တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါအပြီးသတ်အမိန့်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(က)ပါအမှု(case)သည်၊တရားမကြီးမှု(suit)အပြင်၊ဇာရီမှု၊ပုဒ်မ၁၄၄အရလျှောက်ထားမှု၊သေတမ်းစာအတည်ပြုမှုများ၊အုပ်ထိန်းမှုဆိုင်ရာအမှုများ၊အင်ဆော်လဝင်စီမှုများ(မသန်းစိန်အမှု၊၁၉၄၁၊ရန်ကုန်၊၂၄၆ကိုကြည့်ပါ။)နှင့်အခြားမှုခင်းများအကျုံးဝင်သည်။
သေတမ်းစာအတည်ပြုမှုများအစရှိသည့်အမှုများတွင်ချမှတ်သောအမိန့်များမှာ၊ဒီကရီများမဟုတ်ဘဲအမိန့်များသာဖြစ်ကြသည်။
ထိုအမိန့်များကိုဆိုင်ရာအက်ဥပဒေအသီးသီးအရအယူခံဝင်ခွင့်ရသည်ဖြစ်ရာ၊မူလတရားရုံးကချမှတ်သောအမိန့်တို့သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)၏အဓိပ္ပာယ်အရဒီကရီမဟုတ်သဖြင့်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါအပြီးသတ်အမိန့်သည်ထိုအမှုများမှတင်သွင်းသောတရားလွှတ်တော်အယူခံ၌ချမှတ်သည့်အမိန့်များဖြစ်ဟန်တူသည်။တရားမကြီးမှုများမှပေါ်ပေါက်သည့်အမိန့်များဖြစ်ဟန်မတူ။
ယခင်တရားလွှတ်တော်မူလဘက်ဌာနသည်တရားမကြီးမှုများကိုသာမကအထက်၌ဖော်ပြခဲ့သောသေတမ်းစာအတည်ပြုမှုအစရှိသောမူလမှုများကိုလည်းစီရင်ခဲ့သည်။
တရားမကြီးမှုတွင်ချမှတ်သောဒီကရီကိုတရားလွှတ်တော်ချုပ်၌အယူခံဝင်ရန်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ခ)၌ခွင့်ပြုထားသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(ခ)ပါအပြီးသတ်အမိန့်သည်၊အထက်ပါသေတမ်းစာအတည်ပြုမှုအစရှိသောတရားမကြီးမှုမဟုတ်သည့်အခြားအမှုများတွင်ချမှတ်သောအမိန့်ကိုရည်ညွှန်းကြောင်းမြင်သာသည်။
ဒေါ်မြရင်အမှုနှင့်သက်ဆိုင်သောယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၆(စီရင်ထုံးစာမျက်နှာ၂၃၄၌ဖော်ပြထားသည်)တွင်၊တရားရုံးချုပ်ကချမှတ်သောစီရင်ချက်သို့မဟုတ်အပြီးသတ်အမိန့်ကိုအယူခံဝင်ရန်အခွင့်ထူးပေးနိုင်သည်ဟုပြဌာန်းထားသည်။
Comments
Post a Comment