Posts

Showing posts from December, 2025

1986 BLR 156 ( 162 )[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိမရှိကိစ္စ။[ ဂ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1986 BLR 156 ( 162 ) [ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှု သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ဂ ] ———————————————- VOL. VIII THE INDIAN LAW REPORTS LUCKNOW SERIES 676 ( 680 ) Equivalent Citation = A I R 1933 Oudh 191 MISCELLANEOUS CIVIL. Before Mr. Justice Bisheshwar Nath Srivastava and Mr. Justice D. M. Nanavutty. BISHUNATH SARAN SINGH, RAJA BAHADUR (DEFENDANT-APPELTANT)                             V. MUSAMMAT JUGRAJ KUAR (PLAINTIFF-RESPONDENT)* *Miscellaneous Appeal No.855 of 1932, against the order of Pandit Raghubar Dayal Shukla, District Judge Gi Rae Bareli, dated the 21st of September, 1931. 1932 December, 19. အမှု၌စီရင်ထုံးစာမျက်နှာ-၆၇၆တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်- [ An appeal directed against an order of remand should be filed as a miscellaneous appeal under order XLIII, rule 1, clause (u) of the Code of Civil Procedure on a fixed court-fee of Rs...

1986 BLR 156 ( 162 )[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိမရှိကိစ္စ[ ခ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1986 BLR 156 ( 162 ) [ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှု သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ခ ] ———————————————- အယူခံဆိုင်ရာတရားမကျင့်ထုံးဥပဒေ၏အခြေခံသဘောမှာ၊တင်သွင်းသောအယူခံတရားဝင်ပါမှ၊အယူခံတရားရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုကျင့်သုံးနိုင်သည်။ အယူခံတရားရုံး၏အခွင့်အာဏာများကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇တွင်ပြဌာန်းထားသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်အယူခံရုံး၏အခွင့်အာဏာကိုပြဌာန်းထားခြင်းမရှိ။ တရားမဒုတိယအယူခံမှုများကိုမည်သည့်အကြောင်းပြချက်များအရလက်ခံစီရင်နိုင်ကြောင်းသာလျှင်ပြဌာန်းထားခြင်းဖြစ်သည်။ တရားဝင်သောအယူခံ( competent appeal )ဖြစ်ပါမှယင်းအယူခံမှုကိုစီရင်ပိုင်ခွင့်အာဏာရှိမည်။ ၁၉၃၂ခုနှစ်၊ဒီဇင်ဘာလ၁၉ရက်နေ့တွင်11 Ran 58( PC )အမှု၌၊ပရီဗီကောင်စီက၊စီရင်ထုံးစာမျက်နှာ၆၆တွင်ရီမန်( Remand )အမိန့်အပေါ်တင်သွင်းသောအမှုသည်တရားဝင်သော( incompetent )အယူခံမဟုတ်ဟုပြဆိုပြီးအယူခံမှုကိုပလပ်လိုက်သည့်သာဓကကိုမဆင်ခြင်မိခြင်းသည်ဖြစ်သင့်ပါသလား။ Vor. XI INDIAN LAW REPORTS. RANGOON SERIES. 58 ( 66 ) PRIVY COUNCIL. ABDUL RAHMAN, SINCE DECEASED (DEFENDANT)...

1986 BLR 156 ( 162 )[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိမရှိကိစ္စ[ က ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1986 BLR 156 ( 162 ) [ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှု သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ က ] ———————————————- ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်အမှုအကြောင်းမဆွေးနွေးမီအောက်ပါဥပဒေသဘောများကိုဦးစွာဆွေးနွေးလိုပါသည်။ အယူခံဆိုင်ရာတရားမကျင့်ထုံးဥပဒေ၏အခြေခံသဘောမှာ၊တင်သွင်းသောအယူခံတရားဝင်ပါမှ၊အယူခံတရားရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုကျင့်သုံးနိုင်သည်။ အယူခံတရားရုံး၏အခွင့်အာဏာများကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇တွင်ပြဌာန်းထားသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်အယူခံရုံး၏အခွင့်အာဏာကိုပြဌာန်းထားခြင်းမရှိ။ တရားမဒုတိယအယူခံမှုများကိုမည်သည့်အကြောင်းပြချက်များအရလက်ခံစီရင်နိုင်ကြောင်းသာလျှင်ပြဌာန်းထားခြင်းဖြစ်သည်။ ——————————— တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး​၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်- (က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်[ to determine a case finally ] (ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်[ to remand a case ] (ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်[ to frame issues and refer them for trial ] (ဃ)နောက်ထပ်သက်သေခံချက်ရယူပို...

1999 BLR 135 ( 140 )[ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ[ ဂ ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1999 BLR 135 ( 140 ) [ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှု သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ဂ ] ———————————————- 1999 BLR 135 ( 140 ) တရားမအထွေထွေအယူခံမှု တရားရုံးချုပ်တရားသူကြီးဦးချစ်လွင်ရှေ့တွင် ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ၁၉၉၉ နိုဝင်ဘာလ ၈ ရက် အမှုတွင်တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၁၃၆နှင့်၁၃၇၌အောက်ပါအတိုင်းသုံးသပ်သည်- [ တရားနိုင်ဦးအောင်တင်ကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)တရားမကြီးမှုအမှတ်၂၁/၉၃တွင်ရရှိသည့်အမွေပုံစီမံခန့်ခွဲရန်အနိုင်ဒီကရီကိုတရားရှုံးဒေါ်ပန်းတင်အပေါ်အတည်ပြုရန်မုဒုံမြို့နယ်တရားရုံးတွင်၁၉၉၉ခုနှစ်၊ဇာရီမှုအမှတ်၁ကိုဖွင့်လှစ်သည်။ တရားရှုံးဒေါ်ပန်းတင်ကဇာရီမှုဖွင့်လှစ်ဆောင်ရွက်ခြင်းကိုကန့်ကွက်သည်။ မုဒုံမြို့နယ်တရားရုံးကဇာရီမှုကိုဆက်လက်ဆောင်ရွက်မည်ဟုအမိန့်ချမှတ်ရာဒေါ်ပန်းတင်တို့ကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)သို့အယူခံသော်လည်းမအောင်မြင်သဖြင့်တရားရုံးချုပ်တွင်အထွေထွေအယူခံမှုတင်သွင်းလာခြင်းဖြစ်သည်။ ဒေါ်ပန်းတင်၏ရှေ့နေကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)ကချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂...