အမှုရပ်စဲခြင်း(အပိုင်း၁၄)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၁၄


မူလာ​၏တရားမကျင့်ထုံးဥပဒေကျမ်း(၂၀၀၀)ခုနှစ်ထုတ်၊ပထမတွဲစာမျက်နှာ၁၁၂၆နှင့်၁၁၂၇တွင်-


AIR 1931 All 365( FB )စီရင်ထုံးကိုကိုးကားကာ-


" A Full Bench of the Allahabad High Court has held that a point of law not taken in the lower Appellate Court cannot be raised in second appeal unless it is a point involving res judicata jurisdiction , or a point the decision of which is necessary to prevent further litigation "


ဟုပြဆိုထားသည်။


ပထမအယူခံတရားရုံးတွင်တင်ပြခဲ့ခြင်းမရှိသောမီးသေခြင်းဆိုင်ရာဥပဒေပြဿနာကိုဒုတိယအယူခံတရားရုံးတွင်တင်ပြခွင့်ရှိသည်ဟုဆိုလျှင်၊ထိုပြဿနာကိုပထမအယူခံတရားရုံးကပုဒ်မ၁၁​၏ရှင်းလင်းချက်၄အရဆုံးဖြတ်ပြီးရာမရောက်ကြောင်းမြင်သာပါသည်။


AIR 1949 PC 302


Shivaraj Gopalji v. Ayyissa Bi 


Present at the Hearing : Lord Simonds , Lord Radcliffe , Sir Malcolm Macnaghten , Delivered by Lord Simonds 


အမှုတွင်မီးသေကြောင်းတင်ပြလျှောက်ထားချက်ကို၊တရားမဒုတိယအယူခံရုံးတွင်မှတင်ပြလာစေကာမူလက်ခံဆုံးဖြတ်ခွင့်ရှိသည်ဟုထုံးဖွဲ့ထားရာ၊ဆွေးနွေးလျက်ရှိသောဥပဒေပြဿနာ(အထူးအယူခံဝင်ခွင့်ပြုစေသည့်အမိန့်ပျက်ပြယ်ကြောင်း)ကို၊အထူးအယူခံမှုအားအပြီးသတ်ကြားနာသည့်နောက်တဆင့်၌တင်ပြအဆုံးအဖြတ်ခံယူခွင့်ရှိသည်ဟုသဘောရရှိသည်။


အယူခံတရားပြိုင်ဘက်မှတင်ပြချက်မှာ၊အထူးအယူခံတရားမဝင်မှု( competency )နှင့်သက်ဆိုင်သည်။


အယူခံမှုတည်းဟူသော၊ဇာတ်ခုံခိုင်ခံ့မှုနှင့်သက်ဆိုင်သည်။


အယူခံတရားမဝင်( incompetent )လျှင်အယူခံကိုအမှုသွားအမှုလာအရဆုံးဖြတ်ရန်မလိုတော့။ 


1962 BLR( CC ) 152


ဗွီ၊အိုင်၊အီး၊အိုင်စမိုလမ်စကဂျာ နှင့် အီဘရာဟင်ရန်းကုမ္ပဏီလီမိတက် 


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစံမောင်တို့ရှေ့မှောက်တွင် 


စီရင်ထုံးသည်သာဓကဖြစ်သည်။


1998 BLR 177( FB )


ဒေါ်ခင်သောင်း(၎င်း​၏ကိုယ်စားလှယ်ဦးသန်းအောင်) နှင့် ဦးကျော်ညွန့်အမှုနှင့်


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၀တို့တွင်


တူသောဥပဒေပြဿနာအပေါ်သဘောထားကွဲလွဲခြင်းသည်၊တရားရင်ဆိုင်ကြရသောပြည်သူများအားသာသူသာနာသူနာဖြစ်စေပါသည်။


၎င်းတို့အဖို့ရတက်မအေးစရာဖြစ်ရခြင်းမှာဖြစ်ကောင်းသောကိစ္စမဟုတ်ပါ။



















Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ