အမှုရပ်စဲခြင်း(အပိုင်း၁၃)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၁၃


အထူးအယူခံဝင်ခွင့်ပြုကြောင်းသေသူအပေါ်ချမှတ်သောအမိန့်သည်ပျက်ပြယ်ခြင်း


မြန်မာနိုင်ငံတွင်၊၄-၈-၁၉၃၁နေ့၌စီရင်ချက်ချမှတ်သည့်၊သမိုင်းမှတ်တိုင်အဖြစ်ရပ်တည်လျက်ရှိသော-


9 Ran 480( FB )


S . A . Nathan v. S . R . Samson.


Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Heald , Mr . Justice Carr , Mr . Justice Mya Bu and Mr . Justice Sen. 


စီရင်ထုံးတွင်၊သေသူအပေါ်ချမှတ်သောဒီကရီမှာပျက်ပြယ်သည်(စက္ကူစုတ်ဖြစ်သည်)ဖြစ်၍အတည်မပြုနိုင်ဟုပြဆိုထားသည်။


1967 BLR 430


U Ba E and one v. U Myaing and one 


Before U Kyaw Zan U , J. 


အမှုတွင်၊ဒီကရီကိုအတည်ပြုလျက်ရှိသောဇာရီတရားရုံးသည်၊ဒီကရီကိုကျောခိုင်းခြင်းမပြုနိုင်ဟူသော၊အခိုင်အမာတည်ရှိလျက်ရှိသောဥပဒေတွင်ခြွင်းချက်၃ရပ်ရှိကြောင်းပြဆိုပြီး၊သေသူအပေါ်ချထားသောဒီကရီသည်မခိုင်လုံကြောင်းဇာရီမှုတွင်တင်ပြခွင့်ရှိကြောင်းထုံးဖွဲ့သည်။


သေသူအပေါ်ချမှတ်သောအမိန့်သည်လည်းဒီကရီနည်းတူပျက်ပြယ်သည်မှာယုံမှားဖွယ်မရှိသဖြင့်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှုတွင်၊သေသူလျှောက်ထားခံရသူအပေါ်အထူးအယူခံဝင်ခွင့်ပြုကြောင်းချမှတ်သောအမိန့်(အမိန့်၂၂၊နည်း၆တွင်အကျုံးဝင်သောစီရင်ချက်(အမိန့်)မှာပျက်ပြယ်ကြောင်းဖြင့်၊ထိုသို့ပျက်ပြယ်လျက်ရှိကြောင်းမသိရ၍မှားယွင်းဖွင့်လှစ်မိသောအထူးအယူခံတွင်၊အယူခံတရားမဝင်ခြင်း( incompetency of appeal )တင်ပြခွင့်ရှိသည်ဟု၊သဘာဝကျကျကောက်ယူနိုင်သည်။


တရားမအထွေထွေလျှောက်လွှာ(အထူး)အမှု၌ချမှတ်ထားသောအထူးအယူခံဝင်ခွင့်ပြုသည့်အမိန့်ခိုင်လုံပါမှအထူးအယူခံမှုကိုဖွင့်လှစ်ဆောင်ရွက်နိုင်သည်မှာမငြင်းနိုင်။


တနည်းဆိုရပါက၊အထူးအယူခံမှုတရားဝင်( competent )မဝင်မှာ၊အထူးအယူခံဝင်ခွင့်ပြုသောအမိန့်ခိုင်လုံခြင်းအပေါ်ရပ်တည်သည်။


သို့ဖြစ်ရာ၊ဇာရီပြုသောဒီကရီမှာသေသူအပေါ်ချမှတ်ထားသည်ဖြစ်၍အတည်ပြုခွင့်မရှိဟုကန့်ကွက်ပြောဆိုခွင့်ရှိသည့်နည်းတူ၊အထူးအယူခံဝင်ခွင့်ပြုသောအမိန့်မှာပျက်ပြယ်သည်ဖြစ်၍၊အထူးအယူခံမှုမှာတရားမဝင်ကြောင်းကန့်ကွက်ပြောဆိုခွင့်ရှိရမည်သာဖြစ်သည်။


၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၀တွင်၊တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်ပြဿနာကိုပထမကြားနာဆုံးဖြတ်စဉ်အခါက၊ထိုပြဿနာကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁​၏ရှင်းလင်းချက်၄အရဆုံးဖြတ်ပြီးရာရောက်သည်ဟုဆိုကာ၊ထိုပြဿနာကိုအထူးအယူခံအားအပြီးသတ်ကြားနာသည့်နောက်အဆင့်၌ပြောခွင့်မရှိ၊မီးသေပြီဟု-


1949 BLR( HC ) 543


Ali Hoosein v. W . Cooper and one 


Before U Thein Maung , Chief Justice , and U San Maung , J. 


စီရင်ထုံးအရစီရင်ခွင့်ရှိပါမည်လား။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ