ဦးဘိုးရွက် နှင့် မငွေ 1960 BLR ( H C ) 189

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားလွှတ်တော်ချုပ်သို့အယူခံဝင်ရန်ပြဌာန်းထားသောပြဌာန်းချက်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉ဖြစ်ပြီး၊ပုဒ်မ၁၀၉တွင်ပုဒ်မခွဲ(က)၊(ခ)နှင့်(ဂ)ဟူ၍သုံးမျိုးပြဌာန်းထားသည်။


Appeal to the Supreme Court.


109. Subject to such rule as may , from time to time , be made by [ the Supreme Court ] regarding appeals from [ other Courts in the Union of Myanmar ] and to the provisions hereinafter contained , an appeal shall lie to [ the Supreme Court ]-


( a ) from any decree of final order passed on appeal by a High Court of the Region or a High Court of the State or any other Court of final appellate jurisdiction ;


( b ) from any decree or final order passed by a High Court of the Region or a High Court of the State in the exercise of original jurisdiction ; and


( c ) from any decree or order when the case , as hereinafter provided , is certified to be a fit one for appeal to [ the Supreme Court ]


တရားလွှတ်တော်ချုပ်သို့အယူခံဝင်ခြင်း


မည်သည့်အခါတရားလွှတ်တော်ချုပ်၌အယူခံဝင်နိုင်ခြင်း


၁၀၉။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိအခြားတရားရုံးများမှတရားလွှတ်တော်ချုပ်၌အယူခံဝင်ခြင်းနှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်ကအခါအားလျော်စွာပြဌာန်းထားသည့်နည်းဥပဒေများနှင့်လည်းကောင်း၊နောက်တွင်ဖော်ပြပါရှိမည့်ပြဌာန်းချက်များနှင့်လည်းကောင်းမဆန့်ကျင်စေဘဲအောက်ပါတို့နှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်တွင်အယူခံဝင်နိုင်သည်-


(က)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊သို့မဟုတ်၊အပြီးသတ်အယူခံစီရင်ပိုင်ခွင့်အာဏာရှိသည့်အခြားတရားရုံးတရုံးရုံးကအယူခံတွင်ချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်


(ခ)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်က၊တရားမမူလစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်


(ဂ)နောက်တွင်ပြဌာန်းပါရှိမည့်အတိုင်းအမှုတမှုသည်တရားလွှတ်တော်ချုပ်၌အယူခံဝင်ရန်သင့်တော်သောအမှုဖြစ်ကြောင်းထောက်ခံလျှင်ယင်းအမှုတွင်ချမှတ်သောဒီကရီတရပ်ရပ်သို့မဟုတ်အမိန့်


အထက်ပါပြဌာန်းချက်များအရတရားလွှတ်တော်ချုပ်သို့တရားလွှတ်တော်​၏ဒီကရီ၊အမိန့်များကိုတက်ရောက်သောအယူခံမှုများကို၊ပထမအယူခံ၊ဒုတိယအယူခံ၊အထွေထွေအယူခံစသည်ဖြင့်မဖော်ပြရဘဲ၊တရားမအယူခံဟုသာရေးသားဖော်ပြရမည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ခ)အရအယူခံမှုများ


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ခ)သည်ပြဌာန်းချက်အရရှင်းလင်းသည်။တရားလွှတ်တော်( High Court )ကမူလစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်သောဒီကရီတရပ်ရပ်၊သို့မဟုတ်၊အပြီးသတ်အမိန့်အပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ခ)အရအယူခံမှုအမျိုးအစားကို၊ယခင်တရားလွှတ်တော်ချုပ်( Supreme Court )ကစီရင်ခဲ့ခြင်းမရှိပါ။ထိုစဉ်ကတရားလွှတ်တော်မူလဘက်ဌာနကတရားမမူလစီရင်ပိုင်ခွင့်အားကျင့်သုံးပြီးချမှတ်သောဒီကရီ၊သို့မဟုတ်၊အပြီးသတ်အမိန့်ကို၊၁၉၄၈ခုနှစ်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၂၀အရတရားလွှတ်တော်ခုံရုံးတွင်အယူခံဝင်ခွင့်ရှိသောကြောင့်၊တရားလွှတ်တော်ချုပ်( Supreme Court )က၊အဆိုပါအယူခံမှုမျိုးအားစီရင်ရန်အခွင့်အရေးမရရှိခဲ့သောကြောင့်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)နှင့်(ခ)တို့အရတရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံဝင်ရောက်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊ပထမအပိုဒ်၌ပြဌာန်းထားသောအမှုတန်ဖိုးငွေကျပ်သိန်း၁၀၀နှင့်အထက်ဖြစ်ရန်လိုအပ်သည်ဆိုတာကိုအထူးဂရုပြုရပါမည်။အဆိုပါအမှုတန်ဖိုးအောက်ဖြစ်လျှင်၊ပြင်ဆင်မှုသာတင်သွင်းခွင့်ရှိမည်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ဂ)အရတင်သွင်းသောအယူခံမှု


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ဂ)အရတင်သွင်းသောအယူခံမှုသည်၊အမှုသည်များ​၏အခွင့်အရေးအရတင်သွင်းခွင့်ရှိသည်မဟုတ်။တရားလွှတ်တော်( High Court )ကချမှတ်လိုက်သောအယူခံစီရင်ချက်အပေါ်တရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံဝင်ခွင့်ပေးရန်အတွက်ထောက်ခံပေးရန်၊တရားလွှတ်တော်( High Court )တွင်တရားမအထွေထွေမှုဦးစွာလျှောက်ထားရသည်။ထိုသို့လျှောက်ထားခြင်းနှင့်သက်ဆိုင်သောစီရင်ထုံးအနည်းအကျဉ်းမျှသာရှိသည်။


ထိုသို့လျှောက်ထားရာတွင်လည်းသာမန်လျှောက်ထား၍မရနိုင်။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊တတိယအပိုဒ်တွင်ပြဌာန်းချက်အရ၊အရေးယူလောက်သောဥပဒေပြဿနာပေါ်ပေါက်ကြောင်းဖော်ပြလျှောက်ထားရမည်။


(ထိုအချက်နှင့်စပ်လျဉ်း၍၊၁၉၄၈ခုနှစ်၊တရားစီရင်ရေးအက်ဥပဒေပုဒ်မ၅(က)အရထောက်ခံချက်ပေးသင့်မသင့်ကိုအဆုံးအဖြတ်ပေးရသောကြောင့်၊တရားစီရင်ရေးအက်ဥပဒေပုဒ်မ၅အောက်ရှိစီရင်ထုံးများကိုလေ့လာနိုင်သည်)


ထိုသို့သက်သေခံလက်မှတ်ထုတ်ပေးရန်လျှောက်ထားသောအမှုများအနက်၊သာဓကအားဖြင့်၊ဦးဘိုးရွက် နှင့် မငွေ၊ 1960 BLR ( H C ) 189 စီရင်ထုံးတွင်တွေ့မြင်နိုင်သည်။


ဦးဘိုးရွက်စီရင်ထုံးပါဆုံးဖြတ်ချက်အရ၊တရားလွှတ်တော်( High Court )​၏အယူခံစီရင်ချက်မှပေါ်ပေါက်လာသောဥပဒေပြဿနာဖြစ်မှသာထောက်ခံချက်ပေးခြင်းမူကိုတွေ့မြင်နိုင်သည်။





Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ