အဆိုလွှာကိုပယ်ခြင်း​၏အကျိုးသက်ရောက်မှုနှင့်အမှုကိုပလပ်ခြင်း​၏အကျိုးသက်ရောက်မှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အဆိုလွှာကိုပယ်ခြင်း​၏အကျိုးသက်ရောက်မှုနှင့်အမှုကိုပလပ်ခြင်း​၏အကျိုးသက်ရောက်မှုတို့သည်ကွဲပြားခြားနားသည်။


အဆိုလွှာကိုပယ်ခြင်းသည်တရားလိုအနေဖြင့်တရားစွဲဆိုရန်အကြောင်းတရပ်တည်းနှင့်စပ်လျဉ်း၍အမှုထပ်မံစွဲဆိုခြင်းကိုပိတ်ပင်ခြင်းမပြု။


အဆိုလွှာကိုပယ်ခြင်းသည်အမှု​၏အခြေခံကိုရုပ်သိမ်းလိုက်သည်ဖြစ်၍အမှုကိုအလျဉ်းမစွဲဆိုဘိသကဲ့သို့အကျိုးသက်ရောက်သည်။


သို့သော်အမှုကိုပလပ်ခြင်းမှာမူအမှုတည်ရှိခြင်းကိုအသိအမှတ်ပြုလျက်အမှုရပ်သွားခြင်းကိုညွှန်ပြသည်။


၁၉၉၉၊မတစ၊၁၆၃


(မန်နေဂျာ[မြန်မာ့စီးပွားရေးဘဏ်]နှင့်ဦးဟန်မြင့်)စီရင်ထုံးကိုကြည့်ပါ။












Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]