The Indian Law Reports, Rangoon Series, 1925, Volume 3

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။


ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။


The Indian Law Reports, Rangoon Series, 1925, Volume III တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး(၁၇ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။


ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၇ )ဦးတွင်၊မြန်မာတရားသူကြီး Mr. Justice Joseph Augustus Maung Gyi နှင့် ဦးဘတို့ပါဝင်သည်။


Joseph Augustus Maung Gyi သည်၊စတုတ္ထမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်သည်။


ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။


ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၅ )ဦးထဲတွင်၊မြန်မာလူမျိုးဦးမြဘူးက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၂၅ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၃ )တွင်ပရီဗီကောင်စီအမှုလေးမှု၊စုံညီအမှု( ၁၀ )မှု(တရားမမှုရှစ်မှုနှင့်ရာဇဝတ်မှုနှစ်မှု)အပါအဝင်၊( ၁၀၄ )မှုကိုထုံးပြုခဲ့သည်။


၁၉၂၅ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၆၅၉ )မျက်နှာရှိသည်။


စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။


Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-


Referred to or Distinguished 


Followed or  Reaffirmed


Dissented from or Over-ruled ဟုဖော်ပြသည်။


—————————————


စာတွေ့မှသည်လက်တွေ့အသုံးချရသည့်ဥပဒေများကို၊စီရင်ထုံးများမှအဓိကအားဖြင့်ရရှိနိုင်သည်။


ဥပဒေကျမ်းများသည်ယင်းစီရင်ထုံးများအပေါ်အခြေခံသောရေးသားချက်များဖြစ်ချေသည်။


သို့ဖြစ်ရာဥပဒေပညာရှင်တို့သည်ယင်းစီရင်ထုံးများ၊ဥပဒေကျမ်းများနှင့်ကင်းကွာ၍မရနိုင်။


ရှေ့နေရှေ့ရပ်များနှင့်ဆိုင်ရာတရားသူကြီးတို့သည်မှုခင်းတရပ်ကိုကိုင်တွယ်ရာ၌ဆိုင်ရာဥပဒေများကိုလည်းကောင်း၊ဆိုင်ရာထုံးသာဓကများကိုလည်းကောင်းလေ့လာစီရင်ကြလျှင်အမှားကင်းမည်။


ယုတ်စွအဆုံးအမှားနည်းမည်ဖြစ်သည်။


စီရင်ထုံးများနှင့်ဥပဒေကျမ်းများတို့သည်ဆိုင်ရာဥပဒေပါပြဌာန်းချက်များ​၏အနက်အဓိပ္ပာယ်ကိုဖော်ထုတ်ကာဆိုင်ရာမှုခင်းကိုဆုံးဖြတ်သည်ဖြစ်၍၊မှုခင်းများတွင်လိုက်ပါသောရှေ့နေရှေ့ရပ်များနှင့်ယင်းအမှုများကိုစစ်ဆေးစီရင်သောတရားသူကြီးများသည်၊ဆိုင်ရာမှုခင်းနှင့်သက်ဆိုင်သောဥပဒေကိုပြည့်ပြည့်စုံစုံနားမလည်ဘဲအမှုကိုစစ်ဆေးစီရင်လျှင်အမှားနှင့်မုချထိပ်တိုက်တွေ့ရမည်သာဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ