The Indian Law Reports, Rangoon Series, 1927, Volume 5
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1927, Volume V တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၄ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၄ )ဦးတွင်၊မြန်မာတရားသူကြီးဦးဘနှင့်ဦးမြဘူးတို့ပါဝင်သည်။
ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးဘဒွန်းက Deputy Government Advocate အဖြစ်လည်းကောင်း၊ဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၂၇ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၅ )တွင်ပရီဗီကောင်စီအမှု( ၁၂ )မှု၊စုံညီအမှု( ၄ )မှု(တရားမမှုသုံးမှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊( ၁၄၂ )မှုကိုထုံးပြုခဲ့သည်။
၁၉၂၇ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၈၅၂ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Referred to or Distinguished
Followed
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
မြန်မာလူမျိုးများထဲမှတရားဝန်ကြီးပထမဖြစ်လာသူမှာ၊အောက်မြန်မာပြည် Chief Court ၌၊နောင်တွင်ဆာဘွဲ့ရသော”ဆာမောင်ခင်”ဖြစ်သည်။
တရားလွှတ်တော်တည်ထောင်သောအခါ၊၎င်းပင်တရားသူကြီးတဦးဆက်လက်ဖြစ်လာသည်။
နောက်ပိုင်းတွင်ဦးမေအောင်၊ဦးဖိုးဟန်၊ဆာမောင်ဘ၊ဆာဂျေအေမောင်ကြီး၊ဆာမြဘူး၊ဆာဘဦး၊ဦးဧမောင်၊ဦးသိန်းမောင်နှင့်ဦးကျော်မြင့်တို့ဖြစ်ကြသည်။
နောက်ဆုံးသုံးဦးမှာ၊စစ်ကြီးနောက်ပိုင်းတွင်ခန့်ထားသူများဖြစ်သည်။
Comments
Post a Comment