အမှုတခုလျှောက်လဲချက်ပေးရင်မိမိအမှုနှင့်ဆိုင်သောဥပဒေကိုအရင်ပြောပါ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုတခုလျှောက်လဲချက်ပေးရင်မိမိအမှုနဲ့ဆိုင်သောဥပဒေကိုအရင်ပြောပါ။ နောက်ပြီးမှမိမိအမှုနိုင်မယ့်အချက်တွေကိုမီးမောင်းထိုးပြပြီးမြင်သာအောင်ပြောပါ။ မိမိတင်ပြခဲ့တဲ့ facts တွေကိုလျှောက်လဲချက်မှာတခါတည်းရိုက်သွင်းပြလိုက်တာပဲ။ ဆရာ့အတွေ့အကြုံအရပြောရရင်တော့နှစ်ဖက်စစ်ပြီးရင်လျှောက်လဲချက်နှုတ်နဲ့ပြောတာကိုနားထောင်လိုက်တာပဲ။ရေးသားလျှောက်လဲချက်ဆိုတာမကြုံဖူးပါဘူး။ ၁၉၇၃ ခုနှစ်နောက်ပိုင်းဗဟိုတရားရုံးရောက်မှရေးသားလျှောက်လဲချက်ဆိုတာကြုံရတာ။ လျှောက်လဲချက်ရေးတာ၊စီရင်ချက်ရေးတာဆိုတာတွေဟာ တကယ့် Arts(အနုပညာ )ပါပဲ။ စီရင်ထုံးပြမှလျှောက်လဲချက်ကောင်းစီရင်ချက်ကောင်းဖြစ်တာမဟုတ်ပါဘူး။ အကျိုးအကြောင်းဆီလျော်အောင်ဆက်စပ်တင်ပြပြီးတင်ပြပုံကောင်းရင်လျှောက်လဲချက်ကောင်း၊စီရင်ချက်ကောင်းဖြစ်တာပါပဲ။ တရားမမှုစီရင်ဆုံးဖြတ်တယ်ဆိုတာ အငြင်းမပွားတာတင်ပြပြီးဖြစ်နိုင်ချေ probability များတဲ့ဘက်ကအနိုင်ရတာပါပဲ။ ဆရာတို့မန္တလေးမှာလုပ်တုန်းက ကလေးသူငယ်တရားသူကြီးဦးကျော်ညွန့်ဆိုတာရှိတယ်။သူကစာရေးဘဝကနေအရာရှိဖြစ်ပြီး ( ၁၀ ) တန်းပဲအောင်တာပါ။ဒါပေမယ့် သူ့အင်္ဂလိပ်စာက High Court Judge လောက်တော်တယ်။ပြောချင်တာကကြိုးစားတဲ့လူတော...