ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ] ကာလစည်းကမ်းသတ်ဥပဒေသည်၊တရားရုံးတွင်သက်သာခွင့်တောင်းခြင်းကိုပိတ်ပင်ရန်ရည်စူးခြင်းဖြစ်သည်။ သာမန်အားဖြင့်လူများ၏အခွင့်အရေးကိုဆိတ်သုဉ်းအောင်မရည်စူးပါ။ ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၃တွင်၊ဆိုင်ရာအမှုအတွက်သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်လွန်မှစွဲဆိုသောအမှုများကိုပလပ်ရမည်ဟုပြဌာန်းထားသည်။ ကာလစည်းကမ်းသတ်ဥပဒေဇယား၁တွင်ရည်ညွှန်းထားသောအမှုများအတွက်၊သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်ဆုံးသွားလျင်၊အဆိုပါအမှုများတွင်တောင်းဆိုနိုင်သောသက်သာခွင့်ကိုအရေးဆိုခွင့်မရှိတော့ပေ။ ထို့ကြောင့်ကာလစည်းကမ်းသတ်ဥပဒေသည်၊တရားရုံးတွင်ရလိုသောသက်သာခွင့်တောင်းဆိုခြင်းကိုပိတ်ပင်သောဥပဒေဖြစ်သည်ဟုဆိုနိုင်သည်။ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃တွင်၊အောက်ပါအတိုင်းပြဌာန်းထားသည်- [ Subject to the provisions contained in sectiens 4 10 25 (inclusive), every suit instituted after the period of limitation prescribed therefor by the first schedule shall be dismissed, although limitation has not been set up as a defence.] [ ပုဒ်မ၄မှပုဒ်မ၂၅အထိပါရှိသောပုဒ်မများပါပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊...











Comments
Post a Comment