တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ [ Cause of Action ] —————————— ၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေူအက်ဥပဒေပုဒ်မ၁၂(၁)(စ)အရစွဲဆိုထားသောအမှုကိုတရားလိုရုံးချိန်းပျက်ကွက်သဖြင့်ပလပ်ခဲ့ရာအိမ်ရှင်သည်နို့တစ်စာအသစ်ပေး၍အမှုကိုထပ်မံစွဲဆိုခွင့်ရှိ၊မရှိပြဿနာမှာလွယ်မယောင်နှင့်ထင်သလောက်မလွယ်ကြောင်းတွေ့ရသည်။ အိမ်ငှါးအားနှင်လိုမှုမစွဲဆိုမီသာမန်အားဖြင့်ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၁၀၆အရလိုအပ်သည့်နို့တစ်စာပေး၍ငှါးရမ်းမှုကိုရပ်စဲရန်လိုအပ်ကြောင်းမသိသူမရှိပါ။ အဆိုပါအမှုများတွင်နို့တစ်စာတရားမဝင်၍အိမ်ရှင်အရေးနိမ့်သောအမှုအများအပြားရှိခဲ့ဖူးပါသည်။ အိမ်ရှင်ကနို့တစ်အသစ်ပေး၍တရားတထုံးထပ်မံစွဲဆိုသောအခါအိမ်ငှါးကပထမအမှုကိုပလပ်သောဆုံးဖြတ်ချက်သည်မီးသေသွားပြီဟုအကြောင်းပြတတ်ပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍- 1955 BLR ( H C ) 75 ( 80 ) APPELLATE CIVIL. Before U San Maung, J. KIM SOON AND ONE BY AGENT CHIN KAN (APPELLANTS) V. CHIN HWET (a) MAUNG...
Comments
Post a Comment