1954 BLR ( S C ) 52 ဒေါ်ထွေး နှင့် မတင်ဦး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1954 BLR ( SC ) 52 


ဒေါ်ထွေး နှင့် မတင်ဦး


နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်၊တရားလွှတ်တော်ချုပ်ဝန်ကြီးဦးမြင့်သိန်းနှင့်လွှတ်တော်တရားဝန်ကြီးဦးစံမောင်တို့ရှေ့မှောက်တွင်ကြားနာ၍၊နိုင်ငံတော်တရားဝန်ကြီးချုပ်ကစီရင်ချက်ချမှတ်သည်။


ထုံးပြုသောစီရင်ချက်ကိုရေးသူ၊နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင်သည်၊ M. A.,L. L. B.,Barrister-at-Law ဖြစ်ပြီး၊ရှေ့နေအဖြစ်နှစ်ပေါင်းများစွာဆောင်ရွက်ပြီးနောက်၊၁၉၃၇ခုနှစ်တွင်ဒုတိယမြောက်နိုင်ငံတော်ရှေ့နေချုပ်ဖြစ်လာခဲ့သည်။


၁၉၄၆ခုနှစ်တွင်၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီး၊လွတ်လပ်သောမြန်မာနိုင်ငံတော်​၏တရားလွှတ်တော်တရားဝန်ကြီးချုပ်စသည်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


တရားလွှတ်တော်ချုပ်တရားသူကြီးဦးမြင့်သိန်းသည်၊စစ်ကြိုခေတ်ကရှေ့နေချုပ်ရုံး၌၊အစိုးရတရားလွှတ်တော်ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက်၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဖြစ်လာသူဖြစ်သည်။


ဦးစံမောင်သည်အိုင်၊စီ၊အက်(စ်)ဝန်ထမ်းတရားသူကြီးဖြစ်ခဲ့ပြီး၊တရားလွှတ်တော်တွင်၁၉၄၈ခုနှစ်မှစ၍တရားဝန်ကြီးအဖြစ်ထမ်းဆောင်သူဖြစ်သည်။၁၉၄၈မှ၁၉၆၅ခုနှစ်စီရင်ထုံးစာအုပ်တိုင်း၌၊၎င်းရေးသားထားသောစီရင်ထုံးဖွဲ့ချက်များကရှေ့တန်းတွင်နေရာယူလျက်ရှိသည်ကိုထောက်ချင့်ပါက၊၎င်း​၏ဥပဒေပညာကိုခန့်မှန်းနိုင်သည်။


သို့ဖြစ်ရာ၊ 1954 BLR ( SC ) 52 ( 57 )အမှု၌၊ထုံးသာဓကမကိုးကားနိုင်ဘဲ၊အတ္တနောမတိဖြင့်တရားစီရင်ရန်မသင့်ဟူသောမြွက်ဆိုချက်ကို၊အလေးထားခံယူရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ