1 LBR 142

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြည်ထောင်စုမြန်မာနိုင်ငံ​၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်အငြိမ်းစားယူခဲ့သောဦးဘဦးက၊၎င်းရေးသားသောကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် My Burma စာအုပ်၊စာမျက်နှာ၅၇၌၊ယေဘုယျအားဖြင့်တရားမပြင်ဆင်မှုများတွင်လျှောက်ထားသူတို့သည်အမှုအနိုင်ရခဲကြောင်း၊အကြောင်းမူထိုအမှုများကိုအလွန့်အလွန်ကျဉ်းမြောင်းသောစီရင်ပိုင်ခွင့်ဆိုင်ရာအကြောင်းအချက်အပေါ်ဆုံးဖြတ်ကြောင်းအောက်ပါအတိုင်းရေးသားထားသည်-


"As a rule , in revision cases , applicants seldom win because revesion cases are decided on a very narrow ground , that of jurisdiction. "


ထိုသို့ရေးသားခြင်းသည်၊၎င်းရှေ့နေမလိုက်မီ(၁၀)နှစ်ကျော်ကချမှတ်ထားသော၊(၄-၁၀-၁၉၀၁)နေ့တွင်အောက်မြန်မာပြည်တရားရုံးချုပ်ကစီရင်သည့် 1 LBR 142 အမှုတွင်ထုံးပြုထားပြီး၊ပရီဗီကောင်စီ​၏စီရင်ထုံးကိုကိုးကားကာအောက်ပါအတိုင်းဆုံးဖြတ်ထားသည်-


"No appeal lies to this Court . The grounds for application in revision are that the lower Courts  erred in law . No question of procedure is involved .


Error in law does not amount to acting in the exercise of jurisdiction illegally or with material irregularity , see Amir Hassan v. Sheo Buksh , I. L. R. , 11 Cal., 6"(ပရီဗီကောင်စီစီရင်ထုံးဖြစ်သည်။)






Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ