တရားရုံးရှေ့လာရောက်ခြင်း[ APPEARANCE ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားရုံးရှေ့လာရောက်ခြင်း[ APPEARANCE ]
——————————————
LOWER BURMA RULINGS ( 1903-1904 )
2 L B R 279 ( 281 )
Before Mr. Justice Birks.
MA NGE v. MA MA AND ONE.
Special Civil 2nd Appeal No.135 of 1903.
May 10th, 1904.
အမှု၌၊တရားသူကြီးအများရှေ့တွင်တနေ့တည်း၌အမှုများလိုက်ရန်ရှိသောရှေ့နေတဦးသည်မိမိအမှုတမှုကိုတစုံတခုသောနာရီတွင်ခေါ်မည်ဟုမျှော်လင့်ထားသည်။
သို့ရာတွင်၎င်းသည်အခြားရုံးတွင်အမှုလိုက်နေခိုက်အဆိုပါအမှုကိုမျှော်လင့်သည်ထက်စော၍ခေါ်ပြီးတရားမကျင့်ထုံးဥပဒေပုဒ်မ ၅၅၆[ ယခုအမိန့် ၄၁၊နည်း ၁၇ ]အရပလပ်လိုက်သည်။
ဆုံးဖြတ်ချက်။ ။ပုဒ်မ ၆၂၉[ ယခုအမိန့် ၄၇၊နည်း ၇ ]၏အဓိပ္ပာယ်အရတရားရုံးချုပ်ရှေ့နေသည်[ လုံလောက်သောအကြောင်းကြောင့်မလာရောက်နိုင်ခြင်းမဟုတ် ]ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ An Advocate, who was engaged in several cases on the same day before different Judges, expected that one of his cases would not be called before a certain hour.
It was, however, called earlier when he was engaged elsewhere, and was dismissed for default under section 556 of the Code of Civil Procedure.
Held, —on an application for review of the order of dismissal, that the Advocate had not shown " prevented by sufficient cause from appearing " in the sense section 629 of the Code.
Oriental Finance Corporation, Limited v. The Mercastile Credit and Finance Corporation, Limited (1866) Bom. H. C.R. Il, 267; Hardatrai Shrikisandas v. Bullion Association, (1866) Bom. H. C. R., III, 6o; Raj Narain Burdhum and another v. Akroor Chunder Roy Choudhry, (1876) 24 W.R., 141; cited.
————————————————
VOL. IV. INDIAN LAW REPORTS. RANGOON SERIES. 18 ( 19 )
APPELLATE CIVIL.
Before Mr. Justice Carr.
MAUNG SAW AND EIGHT OTHERS
v.
MA BWIN BYU.*
Civil Second Appeal No. 150 of 1925.
1925 Dec. 21.
အမှု၌၊တရားမကြီးသို့မဟုတ်အယူခံမှုကိုပြန်ဖွင့်ပေးရန်အတွက်လုံလောက်သောအကြောင်းပြနိုင်ခြင်းမရှိဟုမိမိရှေ့မှောက်ရှိအကြောင်းခြင်းရာများအရအမိန့်ချမှတ်သောတရားသူကြီးတဦး၏ဆုံးဖြတ်ချက်သည်အလားတူလျှောက်ထားမှုများတွင်အခြားတရားသူကြီးများအတွက်အစဉ်အလာမဖြစ်နိုင်။
အကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ဆင်ခြင်တုံတရားအရဆောင်ရွက်ရမည့်ကိစ္စများတွင်လည်းကောင်း၊တရားသူကြီးတဦးစီတွင်မိမိမှန်သည်ထင်သည့်ဆုံးဖြတ်ချက်များချမှတ်ခွင့်ရှိသည်။
လျှောက်ထားသူ၏အယူခံလွှာကိုရုံးချိန်းပျက်ကွက်သဖြင့်ပလပ်ခဲ့သည်။
ကြားနာရန်နေ့တွင်အယူခံမှုသည်ထိုနေ့အတွက်အမှုခေါ်စာရင်းတွင်အမှတ်စဉ် ၁၇ ၌ရှိသည်။
သို့ရာတွင်မမျှော်လင့်သောအကြောင်းများကြောင့်လျှောက်ထားသူ၏ရှေ့နေသည်အကြောင်းအားလျော်စွာမျှော်လင့်ထားသည်ထက်စော၍နေ့လည် ၁၂:၃၀ နာရီတွင်အမှုခေါ်သဖြင့်ရှေ့နေမရောက်ရှိချေ။
ဆုံးဖြတ်ချက်။ ။လုံလောက်သောအကြောင်းရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေအထက်တွင်ဖော်ပြခဲ့သည့်အခြေအနေ၌၊အမှုမှာလျှောက်ထားခံရသူအားတရားစရိတ်ပေးစေကာအကာအကွယ်ပေးလျှင်တရားရုံးသည်တရားမျှတမှုအလို့ငှါပြန်ဖွင့်ပေးရန်မိမိ၏မူလဘူတအာဏာကိုကျင့်သုံးသင့်သောအမှုဖြစ်သည်ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ The decision of one Judge on the facts before him that sufficient cause has not been shown for the restoration of a suit or appeal capot provide precedent for other Judges on similar applications.
On questions of fact or matters of discretion there can be no precedent.
Each Judge is entitled to come to the conclusion he thinks right on questions of fact and in matters of discretion. ]
တရားသူကြီး Carr ကစီရင်ထုံးစာမျက်နှာ ၁၉ ၌ဘုံဘေစီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းမြွက်ဆိုသည်-
[ The present case is very similar to that of Bilasrai Laxminarayan v. Cursondas Damodardas (1), (1919) 42 Bom. 82. in which a case fourteenth on the list had been called on before 12-30 p.m.
The learned Judges, following an carlier Allahabad case, were of opinion "that the case was one in which, whether there was sufficient cause or not, the Court should exercise its inherent jurisdiction to restore the case for the ends of justice, provided the defendant was amply protected in the matter of costs."
That is, in my view, a correct view of the matter and I shall follow that decision.
I should mention also the case. of Maung Than v. Zainat Bibi (2), (1925) 3 Ran. 488. which was also cited before me.
The facts there were different and the judge expressly held that they were not such as to make out a case for the exercise of the inherent power of the Court.
In this connection I would quote with approval the following words from the judgment of the learned Chief Justice in the Bombay case abové cited:-
" But it is dfficult to see how a decision of one Judge on the facts before him that sufficient cause has not been shown for the restoration of a suit can provide a precedent for other Judges on similar applications.
On questions of fact, or matters of discretion there can be no precedent.
Each Judge is entitled to come to the conclusion he thinks right on questions of fact and in matters of discretion." ]
———————————————————
1940 RANGOON LAW REPORTS 512 ( 526 )
FULL BENCH (CIVIL).
Before Sir Ernest Goodman Roberts, Kt., Chief Justice, Mr. Justice Dunkley, and Mr. Justice Blagden.
U AUNG GYI
v.
THE GOVERNMENT OF BURMA.
Civil Revision No. 347 of 1939 from the order of the Subdivisional Court of Zigon in Civil Regular Suit No. 2 of 1939.
1940 March. 4.
အမှု၌၊တရားမကျင့်ထုံးဥပဒေအမိန့် ၉၊နည်း ၉ နှင့် ၁၃ နှင့်အမိန့် ၄၁၊နည်း ၁၉ ပါအခြေအနေများတွင်မှတပါးရုံးချိန်းပျက်ကွက်သဖြင့်ပလပ်ထားသောအမှုကိုပြန်ဖွင့်ပေးရန်ဖြစ်စေ၊တဖက်သတ်ဒီကရီကိုပယ်ဖျက်ရန်ဖြစ်စေတရားရုံးတွင်အာဏာမရှိချေ။
ရုံးသို့မလာရောက်ခြင်းအတွက်လုံလောက်သောအကြောင်းမပြနိုင်လျှင်တရားမျှတမှုကိုထောက်ထား၍ဤနည်းဥပဒေများမှအပဖြစ်သောမူလဘူတအာဏာကိုကျင့်သုံးရန်အကြောင်းမရှိနိုင်။
မူလဘူတအာဏာအရအရေးယူဆောင်ရွက်မှုများသည်အထူးအခြေအနေများတွင်သက်သာခွင့်ပေးရန်အလို့ငှါတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားခြင်းမရှိသောကိစ္စနှင့်သာသက်ဆိုင်သည်။
တနေ့တည်းတွင်တရားရုံးချုပ်ရှေ့နေတဦးသည်ကြားနာမည့်တရားမမှုတမှုနှင့်စက်ရှင်မှုတမှု၌လိုက်ပါဆောင်ရွက်ရန်ရှိသည်။
တရားမမှုကိုမခေါ်မီစက်ရှင်မှုကိုအပြီးစစ်နိုင်မည်ဟု၎င်းကမျှော်လင့်ထားသည်ဖြစ်၍တရားမမှုကိုစော၍ခေါ်ပါက၎င်းကိုယ်စားဆောင်ရွက်နိုင်စေရန်အတွက်အစီအစဉ်မပြုလုပ်မိချေ။
သို့ရာတွင်တရားမမှုကိုခေါ်သောအခါရုံးချိန်းပျက်သဖြင့်ပလပ်လိုက်သည်။
နောက်မိနစ်အနည်းငယ်ကြာသောအခါရှေ့နေသည်တရားမရုံးသို့ရောက်လာသည်။
ဆုံးဖြတ်ချက်။ ။အမှုပြန်ဖွင့်ရန်အတွက်လုံလောက်သောအကြောင်းမရှိ။
အမှုသည်၏ဆုံးရှုံးမှုကိုဖြစ်စေ၊အခက်အခဲဖြစ်မှုကိုဖြစ်စေထည့်သွင်းမစဉ်းစားနိုင်ဟုခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ A Court has no power to restore a case dismissed for default, or to set
aside an ex parte decree, except under the circumstances and conditions mentioned in rules 9 and 13 of Order 9, and rule 19 of Order 41, of the Civil Procedure Code.
Where no sufficient cause is shown for non-appenrance, there can be no grounds for the application "en debito fustitic" of any inherent power outside these rules.
On one and the same day an advocate had a Civil case fixed for hearing as well as a Sessions case.
He hoped to finish the Sessions case before the Civil case was called and made no arrangements whatever for his representation in the Civil Court in the event of the case being called earlier.
The Civil case was as a matter of fact called and dismissed for default of appearance.
The advocate appeared in Court a few minutes later.
Held there was no sufficient cause for reopening the case and the apparent loss or hardship to the litigant could not be taken into account. ]
——————————-
1964 BLR 873 ( 875 )
တရားမပြင်ဆင်မှု
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
ဒေါ်ခင်မြင့်ပါ ၂(လျှောက်ထားသူများ)
နှင့်
မအုန်းအုန်းပါ ၂(လျှောက်ထားခံရသူများ)
၁၉၆၄ အောက်တိုဘာလ ၁၃ ရက်
အမှုတွင်တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။ရှေ့နေတဦးသည်၊စက်ရှင်ရုံးတွင်ရက်ချိန်းတောင်းနေရသည့်အတွက်၊ ၁ မိနစ်ခန့်နောက်ကျသွားသဖြင့်၊တရားမရုံးရှိအမှုပလပ်ခြင်းခံရရာ၊ထိုပလပ်သည့်အမိန့်ကို၊တရားသူကြီးကတဖန်ပြန်လည်ပယ်ဖျက်ခြင်းမှာ၊မှားယွင်းသည်ဟုမဆိုနိုင်။
ဦးငွေ နှင့် ဗမာ့တံခွန်ကုမ္ပဏီ၊ ၁၉၅၁ ခုနှစ်၊မြန်မာပြည်စီရင်ထုံးများ၊တရားလွှတ်တော်၊စာ ၁၃၄ ကိုရည်ညွှန်း၍လိုက်နာသည်။ ]
————————————————-
1984 BLR 123 ( 124 )
တရားမပထမအယူခံမှု
ဥက္ကဌအဖြစ်ဦးခင်ဇာမုံ၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးထွန်းရှိန်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးကြိုင်ပါ(၂) နှင့် ဒေါ်သိန်းဟန်ပါ(၆)
၁၉၈၄ စက်တင်ဘာ ၅ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။ရုံးချိန်းနေ့ကဦးကြိုင်တို့၏အကျိုးဆောင်မှာ၊ဗဟိုတရားရုံးတွင်အမှုလိုက်ပါဆောင်ရွက်နေရသဖြင့်ရုံးချိန်းတကြိမ်သာပျက်ကွက်ရခြင်းဖြစ်ကြောင်းအထောက်အထားနှင့်တကွတင်ပြ၍အမှုကိုဥပဒေနှင့်အညီဆက်လက်စစ်ဆေးခွင့်ပြုသင့်ကြောင်းလျှောက်ထားသည်။
မူလရုံးတရားလိုဘက်မှ၊ဦးကြိုင်၏အကျိုးဆောင်သည်အချင်းဖြစ်နေ့ကဗဟိုတရားရုံးတွင်အမှုရင်ဆိုင်ခဲ့ရသည့်အချက်ကိုငြင်းကွယ်ခြင်းမပြု။
သို့ဖြစ်၍တရားပြိုင်ဘက်မှရုံးချိန်းပျက်ကွက်ခြင်းသည်လုံလောက်သောအကြောင်းကြောင့်ဖြစ်ကြောင်းပေါ်ပေါက်သည်။ ]
———————————————————-
1991 BLR 96 ( 98 )
တရားမပြင်ဆင်မှု
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
ဦးမောင်ချစ် နှင့် ဒေါ်ချစ်ရင်ပါ ၆
၁၉၉၁ ဇန်နဝါရီလ ၁၀ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။ရက်ချိန်းနေ့ကတနေကုန်မလာရောက်ခြင်းမဟုတ်၊အဆင့်မြင့်သောတိုင်းတရားရုံးသို့သွားရောက်ဆောင်ရွက်နေရသဖြင့်တရားပြိုင်၏ရှေ့နေမှာနေ့လယ် ၂ နာရီအချိန်ကျမှရောက်ရှိကြောင်းပေါ်ပေါက်သည်။
အဆင့်မြင့်တရားရုံးသို့သွားနေရသဖြင့်အချိန်အနည်းငယ်နောက်ကျရသည်ဟုအကြောင်းပြခြင်းမှာခိုင်လုံ၍ကောင်းမွန်သောအကြောင်းပြချက်ဖြစ်သည်။ ]
——————————————
Comments
Post a Comment