အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ


တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇​၏ရှင်းလင်းချက်တွင်"suit has been dismissed."ဟူ၍လည်းကောင်း၊


အမိန့်၉၊နည်း၈တွင်"The Court shall make an order that the suit be dismissed"ဟူ၍လည်းကောင်း၊


အမိန့်၉၊နည်း၉(၁)တွင်"where a suit is dismissed under rule 8"ဟူ၍လည်းကောင်း၊


အမိန့်၂၂၊နည်း၉(၁)တွင်"Where a suit xxxxx is dismissed"ဟူ၍လည်းကောင်းပြဌာန်းထားခြင်းတို့ကိုထောက်ချင့်ပါက၊တရားမကြီးမှုကိုပလပ်သည်ဟူသောအသုံးအနှုန်းကိုတစိုက်မတ်မတ်သုံးကြောင်းမြင်သာသည်။


အဆိုလွှာကိုပလပ်သည်ဆိုသောအသုံးအနှုန်းမရှိပါ။


အမိန့်၇၊နည်း၁၁တွင်"The plaint shall be rejected"ဟုပြဌာန်းထားပါသည်။


အဆိုလွှာကိုပလပ်သည်ဟုမသုံးပါ။ပယ်သည်ဟုသာသုံးပါသည်။


စစ်ကိုင်းတိုင်းတရားသူကြီးတဦးသည်အယူခံမှုတမှုကိုဆုံးဖြတ်ရာ၌အဆိုလွှာကိုပလပ်သည်ဟုအမိန့်ချမှတ်ဖူးသည်။ထိုတရားသူကြီးသည်ယခုအခါတရားလွှတ်တော်တခုတွင်တရားသူကြီးချုပ်အဖြစ်အမှုထမ်းနေသည်။


ထိုပုဂ္ဂိုလ်သည်၊၁၉၉၂ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၃၈(ဒေါ်ကြည်ပါ၃ နှင့် ဦးဝင်းမြင့်ပါ၂)တွင်ချမှတ်သော(၂၉-၆-၁၉၉၃)နေ့စွဲပါစီရင်ချက်(ယခုအထူးအယူခံမှုအားစရိတ်နှင့်တကွခွင့်ပြုပြီး၊မူလရုံးတရားလိုများဖြစ်ကြသောအိမ်ရှင်ဦးဝင်းမြင့်နှင့်ဒေါ်ကြည်ကြည်စိုးတို့​၏အဆိုလွှာအားပလပ်လိုက်သည်။)ကိုဖတ်ပြီးအမှတ်မှားလေရော့သလား၊သို့မဟုတ်၊တရားမကျင့်ထုံးကိုကောင်းစွာမဖတ်ဘဲစီရင်ချက်ချမှတ်ခြင်းဖြစ်လေရော့သလား၊၎င်းတရားသူကြီးကိုမေးကြည့်မှသိပါလိမ့်မည်၊သို့မဟုတ်၊၎င်း​၏အမှားကို၎င်းကိုယ်တိုင်ပင်သတိမမူမိသည်လည်းဖြစ်နိုင်သည်။


တရားသူကြီးတဦးသည်

တရားစီရင်ရာ၌ရင်ဆိုင်ရသော"pitfalls"(မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၀၂၈တွင်"pitfalls"ကို၊မထင်မှတ်ဘဲကျရောက်နိုင်သောအန္တရာယ်ဟုဘာသာပြန်ပါသည်)များစွာရှိပါသည်။


အမြဲသတိရှိပါမှမဖြစ်သင့်သောအမှားများကျူးလွန်မိခြင်းမှရှောင်ရှားနိုင်ပါလိမ့်မည်။


တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ရာ၌၊တရားရေးအကြံပေးအပေါ်လုံးဝဥဿုံအားထားစီရင်ခြင်း​၏ဆိုးကျိုးတရပ်ဖြစ်သည်။


ကိုယ်တိုင်တရားစီရင်သောစနစ်တွင်ရုံးထိုင်တရားသူကြီးသည်မိမိစီရင်ချက်ခိုင်မာရန်ထုံးသာဓကကြိုးစားရှာဖွေမည်မှာသဘာဝပင်ဖြစ်သည်။


1964 BLR 599အမှုတွင်၊အယူခံကိုကြားနာသောတရားရုံးချုပ်တရားသူကြီးဒေါက်တာမောင်မောင်ကသက်ဆိုင်ရာဥပဒေကိုရှာဖွေတင်ပြရန်(စီရင်ထုံးစာမျက်နှာ၆၀၆ကိုကြည့်ပါ)ရှေ့နေအားညွှန်ကြားသည့်နည်းတူ၊စုံညီခုံရုံးသည်ရှေ့နေများကိုအလားတူညွှန်ကြားလျှင်မှားယွင်းသောအဆုံးအဖြတ်မပေးတန်ရာ။


1964 BLR 599 


( Daw Khin Khin Kywe and five others  v. Daw Tin Tin Kywe )


( Before U Maung Maung , J . )အမှု


စီရင်ထုံးစာမျက်နှာ၆၀၆တွင်တရားရုံးချုပ်တရားသူကြီးဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းညွှန်ကြားထားသည်-


"U Ba Than conceded that that would be in consonance both which customary law , as may be gleaned from the rather scanty auhorities on the question , and with equity and justice . I gave U Ba Than time to do some research and dig up any precedents or treatises which might show that Burmese customary law would give his client a large share . U Ba Than made a diligent search but without success."


မျှတမှန်ကန်သည်မဟုတ်ဟူသောအကြောင်းပြချက်သည်ခိုင်လုံသည်မဟုတ်။


ဥပဒေနှင့်အညီဆုံးဖြတ်ပါမှမျှတမှန်ကန်မည်ကိုသဘောပိုက်ရာ​၏။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ