉ်ကပင်တရားမဝင်ခဲ့သောအယူခံမှုတွင်ဦးကျော်ညွန့်​၏နေရာ၌ဦးဘစိန်ပါ၅ဦးတို့​၏အမည်ကိုအစားထိုးခြင်းဖြင့်၊ကနဦးကပင်ပျက်ပြယ်နေသည့်အယူခံမှုကိုတရားဝင်အောင်ပြုပြင်ကုစား၍မရနိုင်ပေ။"


စီရင်ထုံးစာမျက်နှာ၁၇၉တွင်ဖော်ပြချက်အရဆိုပါက၊ဒေါ်ခင်သောင်းတင်သွင်းသောတရားရုံးချုပ်အထွေထွေလျှောက်လွှာ(အထူး)အမှုအမှတ်၇၆/၉၆၊မပြီးပြတ်မီ၊လျှောက်ထားခံရသူဦးကျော်ညွန့်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


ထိုလျှောက်ထားမှုတွင်တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၆​၏အဓိပ္ပာယ်အရအမှုကိုကြားနာခြင်းအဆုံးမသတ်မီ၊လျှောက်ထားခံရသူဦးကျော်ညွန့်သေဆုံးခြင်းလား၊အဆုံးသတ်ပြီးမှသေဆုံးခြင်းလားမသိရချေ။


မလှရီအမှု၊ 


1946 RLR 225 


Ma Hla Yi  v. Ma Than Sein and others . 


 Before Sir Ernest H . Goodman Roberts , Kt. , Chief Justice , and Mr . Justice Dunkley . 


စီရင်ထုံးပါပြဆိုချက်အရ၊နှစ်ဘက်လျှောက်လဲချက်ကြားနာသည့်နေ့သည်အမှုကြားနာခြင်းအဆုံးသတ်သည့်နေ့ဖြစ်သည်။


သို့ဖြစ်ရာ၊အဆိုပါလျှောက်ထားမှုအမှတ်၇၆/၉၆တွင်၊နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ကြားနာပြီးနောက်ဦးကျော်ညွန့်ကွယ်လွန်လျှင်၊အထူးအယူခံဝင်ခွင့်ပြုသည့်စီရင်ချက်သည်ခိုင်လုံမည်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ