မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Four ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Four ] ————————————————- တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့ကို[ လေးလေးနက်နက်မစိစစ်ဖြစ်လျှင် ]အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ချသင့်၊မသင့်ဆုံးဖြတ်ရာတွင်လည်းကောင်း၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိ၊မရှိငြင်းချက်ကိုဆုံးဖြတ်ရာ၌လည်းကောင်း၊အဖြေမှန်မရရှိနိုင်ပါ။ —————————————————- A. I. R. 1937 Rangoon 324 [ D B ] Ma Pwa Shin — Appellant. V. U Po Sin and another-Respondents. Letters Patent Appeal No. 2 of 1936, Decided on 21st August 1936. BRAUND, J. on difference between LEACH AND SPARGO, JJ. and afterwards DUNKLEY, J. on difference between LEACH AND SPARGO, JJ. အမှုတွင်၊တတိယတရားဝန်ကြီး Braund, J. ၏အကြောင်းပြချက်များသည်၊စီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၁မှစာမျက်နှာ၃၃၁၊ကော်လံ၂အထိရှည်လျားသည်။ ပြီးပြည့်စုံသည်။ ရှေ့နေ၏မှားယွင်းမှုကြောင့်၊တရားလိုမဖွားရှင်မိအေးနှစ်ခါနာရသည်ကို၊တတိယတရားဝန်ကြီး Braund, J. က၊ဘဝင်ကျပုံမပေါ်။ ပရီဗီကော...