ပြင်ဆင်မှု၏သဘောသဘာဝ ( ၃ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြင်ဆင်မှု၏သဘောသဘာဝ
A . I . R . 1934 Rangoon 243 ( 1 )
Mg Ye E v. N. K. R. A. T. Vallagu Velli
Mya Bu , J .
အမှုတွင်၊အောက်ပါအတိုင်းထုံးဖွဲ့လမ်းညွှန်ထားသည်-
"Civil P. C. ( 1908 ) . S . 115 - Discretionary power under S. 115 will be exercised only when there is no other remedy open .
Where a party to a civil proceeding seeks to exercise the discretionary powers of the High Court under S. 115 he must satisfy the Court that he has no other remedy open to him to set right what he alleges to have been illegally , irregularly or without jurisdiction done by a subordinate Court."
1953 BLR ( HC ) 364
Balmic Shukul ( Shakoo ) v. Phoman Singh and four others .
Before U Chan Tun Aung , J .
အမှုတွင်၊အောက်ပါအတိုင်းထုံးဖွဲ့သည်-
"Held : However erroneous the conclusions arrived at by a subordinate Court might be on points of law or fact they would not be treated as wrongful exercise of jurisdiction or illegal exercise of jurisdiction attended with material irregularity , and therefore the revisional discretion of the High Court can only be invoked when there is a clear transgression of one of the conditions set out in S. 115 of the Civil Procedure Code."
"Held also : The High Court normally does not interfere in revision if the party has another remedy by way of an apoeal to a subordinate Court or by way of a regular suit."
2002 BLR 153
ကူအမင်(ခ)ဦးကျော်လွင် နှင့် ဦးအဟောင်
အမှု၌၊အထူးခုံရုံးကစီရင်ထုံးစာမျက်နှာ၁၆၃၌ကိုးကားသော၊ 1953 BLR ( HC ) 364 ပါထုံးဖွဲ့ချက်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-
"မူလရုံး၏အဆုံးအဖြတ်သည်ဥပဒေအရဖြစ်စေ၊အကြောင်းခြင်းရာအရဖြစ်စေ၊မှားယွင်းစေကာမူတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅( ဂ )တွင်အကျုံးဝင်သောစီရင်ပိုင်ခွင့်အာဏာကိုဥပဒေနှင့်အညီမဟုတ်ဘဲသုံးစွဲခြင်းအဖြစ်သော်လည်းကောင်း၊အကြီးအကျယ်နည်းလမ်းမကျဘဲစီရင်ပိုင်ခွင့်အာဏာကိုဥပဒေနှင့်အညီမဟုတ်ဘဲသုံးစွဲခြင်းအဖြစ်သော်လည်းကောင်းသတ်မှတ်မည်မဟုတ်ကြောင်း၊ပုဒ်မ၁၁၅ပါစည်းကမ်းချက်တရပ်ရပ်ကိုဖောက်ဖျက်ကြောင်းထင်ရှားမှသာလျှင်၊တရားလွှတ်တော်၏ပြင်ဆင်မှုအခွင့်အာဏာကိုသုံးစွဲရန်တောင်းခံနိုင်ကြောင်း၊ထို့အပြင်အမှုသည်တဦးသည်အောက်ရုံးတွင်အယူခံဝင်ခြင်း၊တရားတထုံးစွဲဆိုခြင်းနည်းဖြင့်ကုစားခွင့်ရှိပါကတရားလွှတ်တော်သည်ပုံမှန်အားဖြင့်ပြင်ဆင်မှုတွင်ဝင်ရောက်စွက်ဖက်ခြင်းမပြုကြောင်း"ထုံးဖွဲ့သည်။
Comments
Post a Comment