အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ
အလျဉ်းသင့်၍၊နယ်ရှေ့နေတဦးမိမိအမှုသည်အပေါ်တာဝန်ကျေပုံကိုဖောက်သည်ချလိုသည်။
1940 RLR 826 ( DB )
( Daw Shin v. Arjandas. )
( Before Sir Ernest H. Goodman Roberts , Kt., Chief Justice ,and Mr. Justice Mosely. )
အမှုအကြောင်းဆွေးနွေးပါမည်။
၁၉၄၀ပြည့်နှစ်တွင်ဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်တရားသူကြီးကိုးဦး(၁၉၄၀ပြည့်နှစ်အတွင်းတွင်၊အငြိမ်းစားယူသူအခြားတရားဝန်ကြီးတဦး[Sir John Minty Baguley]လည်းရှိသည်။)ဆုံးဖြတ်ခဲ့သောစုံညီအမှုခြောက်မှု(တရားမမှုငါးမှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊(၁၀၄)မှုကိုထုံးပြုခဲ့သည်။(စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၈၃၉မျက်နှာရှိသည်)
1940 RLR 826 ( DB )အမှုမှာ၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးတဦးက၊တရားမဒုတိယအယူခံမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်တင်သွင်းသည့်အယူခံဖြစ်သည်။
"Letters Patent Appeal"ဟုခေါ်သည်။
ရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်သောအင်္ဂလန်နိုင်ငံဘုရင်၏စာချွန်တော်အရအယူခံဝင်ခွင့်ပြုထားသည့်အယူခံတမျိုးဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြဌာန်းသည့်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ရာ၊အထူးတရားမအယူခံမှု(အခွင့်ထူးအယူခံမှုမဟုတ်)အဖြစ်သတ်မှတ်သည်။
တော်လှန်ရေးအစိုးရတက်လာသောအခါ၊ပုဒ်မ၂၀ကိုဖျက်သိမ်းလိုက်သဖြင့်ထိုအယူခံမှုမျိုးမရှိတော့။
သမိုင်းကြောင်းကိုဥပဒေပညာရှင်များသိသင့်သည်။
Comments
Post a Comment