ထုံးသာဓကများကိုပယ်ဖျက်ရာ၌ဆင်ခြင်ရသောသဘောတရား
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ထုံးသာဓကများကိုပယ်ဖျက်ရာ၌ဆင်ခြင်ရသောသဘောတရား
1948 BLR 1
Maung San Bwint and one v. Ma Than Sein.
Before Sir Ba U , Acting Chief Justice , Mr. Justice E Maung and Mr. Justice Kyaw Myint.
အမှုတွင်၊စာမျက်နှာ၁၇၌ကိုးကားထားသောစီရင်ထုံးတရပ်[ L. R. (1908) A. C. 6. ]တွင်၊တရားဝန်ကြီးချုပ်(Lord Chancellor)က၊မည်သည့်အခါချမှတ်ထားပြီးသောစီရင်ထုံးကိုပယ်ဖျက်ရကြောင်း၊အောက်ပါအတိုင်းပြဆိုထားပါသည်-
"But where they are plainly wrong and especially where the subsequent course of judicial decisions has disclosed weakness in the reasoning on which they were based and practical injustice in the consequences that must flow from them , I consider it is the duty of this House to overrule them , if it has not lost the right to do so by itself expressly affirming them."
ထိုစာမျက်နှာ၁၇မှာပင်၊အခြားတရားသူကြီး(Lord Blackburn)က၊ယခင်စီရင်ထုံးများကိုပေါ့ပေါ့တန်တန်ပယ်ဖျက်ရန်မဟုတ်ကြောင်း၊မိမိအမြင်ကိုအောက်ပါအတိုင်းမြွက်ဆိုသည်-
"Looking at the reasons for those decisions , I think they were founded on a mistake , but we ought not lightly to overrule them."
Comments
Post a Comment