Posts

13 Ran 412 ( F B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 13 Ran. 412 ( F . B . ) ( In Re Maung Thein Maung v. Ma Kywe and others. ) ( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U . ) အမှုတွင်မယားပြိုင်များရှိသောအိမ်ထောင်၌ပထမမယားနှင့်ရသောဩရသသားသည်၊ဖခင်နှင့်ဒုတိယမယားတို့​၏နှစ်ပါးစုံပစ္စည်းတွင်အမွေရခွင့်ရှိမရှိပြဿနာကိုစုံညီခုံရုံးကဆုံးဖြတ်ရာ၌၊တရားသူကြီးအားလုံးစီရင်ချက်ကိုယ်စီရေးကြသည်။ ၁၂မျက်နှာရှိသော( စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိ )တရားဝန်ကြီးချုပ်( Sir Arthur Page )​၏စီရင်ချက်ကို၊တရားဝန်ကြီးသုံးဦး( အင်္ဂလိပ်တရားသူကြီး Baguley၊ အင်္ဂလိပ်တရားသူကြီး Mosely၊ မြန်မာတရားသူကြီးဦးဘဦး )ကထောက်ခံရေးသားသည်။ အခြားမြန်မာတရားသူကြီးဦးမြဘူးက စာ၁၃မျက်နှာ( စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိ )ရှိသောစီရင်ချက်တွင်၊ မိမိအမြင်ကိုအကိုးအကားဖြင့်ထုတ်ဖော်သည်။ တရားဝန်ကြီးချုပ်( Sir Arthur Page )က၊ စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိလည်းကောင်း၊ မြန်မာတရားသူကြီးဦးမြဘူးက၊ စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိလည်းကောင်း၊ အင်္ဂလိပ်တရားသူကြီး( Baguley )က၊ စီရင်ထုံးစာမျက်နှာ၄...

မှားယွင်းသောကျင့်ထုံးကိုသမနိကြာရှည်စွာကျင့်သုံးရုံမျှဖြင့်အမှန်ဖြစ်သွားမည်မဟုတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အောက်မြန်မာပြည်စီရင်ထုံးများအတွဲ၅၊စာ၉၄( စုံညီ ) ( In Re P . L . R . M . N . Perchiappa Chetty  v.  1. Po Kin. 2. Po Nyun. 3. Ma Kyi Su. ) ( Before Sir Charles Fox , Chief Jusdge , Mr . Justice Moore , and Mr . Justice Bell . ) အမှုတွင်၊စီရင်ထုံးစာမျက်နှာ၉၈၌၊မှားယွင်းသောကျင့်ထုံးကိုသမနိကြာရှည်စွာကျင့်သုံးရုံမျှဖြင့်အမှန်ဖြစ်သွားမည်မဟုတ်၊ဟုအောက်ပါအတိုင်းသုံးသပ်ထားပါသည်- " I dissent from the view that a wrong practice becomes a right practice through age . If the practice of the Court has not been in conformity with what the Legislature has laid down , it must be altered , and a practice in conformity with law must be adopted . " မှန်သောကျင့်ထုံးကိုလိုက်နာရန်ဖြစ်သဖြင့်၊တရားရုံးအဆင့်ဆင့်ကဥပဒေနှင့်အညီဆောင်ရွက်ကြရန်ဖြစ်သည်။

A I R 1932 Privy Council 81

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A . I . R . 1932 Privy Council 81  စီရင်ထုံးစာမျက်နှာ၈၈တွင်အောက်ပါအတိုင်းပြဆိုသည်- " Counsel for respondent I drew their Lordships attention to a decision of this Board reported as Maung Tun Tha v. Ma Thit ( A I R 1916 P C 145 = 38 I C 809 = 44 I A 42 = 44 Cal 379 ( P C ) , where Art. 123 was apparently applied in a suit by a Burmese-Buddhist son for his suit in the paternal estate . No reference was made to the Indian case law on the subject , and the main question debated was as to whether the son was bound under the Burmese law to elect within a reasonable time after his father 's death. Their Lordship have referred to the record of this case , and they find that in the Courts of Burma no issue was raised as to limitation , and that there was no duscussion as to the article of Act which should be applied . There had been at least one previous decision in the Lower Burma Court that Art . 133 was applicable to such a case , and it seems to hav...

ဖြစ်ရပ်ချင်းဆင်တူသော A I R 1936 Ran 388 စီရင်ထုံးကိုတင်ပြခဲ့ဟန်မတူ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၂ခုနှစ်တရားမပထမအယူခံမှုအမှတ်၄၃( ဒေါ်ထယ်ရင် နှင့် ဒေါ်ခွေး )အမှုမှာကျန်ရစ်သူဖခင်နောက်အိမ်ထောင်ပြုပြီးနောက်ဩရသသားရရန်ရှိသောအမွေဝေစုကို၎င်းသားကွယ်လွန်ပြီးနောက်၎င်း​၏ဇနီးကတောင်းဆိုသောအမွေစီမံခန့်ခွဲပေးစေလိုမှုဖြစ်ပါသည်။ မူလရုံးကအမှုမှာကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ်၁၂၃နှင့်သက်ဆိုင်သည်ဟုဆုံးဖြတ်သော်လည်း၊တရားရုံးချုပ်ကအမှတ်စဉ်၁၄၄နှင့်သက်ဆိုင်သည်ဟုပြင်ဆင်ဆုံးဖြတ်ပါသည်။ ထိုအမှုတွင်၊ဖြစ်ရပ်ချင်းဆင်တူသော၊ A . I . R . 1936 Ran. 388 စီရင်ထုံးကိုတင်ပြခဲ့ဟန်မတူပါ။

(1943) 45 Bombay Law Reports 275 ( P C )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ (1943 ) 45 Bombay Law Reports 275 ( P C ) အမှုတွင်-  "  Gunga Gobind Mundul v. The Collector of the Twenty - four Pergunnahs ( 1867 ) 11 M . I . A.345 at p. 361 , that if the owner whose property is encroached upon suffers his right to be barred by the law of limitation , " the practical ' effect is the extinction of his title in favour of the party in possession . "   ( ကျူးကျော်ခြင်းခံရသည့်ပစ္စည်းပိုင်ရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေအရမိမိအခွင့်အရေးကိုအပိတ်ပင်ခံလျှင်လက်တွေ့အကျိုးသက်ရောက်မှုမှာလက်ရှိဖြစ်သည့်အမှုသည်၏အကျိုးငှာမိမိ၏ပိုင်ဆိုင်ခွင့်ဆိတ်သုဉ်းခြင်းဖြစ်သည် )ဟုထုံးဖွဲ့ထားခြင်းကိုကိုးကားဆုံးဖြတ်ပါသည်။ သို့ဖြစ်ရာ"၁၂ နှစ်ကျော်ပစ္စည်းကိုဆန့်ကျင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်လာသည်"ဆိုသောဥပဒေသမှာပရီဗီကောင်စီကအထက်ပါစီရင်ထုံး၌၁၈၆၇ ခုနှစ်ကတည်းကပြဆိုခဲ့သောဥပဒေသဖြစ်ပါသည်။ 11 M . I . A . ဆိုသည်မှာ M သည်ပရီဗီကောင်စီစီရင်ထုံးစာအုပ်ကိုပြုစုထုတ်ဝေသော Moore ဆိုသူဖြစ်ပြီး I . A . ဆိုသည်မှာ Indian Appeals ၏အတိုကောက်ဖြစ်၍ 11 မှာ Moore ...

သားသမီးများကကျန်ရစ်သူမိဘအပေါ်အမွေဝေစုရလိုကြောင်းစွဲဆိုသောအမှုများမှာအမှတ်စဉ်၁၂၃နှင့်ပင်သက်ဆိုင်သည်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၁၁၃နှင့်၁၁၄တွင်၊သားသမီးများကကျန်ရစ်သူမိဘအပေါ်အမွေဝေစုရလိုကြောင်းစွဲဆိုသောအမှုများမှာအမှတ်စဉ်၁၂၃နှင့်ပင်သက်ဆိုင်သည်ဟုအောက်ပါအတိုင်းဝေဖန်ပြထားပါသည်- “The right of an heir other than an Orasa or other child on remarriage of the surviving parent is stated in Digest 1 , 51 , 90 and 105 to be one to obtain his or her definite fractional shares as against other co-heirs and the right is transmissible to his or her heirs . The description of such a right as vested its just. In Tun Tha v. Ma Thit ( 9 L . B . R . 56 ) the Privy Council held that a claim for the Orasa share was giverned by Article 123 of the Limitatiin Act . The same article of the Limitation Act was held applicable to a claim by a child or children on the remarriage of the surviving parent in U Tauk Ta v. Ma Ohn Yin ( 1939 R . L . R . 217 ). The application of Article 123 does not offend against the ...

စီရင်ထုံးတခုတည်းအပေါ်အမြင်အမျိုးမျိုးပေါ်ထွက်နေသည်မှာနားမရှင်းဖွယ်ဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ သို့ရာတွင်- A . I . R . 1936 Ran. 388 အမှုတွင်မူ- A . I . R . 1932 P . C . 81 ၌ 9 L . B . R . 56 (  P . C . )မမှန်ကြောင်းစောဒကတက်ခဲ့ခြင်းမရှိဟုစီရင်ထုံးစာမျက်နှာ၃၈၉တွင်အောက်ပါအတိုင်းရှင်းပြထားသည်ကိုတွေ့ရပါသည်။ " The correctness of the decision in 9 L . B . R . 56 ( P . C . )( Tun Tha  vs. Ma Thit ) has not been questioned , as is contended  by the learned counsel  for the appellant in 54  All 93 , A . I . R . 1932 ( P . C . ) 81 . စီရင်ထုံးတခုတည်းအပေါ်အမြင်အမျိုးမျိုးပေါ်ထွက်နေသည်မှာနားမရှင်းဖွယ်ဖြစ်ပါသည်။