The Indian Law Reports, Rangoon Series, 1928, Volume 6

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။


ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။


The Indian Law Reports, Rangoon Series, 1928,   Volume VI တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၇ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။


ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၇ )ဦးတွင်၊မြန်မာတရားသူကြီးဦးဘနှင့်ဦးမြဘူးတို့ပါဝင်သည်။


ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။


ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးဘဒွန်းက Deputy Government Advocate အဖြစ်လည်းကောင်း၊ဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၂၈ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၆ )တွင်ပရီဗီကောင်စီအမှု( ၆ )မှု၊စုံညီအမှု( ၆ )မှု(တရားမမှုငါးမှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊( ၁၄၁ )မှုကိုထုံးပြုခဲ့သည်။


၁၉၂၈ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၇၈၃ )မျက်နှာရှိသည်။


စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။


Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-


Referred to or Distinguished 


Followed 


Dissented from or Over-ruled ဟုဖော်ပြသည်။


—————————————


ဥပဒေပြဿနာတရပ်ကိုဆုံးဖြတ်ရန်ရှိသည့်အခါ၊ဆိုင်ရာတရားသူကြီးသည်စီရင်ထုံးပေါင်းချုပ်၁မှစ၍နောက်ဆုံးစာအုပ်အထိတွင်၊ယင်းကိစ္စနှင့်စပ်လျဉ်း၍ထုံးသာဓကရှိမရှိရှာသင့်သည်။


ထုံးသာဓကရှိပါလျက်၊မလေ့လာမိ၍မှားယွင်းခြင်းသည်ဖြစ်ကောင်းသောကိစ္စမဟုတ်သည်ကိုသတိချပ်သင့်သည်။


တရားရုံးများတွင်ဆောင်ရွက်ရသည့်လုပ်ငန်းအရပ်ရပ်အတွက်၊လုပ်ထုံးလုပ်နည်းကိုပြဌာန်းနိုင်သည်မဟုတ်၍၊စီရင်ထုံးများကိုလေ့လာခြင်းဖြင့်၊ရှေးအခါကရှေ့နေကြီးများ​၏ဆောင်ရွက်ချက်တို့ကိုအတုခိုးရန်အခွင့်အလမ်းရနိုင်သည်ကိုသတိချပ်ရန်လိုသည်။


ဥပဒေပညာရှင်တို့သည်၊တရားဥပဒေတို့​၏မျက်နှာစာအရပ်ရပ်ကိုဆင်ခြင်တတ်မှသာအဖြေမှန်ရနိုင်သည်ကို၊သတိပြုရန်ဖြစ်သည်။


ဥပဒေအပြောကျယ်သည်မှာအမှန်ဖြစ်ကြောင်း၊စာရေးသူ​၏ဆွေးနွေးချက်များကိုထောက်ရှုပါကကောင်းစွာအကဲခတ်နိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ