၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။


စီရင်ထုံးများကို၊ရန်ကုန်စီရင်ထုံးများ( The Indian Law Reports, Rangoon Series )အတွဲ၁မှအတွဲ၁၄ထိထုတ်ဝေခဲ့ပါသည်။


The Indian Law Reports, Rangoon Series, 1923, Volume I ကိုအောက်ဖော်ပြပါအစီအစဉ်အတိုင်းပုံနှိပ်ထုတ်ဝေသည်-


1923, Vol. I. Parts I & II, January and February, (Pages 1-59)


1923, Vol. I. Part III, March, (Pages 57-141)


1923, Vol. I. Part IV, April, (Pages 142-216)


1923, Vol. I. Part V, May, (Pages 217-315)


1923, Vol. I. Part  VI, June, (Pages 313-402)


1923, Vol. I. Part VII, July, (Pages 401-451)


1923, Vol. I. Part VIII, August, (Pages 449-532)


1923, Vol. I. Parts IX & X, September and October, (Pages 533-651)


1923, Vol. I. Part XI, November, (Pages 649-693)


1923, Vol. I. Part  XII, December, (Pages 693-774)


စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။


Table of Cases Cited တွင်၊စီရင်ထုံးများကိုရည်ညွှန်း၍၊ referred to and followed, referred to, dissented from, distinguished, followed ဟုဖော်ပြသည်။


စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍-


လိုက်နာသည်( followed )


သဘောတူလက်ခံသည်( approved )


မလိုက်နာသို့မဟုတ်လိုက်နာခြင်းမပြု( not followed )


လက်ခံခြင်းမပြု( disapproved )


သဘောကွဲလွဲသည်( dissented )


သဘောကွဲလွဲရာရောက်သည်( dissented protanto )


ပယ်ဖျက်သည်( overruled )ဟုဖော်ပြတတ်သည်။


အချို့စီရင်ထုံးများမှာ-


သဘောကွဲလွဲခြင်း၊ပယ်ဖျက်ခြင်းခံရပြီးကာမှတရားသူကြီးဦးရေများသောခုံအဖွဲ့ကပြန်လည်အတည်ပြု( reaffirmed )ခြင်းခံရ၍ပြန်လည်အသက်ရှင်လာကြပါသည်။


ရှေးအခါကအမြင့်ဆုံးတရားရုံးမှာအင်္ဂလန်နိုင်ငံရှိပရီဗွီကောင်စီဖြစ်သည်။


တရားလွှတ်တော်တွင်တရားသူကြီးအနည်းဆုံးသုံးဦးရုံးထိုင်စီရင်သောအဖွဲ့ကိုစုံညီခုံရုံးအဖြစ်သတ်မှတ်သည်။


အချို့ခုံအဖွဲ့ကိုမူအထူးခုံရုံး( Special Bench )ဟုသတ်မှတ်သည်။


တရားသူကြီးနှစ်ဦးပါသောခုံအဖွဲ့ကို( Division Bench )ဟုခေါ်သည်။


တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌ပယ်ဖျက်သောအခါ( reversed )ဟူသောစကားရပ်ကိုသုံးသည်။


ပယ်ဖျက်( overruled )နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။


အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့မှုတရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို( overruled )လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။


ကိုးကားသောစီရင်ထုံးများဆုံးဖြတ်ရမည့်အမှုဖြစ်ရပ်နှင့်မတူလျင်မတူကြောင်းရှင်းပြရသည်။


ထိုအခါခြားနားပြသည်( distinguished )ဟုဖော်ပြသည်။


ကိုးကားသောစီရင်ထုံးကိုရည်ညွှန်းရုံမျှသာအသုံးချလျှင်( referred )ဟုဖော်ပြသည်။


ပယ်ဖျက်ခြင်းလည်းမဟုတ်၊ကွဲလွဲခြင်းလည်းမဟုတ်လျင်၊သုံးသပ်ချက်ကိုပြင်ဆင်သတ်မှတ်ပေးခြင်း( modify )ဟုခေါ်သည်။


ပယ်ဖျက်ခြင်းမဟုတ်၊သဘောကွဲလွဲခြင်းလည်းမမည်လျင်၊ဒုတိယစီရင်ထုံးကလွှမ်းမိုး( supersede )သည်ဟုသုံးနှုန်းသည်။


ကွဲလွဲခြင်း( dissention  )အမျိုးမျိုးရှိပါသည်။


အတိအလင်းကွဲလွဲခြင်းရှိသည်၊ဆန့်ကျင်ကွဲလွဲရာရောက်သော( dissented protanto )စီရင်ထုံးများလည်းရှိသည်။


အလားတူပင်ပယ်ဖျက်ရာရောက်သော( overruled protanto )စီရင်ထုံးများလည်းရှိပါသည်။


တရားသူကြီးတဦးထက်ပို၍ပါဝင်သောခုံအဖွဲ့တွင်အများစုချမှတ်သောစီရင်ထုံးကိုပယ်ဖျက်ခြင်း၊သဘောကွဲလွဲခြင်းမရှိသော်လည်းအချို့၏အမြင်မှာမမှန်ဟုဝေဖန်သောစီရင်ထုံးများလည်းရှိပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ