ကာလစည်းကမ်းသတ်သည်လောကပါလတရားမဟုတ်ပါ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြည်နယ်တရားသူကြီးတယောက်က၊ဦးသန်းမောင်(ကိုယ်တိုင်နှင့်ဦး........၊ဒေါ်......၊ဒေါ်တို့ကိုယ်စားလှယ်အဖြစ်ဖြင့်)ဆိုပြီးရေးထားတာတွေ့ရတယ်၊ဒါကြီးကိုမှားလို့မှားမှန်းတောင်ပြည်နယ်တရားသူကြီးလုပ်နေပြီးမသိပါလား။
ဒီအမှားကိုအဆိုလွှာရတဲ့နေ့ကတည်းကတင်ရမှာ၊တရားမကျင့်ထုံးကိုသေသေချာချာဖတ်စေချင်ပါတယ်။
တရားမကျင့်ထုံးရဲ့နောက်ဘက်မှာဘယ်လိုအမှုတွေမှာအဆိုလွှာတွေဘယ်လိုရေးရမယ်၊အချေလွှာတွေဘယ်လိုရေးရမယ်၊ထုတ်ရမဲ့သမ္မာန်စာ၊အစရှိသည်တို့ရဲ့ပုံစံတွေကိုပြည့်ပြည့်စုံစုံရေးထားပါတယ်။
မြန်မာနိုင်ငံဥပဒေ၊စာမျက်နှာ၂၃၂မှာတရားမကျင့်ထုံးဥပဒေရဲ့နောက်ဆက်တွဲ(က)တွင်တရားလိုတွေကိုဘယ်လိုရေးရမယ်ဆိုတာသေသေချာချာရေးထားပါတယ်။
ကိုယ်စားလှယ်နဲ့စွဲတဲ့အခါဘယ်လိုရေးရမယ်ဆိုတာပါပါတယ်။
( A . B by his constituted attorney C . D )
ဦးဖြူ(၎င်း၏ကိုယ်စားလှယ်စာရသူဦးမဲဖြင့်)
ကာယကံရှင်ဟာဦးဖြူပဲဖြစ်မှာ၊တရားရုံးကိုလာပြီးပြောဆိုမဲ့လူဟာဦးမဲဖြစ်မယ်။
၁။ဦးသန်းမောင်၂။ဦးဖြူ၃။ဒေါ်မဲ၄။ဒေါ်ဝါ
(၎င်းတို့၏ကိုယ်စားလှယ်ဦးသန်းအောင်ဖြင့်)
ပိုဆိုးတာကအမှုသည်ကသေသွားပြီ။
သူ့နေရာမှာတရားဝင်ကိုယ်စားလှယ်ဝင်လာတယ်။
သေတဲ့လူရဲ့နာမည်ပျောက်သွားပြီ။
တရားပြိုင်ကဦးမြင့်ဆိုပါစို့၊သူကသေသွားတော့သူ့မိန်းမဝင်လာမယ်၊အဆိုလွှာကိုပြောင်းသွားပြီးတော့၊ဦးမြင့်နာမည်ပျောက်သွားမယ်။
ဦးမြင့်နာမည်ပျောက်သွားပြီးတော့သူ့မိန်းမဒေါ်မဲ(ဦးမြင့်၏တရားဝင်ကိုယ်စားလှယ်)ဆိုပြီးဖြစ်ရမယ်။
အခုထိတရားဝင်ကိုယ်စားလှယ်နဲ့ကိုယ်စားလှယ်လည်းမကွဲကြသေးပါဘူး။
ရိုးရိုးကိုယ်စားလှယ်ကို၊ကိုယ်စားလှယ်(သို့)အခွင့်ရကိုယ်စားလှယ်လို့ပြောနိုင်ပါတယ်။
တရားပြိုင်တယောက်သေသွားတယ်၊တရားပြိုင်(၃)ဦးရှိတယ်၊သေတဲ့လူအတွက်ကိုယ်စားလှယ်မထည့်ဘူး၊သေတဲ့လူနေရာမှာခင်ဗျားတို့ဝင်ရမှာဘဲ၊ဘာဖြစ်လို့ထည့်နေမှာလဲလို့ပြောဆိုနေပါတယ်။
သေတဲ့လူအမွေစားအမွေခံဟာအမှုတွဲမှာရှိနေလို့ရှိရင်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၂အရမှတ်တမ်းတင်ရမယ်။
သူ့ရဲ့အမွေစားအမွေခံတွေဟာ၊ဒီအမှုတွဲမှာရှိနေပါတယ်ဆိုတာ၊တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၂အရမှတ်တမ်းတင်ရပါမယ်။
တရားမမှတ်ပုံတင်မှာလည်းမှတ်ပုံတင်ရပါမယ်။
ပြီးမှ proceed လုပ်ရပါမယ်။
L R ထည့်တယ်ဆိုကတည်းကမှင်နီနဲ့ခြစ်ပစ်ရပါတယ်။
L R ကိုလည်းမှင်နီနဲ့ထည့်ရပါတယ်။
Register မှာမှင်နီနဲ့ကိုထည့်ရပါတယ်။
အဲဒီလိုမှင်နီနဲ့ကျကျနနလုပ်ခဲ့ရင်၊စီရင်ချက်ရေးတဲ့အခါသေတဲ့လူကိုခေါ်မိတော့မှာမဟုတ်ပါဘူး။
သေတဲ့လူအပေါ်မှာချတဲ့ဒီကရီ၊အရွယ်မရောက်သေးသူအပေါ်မှာအုပ်ထိန်းသူမပါဘဲချတဲ့ဒီကရီတွေဟာ Nullity ဖြစ်တယ်လို့၊ 1937 RLR 164 စီရင်ထုံးကိုကိုးကားပြီးပြောခဲ့ပါတယ်။
အမှုမှာ( LR = Legal Representative )တရားဝင်ကိုယ်စားလှယ်မတင်ဘူး။
ကာလစည်းကမ်းသတ်သည်လောကပါလတရားမဟုတ်ပါ။
ရက်ပေါင်း၉၀အတွင်း၊တရားဝင်ကိုယ်စားလှယ်မထည့်လို့အမှုရပ်စဲမယ်ဆိုရင်၊လောကပါလတရားနဲ့မညီပါဘူး။
ရှေ့နေကစာမဖတ်လို့မထည့်ရုံနဲ့အမှုသည်နစ်နာပါ့မယ်။
ဆရာတို့ဆီမှာတော့ဒီလိုလုပ်မထားရင်၊ကိုယ်စားလှယ်ကိုထည့်ချင်တဲ့အချိန်မှထည့်ပြီးအမှုတွေမပြီးနိုင်ဖြစ်မှာပေါ့။
Comments
Post a Comment