The Indian Law Reports, Rangoon Series, 1924, Volume 2
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1924, Volume II တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး(၁၇)ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၇)ဦးတွင်၊မြန်မာတရားသူကြီးဦးမေအောင်နှင့်Mr. Justice Joseph Augustus Maung Gyi တို့ပါဝင်သည်။
မြန်မာတရားဝန်ကြီးဦးမေအောင်သည်မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူဖြစ်သည့်အပြင်၊ဒုတိယမြောက်မြန်မာတရားဝန်ကြီးတဦးလည်းဖြစ်သည်။
Joseph Augustus Maung Gyi သည်၊စတုတ္ထမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်သည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၆ )ဦးထဲတွင်၊မြန်မာလူမျိုးဦးမြဘူးနှင့်ဦးထွန်းဖြူတို့က၊ Assistant Government Advocate အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၂၄ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ(၂ )တွင်ပရီဗီကောင်စီအမှုနှစ်မှု၊စုံညီအမှုသုံးမှု(တရားမမှုနှစ်မှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊(၁၀၃)မှုကိုထုံးပြုခဲ့သည်။
၁၉၂၄ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၆၉၃မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Referred to or Distinguished
Followed or Re-Affirmed
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
ပရီဗီကောင်စီတွင်လိုက်ပါကြသောရှေ့နေကြီးများ၏အမည်များဘေးတွင်-
K. C.(King's Counsel)
Q. C.(Queen's Counsel)ဟုဖော်ပြသည်။
၎င်းတို့သည်ဝါရင့်ရှေ့နေကြီးများဖြစ်ကြသည်။
ယခင်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သော-
Mr. Rutledge သည်၊K. C.ဖြစ်သည်။
1 Ran မှ 1942 R. L. R. စီရင်ထုံးများတွင်၊ပရီဗီကောင်စီစီရင်ထုံးများပါရှိရာပရီဗီကောင်စီရှေ့တွင်နှစ်ဖက်ရှေ့နေများ၏လျှောက်လဲချက်အကျဉ်းချုပ်ကိုဖတ်ကြည့်ရာ၌၊ပရီဗီကောင်စီသည်အယူခံမှုများကိုဆုံးဖြတ်ရာတွင်၎င်းတို့၏အကူအညီရခဲ့ကြောင်းအကဲခတ်မိပါသည်။
Comments
Post a Comment