1955 BLR ( S C ) 54
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1955 BLR ( SC ) 54
(D. D. Grover v. A. C. Koonda , Controller of Rent , Mandalay.)
Present : U Thein Maung , Chief Justice of the Union , Mr. Justice Myint Thein and Mr. Justice Chan Htoon.
အမှုမှာ၊အမှုခေါ်စာချွန်တော်ထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်းသောစီရင်ထုံးဖြစ်သည်။
လျှောက်ထားသူ(D. D. Grover )ဘက်မှ၊ယခင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဝတ်လုံဦးကျော်မြင့်၊လျှောက်ထားခံရသူအမှတ်(၁)အမှုသည်(A. C. Koonda)ဘက်မှ၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဒေါက်တာဧမောင်၊ဌားရမ်းခကြီးကြပ်ရေးဝန်(Controller of Rent , Mandalay)အတွက်၊အစိုးရတရားလွှတ်တော်ရှေ့နေဦးဘစိန်တို့လိုက်ပါဆောင်ရွက်ရာ၊တရားလွှတ်တော်ချုပ်(Supreme Court)က၊နိုင်ငံတော်ရှေ့နေချုပ်ဦးချွန်ဖောင်ကိုပါ၊ရုံးတော်သဟာယ(Amicus curie)အဖြစ်ဖိတ်ခေါ်ကြားနာပြီး၊စီရင်ချက်စာမျက်နှာ၅၈မှ၇၉အထိ၊စာမျက်နှာ၂၀ကျော်စီရင်ချက်ရေးသားဆုံးဖြတ်ပါသည်။
စာကြောင်းရေ၃၆ကြောင်းရှိသော၊စာမျက်နှာများပါသည်။
ယခင်တရားလွှတ်တော်ချုပ်၏စီရင်ထုံးသည်၊ပရီဗီကောင်စီစီရင်ထုံးထက်အရည်အချင်းမညံ့ကြောင်း၊သာဓကအဖြစ်တွေ့မြင်နိုင်ပါသည်။
အမှုခေါ်စာချွန်တော်လျှောက်ထားသည့်၊ 1955 BLR ( SC ) 54 အမှုတွင်၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်း(၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူ)သည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊နိုင်ငံတော်အတွင်းရှိတရားရုံးများအားကြီးကြပ်ကွပ်ကဲခွင့်[ယခုပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၃(က)](ယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၄)နှင့်စပ်လျဉ်း၍၊သမိုင်းနောက်ခံပါဝင်သော(၂၁)စာမျက်နှာရှိသည့်၊ပညာပေးစီရင်ချက်ကိုရေးသားခဲ့ရာ၊တဝကြီးဖတ်ရှုနိုင်သည်။
အမှုကိုကြားနာရာ၌၊နိုင်ငံတော်ရှေ့နေချုပ်ဦးချွန်ဖောင်ကို၊ရုံးတော်သဟာယ(Amicus curie)အဖြစ်၊ဖိတ်ကြားခဲ့ကြောင်းလည်းမှတ်တမ်းတင်ထားပါသည်။
Comments
Post a Comment