1940 RLR 826 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1940 RLR 826 ( DB )စီရင်ထုံးတွင်၊အမှုဖြစ်စဉ်ကို-


"The facts are , briiefly , that in the course of an administration suit one of the parties , a co-owner(Maung Aung Pe) , mortgaged his undivided share of the properties. "


ဟုအစချီကာဖော်ပြသည်။


ရည်ညွှန်းသောအမွေစီမံခန့်ခွဲမှုမှာ၊စာရေးသူ​၏လေ့လာတွေ့ရှိချက်အရ(၃-၉-၁၉၃၀)နေ့၌ဆုံးဖြတ်သောမောင်အောင်ဖေအမှု-


8 Ran 524 ( DB )

(Maung Aung Pe v. U Tun Aung Gyaw and two.)

(Before Mr. Justice Maung Ba and Mr. Justice Baguley.)ဖြစ်သည်။


မောင်အောင်ဖေ​၏မိခင်နှင့်အဒေါ်ဒေါ်စောခင်တို့အမွေရသောပစ္စည်းများနှင့်စပ်လျဉ်း၍တရားဆိုင်ကြရာမှပေါ်ပေါက်သောအမှုသုံးမှုမှာ-


6 Ran 79 ( PC )

(Ma Saw Kin and others  v. Maung Tun Aung Gyaw)

(Present:- Viscount Sumner , Lord Sinha , Sir John Wallis and Sir Lancelot Sanderson.)


8 Ran 524 ( DB )

(Maung Aung Pe v. U Tun Aung Gyaw and two.)

(Before Mr. Justice Maung Ba and Mr. Justice Baguley.)


1940 RLR 826 ( DB )

(Daw Shin  v. Arjandas.)

(Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely.)တို့ဖြစ်သည်။


သရက်မြို့တွင်တည်ရှိသောပစ္စည်းများဖြစ်သည်။


1970 BLR 232အမှုတွင်"အမွေကုန်မှတရားပြတ်သည်များလည်းရှိတတ်သည်"ဆိုသောအဆိုအမိန့်ကိုတနည်းတဖုံထောက်ခံသောအမွေမှုများဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


စာရေးသူကမူအခြားရှုထောင့်မှကြည့်ကာ၊ထိုအမှုများသည်မြန်မာနိုင်ငံ၌တရားစီရင်မှုကိုတိုးတက်ဖြစ်ထွန်းစေသည်ဟုဆိုချင်သည်။


8 Ran 524 ( DB )စီရင်ထုံးကိုမြန်မာတရားဝန်ကြီး(Mr. Justice Maung Ba)နှင့်နိုင်ငံခြားသားတရားဝန်ကြီး(Mr. Justice Baguley)တို့က၊ရှုထောင့်အသီးသီးမှလေ့လာအဖြေရှာခဲ့ရာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေအမွေမှုခန်းဆိုင်ရာတရားဥပဒေကိုဖြစ်ထွန်းစေခဲ့ပါသည်။


1940 RLR 826 ( DB )အမှုတွင်ပေါ်ပေါက်သောဥပဒေပြဿနာမှာခက်ခဲနက်နဲလှသည်ကိုတွေ့ရပါလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ