Posts

Showing posts from July, 2023

ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- “28. At the determination of the period hereby limited to any person for instituting a suit for possession of any property, his right to such property shall be extinguished.” ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါပုဒ်မ(၃)ရပ်အနက်နောက်ဆုံးပုဒ်မဖြစ်သည်။ ထိုပုဒ်မ(၃)ရပ်၏အနှစ်ချုပ်ကို၊”Acquisition of Ownership by Possession”(လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း)ဟုဖော်ပြ၊ပြဌာန်းခြင်းကိုဆင်ခြင်မိပါလျှင်၊ပုဒ်မ၂၈တွင်ပြဌာန်းထားသည့်အတိုင်း၊ကာလစည်းကမ်းသတ်ကုန်ဆုံးသောအခါပစ္စည်းလက်ရှိဖြစ်သူသည်လက်ရှိထားသောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ရရှိသည်ကိုမုချသိရှိမည်ဖြစ်သည်။ ——————————————- 1961 BLR ( H C ) 119  U PU AND ONE, (APPELLANTS)                           V. RAM KISHAN AND ANOTHER (RESPONDENTS).* Before U San Maung and U Mya Thein, JJ. အမှုတွင်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်၊ဆန့်ကျင်လက်ရှိထားသောအိ...

1948 BLR ( H C ) 866

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1948 BLR ( H C ) 866 U ZAGARA (PLAINTIFF) Vs. U SANDAWBATHA (DEFENDANT).* Before U Bo Gyi, J. အမှုသည်၊အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်နှင့်လက်ရှိထားပိုင်ခွင့်အပေါ်အခြေခံသောအမှုဖြစ်ပုံပေါ်သည်။ အမှုတွင်တရားလိုကပုဂ္ဂလိကကျောင်းတိုက်ပိုင်ရှင်ဖြစ်သည်။ “ထို့ပြင်”/“သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်ဟုအဆိုပြုကာအချင်းဖြစ်ကျောင်းတိုက်မှတရားပြိုင်အားနှင်ထုတ်ပေးရန်တရားစွဲဆိုပါသည်။ ပုဂ္ဂလိကကျောင်းတိုက်ပိုင်ရှင်ဖြစ်သည်၊”ထို့ပြင်”/“သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်ဟူ၍အဆိုပြုသောအဆိုလွှာမျိုးယခုအခါမတွေ့ရပါ။ “ထို့ပြင်”ဟုအဆိုပြုခြင်းက၊တရားလိုသည်အချင်းဖြစ်ကျောင်းတိုက်၏ပုဂ္ဂလိကပိုင်အနေအထားအပြင်ကျောင်းထိုင်ဆရာတော်အနေအထားအရလည်းတရားစွဲဆိုခြင်းဖြစ်သည်။ “သို့မဟုတ်”ဟူသောစကားရပ်က”ပုဂ္ဂလိကကျောင်းတိုက်ပိုင်သူဖြစ်သည်”သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်”ဟူသောအနေအထားနှစ်ရပ်အနက်တရပ်”မဟုတ်“တရပ်အနေအထားအရတရားစွဲခြင်းဖြစ်သည်ဟုအဆိုပြုခြင်းဖြစ်သည်။ ထိုအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရတရားစွဲဆိုသောအမှုဖြစ်သည်။ ဒေါ်ဆင့်ဆိုသူကတရားလိုအားအချင်းဖြစ်ကျောင်းတိုက်ကို”နှုတ်”ဖြင့်လှုဒါန်းခြင်းဖြစ...

မှေးမှိန်လျက်ရှိသောဥပဒေပြဌာန်းချက်တရပ်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအရောင်တင်ပြီးအမှန်တရားကိုဖော်ထုတ်ဆုံးဖြတ်သော၊မြန်မာနိုင်ငံတရားစီရင်ထုံးများကဏ္ဍ၌မရှိဘူးသေးသော၊သမိုင်းမှတ်တိုင်တွင်သောဆုံးဖြတ်ချက်တရပ်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မှေးမှိန်လျက်ရှိသောဥပဒေပြဌာန်းချက်တရပ်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအရောင်တင်ပြီးအမှန်တရားကိုဖော်ထုတ်ဆုံးဖြတ်သော၊မြန်မာနိုင်ငံတရားစီရင်ထုံးများကဏ္ဍ၌မရှိဘူးသေးသော၊သမိုင်းမှတ်တိုင်တွင်သောဆုံးဖြတ်ချက်တရပ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊အထူးခုံရုံးက၊၂၀၂၃ခုနှစ်၊ဇူလိုင်လ၃ရက်နေ့တွင်ဆုံးဖြတ်သောစီရင်ချက်အရ၊အောက်ရုံးများတွင်အမှုဆက်တိုက်ရှုံးခဲ့သောဒေါ်အေးအေးမူ၏ငိုကြွေးသံကိုစဲစေခဲ့သည်။သောကကိုလည်းချုပ်ငြိမ်းစေနိုင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၂ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၆ ဒေါ်အေးအေးမူပါ၃ နှင့် ဒေါ်သီသီမွန်ပါ၄ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊တရားသူကြီးများဖြစ်ကြသောဦးမျိုးတင့်၊ဦးတင်ဟုန်၊ဦးသိန်းကိုကို၊ဒေါ်သင်းသင်းနွဲ့တို့ရှေ့တွင်- အထူးခုံရုံးကအောက်ဖော်ပြပါအရေးယူလောက်သောဥပဒေပြဿနာနှစ်ရပ်ကိုထုတ်နုတ်ကြားနာသည်- “မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်၊အကွက်၈၁၅၊ဦးပိုင်၂(ဆ)ဂရန်မြေကွက်သည်၊မိဘများသက်ရှိထင်ရှားရှိစဉ်ကပင်၊ဂရန်စာချုပ်တွင်၊၂တရားပြိုင်ဒေါ်အေးအေးမူအမည်ပေါက်လျက်ရှိသည်ဖြစ်ပါလျက်ထိုမြေနှင့်မြေပေါ်ရှိအဆောက်အဦအပါအဝင်အကျိုးခံစားခွ...

1941 RLR 706, 1948 BLR ( H C ) 499

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှေ့နေရှေ့ရပ်များသည်၊စီရင်ထုံးပေါင်းချုပ်ဖတ်ရုံမျှဖြင့်မလုံလောက်။ စီရင်ထုံးများကိုအစ၊အလယ်၊အဆုံးဖတ်ပါမှအကွက်စေ့စေ့နားလည်ပါမည်။ ရှေ့နေတဦးသည်၁၉၂၃ခုနှစ်ကစတင်ထုတ်ဝေသောရန်ကုန်စီရင်ထုံးအတွဲ၁မှယခုနောက်ဆုံးထုတ်ဝေသောစီရင်ထုံးအထိ၊အနည်းဆုံးလေ့လာသင့်သည်။ ဥပမာအားဖြင့်1948 BLR 717 စီရင်ထုံးတွင်၊ဦးသာဖြေသည်မည်သည့်အတွက်ကြောင့်အမှုရှုံးရသည်ဆိုသည်ကို၊စီရင်ထုံးခေါင်းစီးဖတ်ရုံမျှဖြင့်မသိနိုင်။ ကွယ်လွန်သွားသောမြန်မာဗုဒ္ဓဘာသာဝင်တဦးကျန်ရစ်သောအမွေပစ္စည်းများမှမိမိဝေစုကိုရလိုသူတဦးသည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရမည်ဟုယေဘုယျအားဖြင့်နားလည်ထားကြသည်။ သို့ရာတွင်ယင်းဥပဒေသကိုတရားသေမှတ်ထားရန်မဟုတ်။ အမွေရှင်ကွယ်လွန်ပြီးနောက်အမွေကိုအမွေဆိုင်အချင်းချင်းခွဲဝေရာတွင်အမွေဆိုင်တဦးလက်ဝယ်သို့ရောက်နေသောဝေစုကိုရလိုသူသည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲနိုင်မည်မဟုတ်။ အမွေခွဲဝေပြီးဖြစ်၍စီမံခန့်ခွဲရန်အကြောင်းမရှိတော့ချေ။ ပေါင်ကြေးငွေအနည်းဆုံးကျပ်၁၀၀နှင့်ပေါင်နှံရာတွင်(စာချုပ်စာတမ်းအပ်နှံ၍ပေါင်နှံသည့်ကိစ္စမှလွဲပြီး)မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေါင်နှံရမည်ဖြစ်သည်။ ထို့ပြင်အသိသက်သေအနည်းဆုံးနှစ်ဦးကလက်မှတ်ရေး...

AIR 1968 SC 1165

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ လက်ရှိထားပိုင်ခွင့်အရပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှု၌ အချင်းဖြစ်ပစ္စည်းမှာအခြားသူ(ဥပမာ-နိုင်ငံတော်)ပိုင်ပစ္စည်းဖြစ်ခဲ့လျှင်ထိုဆိုင်ရေးဆိုင်ခွင့်မရှိသောတရားလိုကလက်ရောက်ရလိုကြောင်းတရားစွဲဆိုခွင့်ရှိမရှိပြဿနာအပေါ်အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည့်သမိုင်းကြောင်းကို AIR 1968 SC 1165 စီရင်ထုံး၌စိစစ်ပြီး(1907)A.C.73(Appeal Court)စီရင်ထုံးသည်အခြေခံဥပဒေသဘောတရား(principle)မှ သွေဖီခြင်းမရှိဟုအောက်ပါအတိုင်းရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာ၊မူသဘောတရားကိုပြန်လည်အတည်ပြုခဲ့ကြောင်း(reaffirmed)တွေ့ရသည်ဟုအိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကစီရင်ထုံးတွင်ပြဆိုသည်။ “It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner. And if the rightful owner does not come forward and assert his title by the process of law within the period prescribed by the provisions of the Statute of Limitation appl...