အယူခံဝင်သောအခါတင်သွင်းရမည့်ဒီကရီမိတ္တူများအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အယူခံဝင်သောအခါတင်သွင်းရမည့်ဒီကရီမိတ္တူများအကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆ပါပြဌာန်းချက်များအရဆိုပါမူဒီကရီကိုအယူခံဝင်နိုင်သည်။ စီရင်ချက်ကိုအယူခံဝင်ခြင်းမဟုတ်။ တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁အရ၊အယူခံလွှာတင်သွင်းရာ၌၊အယူခံလွှာနှင့်အတူအယူခံသောဒီကရီမိတ္တူနှင့်စီရင်ချက်မိတ္တူကိုပူးတွဲတင်သွင်းရမည်ဖြစ်သည်။ စီရင်ချက်မိတ္တူကိုမူကားအယူခံရုံးကခွင့်ပြုလျင်တင်သွင်းခြင်းမပြုဘဲနေနိုင်သည်။ သို့သော်ဒီကရီမိတ္တူကိုအယူခံလွှာနှင့်အတူတင်သွင်းရမည်ဖြစ်သည်။ ယင်းသို့ဒီကရီမိတ္တူပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ချေ။ 1962 BLR ( H C ) 152 စီရင်ထုံးကိုကြည့်ပါ။ —————————— Upper Burma Rulings(1921-22) Volume IV, Page 75 MAUNG PO SAUNG AND Two v. MA MUN. Before Mr. H. A. Brown, Esq., B.A., I.C.S:, Barrister-at-Law အမှုတွင်၊ဒီကရီကိုအယူခံဝင်သောအယူခံတရားလိုသည်မိမိအယူခံလွှာနှင့်အတူအယူခံဝင်သောဒီကရီမိတ္တူကိုပူးတွဲတင်ပြရန်တာဝန်ရှိသည်။ထိုမိတ္တူတင်သွင်းခြင်းမပြုသေးသရွေ့တရားရုံးရှေ့တွင်တရားဝင်အယူခံမှုဟူ၍မရှိ။ဒီကရီမိတ္တူကိုကာလစည်းကမ်းသတ်ဥပဒေကခွင့်ပြုသောစ...