ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃အကြောင်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃အကြောင်း ————————————— ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃တွင်၊အောက်ပါအတိုင်းပြဌာန်းထားသည်- [ Subject to the provisions contained in sectiens 4 10 25 (inclusive), every suit instituted after the period of limitation prescribed therefor by the first schedule shall be dismissed, although limitation has not been set up as a defence.] [ ပုဒ်မ၄မှပုဒ်မ၂၅အထိပါရှိသောပုဒ်မများပါပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ပထမဇယားတွင်ပြဌာန်းထားသောစည်းကမ်းသတ်ကာလကုန်ဆုံးပြီးမှစွဲဆိုသည့်(တရားမကြီးမှု၊အယူခံမှုနှင့်လျှောက်ထားမှု)တို့ကို၊ကာလစည်းကမ်းသတ်ချက်ကိုအကြောင်းပြု၍၊ချေပခြင်းမပြုသော်လည်း(ပလပ်ရမည်။)] ပထမကဏ္ဍ။ ။တရားမကြီးမှုများ ————————————————————————————— တရားမကြီးမှုအမျိုးအမည်-ကန့်သတ်သည့်ကာလ-အစပြု၍ရေတွက်ရမည့်အခါကာလ ———————————————————————————— ပုဒ်မ၃ပါပြဌာန်းချက်များကို၊အထက်ပါဇယားနှင့်စပ်ဟပ်ဆင်ခြင်ပါက၊ပုဒ်မ၃၌အတိအလင်းပြဌာန်းထားသည့်အတိုင်း၊ပထမ(ပထမကဏ္ဍ)ဇယားရ...