Posts

AIR 1970 SC 1778,( State Of West Bengal vs The Dalhousie Institute Society)

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃တွင်၊ဆိုင်ရာအမှုအတွက်သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်လွန်မှစွဲဆိုသောအမှုများကိုပလပ်ရမည်ဟုပြဌာန်းထားသည်။ ကာလစည်းကမ်းသတ်အက်ဥပဒေဇယား၁တွင်ရည်ညွှန်းထားသောအမှုများအတွက်၊သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်ဆုံးသွားလျင်၊အဆိုပါအမှုများတွင်တောင်းဆိုနိုင်သောသက်သာခွင့်ကိုအရေးဆိုခွင့်မရှိတော့။ ထို့ကြောင့်ကာလစည်းကမ်းသတ်ဥပဒေသည်၊တရားရုံးတွင်ရလိုသောသက်သာခွင့်တောင်းဆိုခြင်းကိုပိတ်ပင်သောဥပဒေဖြစ်သည်ဟုဆိုနိုင်သည်။ နောက်တဆင့်တက်ပြီးစောဒကတက်နိုင်သောအချက်မှာ၊ကာလစည်းကမ်းသတ်ဥပဒေအရ၊အချင်းဖြစ်ပစ္စည်းပေါ်တွင်ပိုင်ဆိုင်ခွင့်သည်လည်းတပါတည်းပျောက်ပျက်သွားသလားဆိုသောအချက်ဖြစ်သည်။ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈တွင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်တောင်းခွင့်သည်၊ကာလစည်းကမ်းသတ်ကျော်လွန်သွားလျင်ပိုင်ဆိုင်ခွင့်သည်လည်းကုန်ဆုံးပြတ်စဲစေရမည်ဟုပြဌာန်းထားသဖြင့်၊အခြားပစ္စည်း(ရပိုင်ခွင့်)များနှင့်ပတ်သက်၍ကုန်ဆုံးပြတ်စဲခြင်း၊ဆိတ်သုဉ်းခြင်းမရှိကြောင်းမြင်သာသည်။ ထိုသို့ဆိုလျင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်တောင်းခွင့်ကာလကုန်ဆုံးသွားသဖြင့်၊ပစ္စည်းပိုင်ရှင်၏ပိုင်ဆိုင်ခွ...

မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုသတ်မှတ်ကာလကြာဆန့်ကျင်လက်ရှိထားသူသည်ထိုဥပစာ၏ပိုင်ရှင်ဖြစ်သွားသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုသတ်မှတ်ကာလကြာဆန့်ကျင်လက်ရှိထားသူသည်ထိုဥပစာ၏ပိုင်ရှင်ဖြစ်သွားသလော ? ———————————————————- ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈တွင်”ပစ္စည်းလက်ရောက်ရလိုကြောင်းတရားစွဲဆိုခြင်းအတွက်၊အက်ဥပဒေအရကန့်သတ်ထားသည့်ကာလအပိုင်းအခြားကုန်ဆုံးသောအခါတွင်၊ထိုပစ္စည်းပိုင်ဆိုင်ခွင့်သည်လည်းကုန်ဆုံးပြတ်စဲစေရမည်။”ဟုပြဌာန်းထားသည်။ —————————————————- AIR 1938 LAHORE 369( F. B. ) Lahore High Court HON'BLE JUDGE(S): YOUNG, C.J. AND BHIDE, DIN MOHAMMAD, JJ အမှုတွင်၊တရားဝန်ကြီးချုပ်က၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ကိုအကြောင်းပြုပြီးဆန့်ကျင်လက်ရှိထားသောပစ္စည်းတွင်ခိုင်လုံသောဆိုင်ရေးဆိုင်ခွင့်ရရှိပြီးပိုင်ရှင်အဖြစ်ထိုပစ္စည်းတွင်အခွင့်အရေးအပြည့်အဝရရှိသည်ဟု၊စီရင်ထုံးစာမျက်နှာ၃၇၇တွင်- “The Sikhs(မှတ်ချက်။   ။ပစ္စည်းဆန့်ကျင်လက်ရှိထားသူများ)on the other hand by virtue of S.28, Limitation Act, obtained a good title to the land and building thereon and have full rights therein as owners.” ဟုပြဆိုသည်။ အခြားတရားဝန်ကြီးက၊တရားပြိုင်များသည်၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားပြီးနောက...

1956 BLR ( H C ) 5

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမမှုများတွင်ခေတ်စားသောထုချေချက်တရပ်မှာ၊တရားပြိုင်ဖက်မှအမှုပုံစံမမှန်ဟုထုချေခြင်းဖြစ်ပါသည်။ မိမိအလိုရှိသောသက်သာခွင့်ရရန်အမှုပုံစံမှန်ဖို့လိုသည်။ တရားပြိုင်အားကျူးကျော်သူအဖြစ်နှင်ထုတ်ပေးရန်စွဲဆိုသောအမှုတွင်တရားပြိုင်ကမိမိသည်အိမ်ငှါးဖြစ်ပြီးကျူးကျော်သူမဟုတ်၍၊အမှုကိုလက်ရှိပုံစံအတိုင်းစွဲဆိုခွင့်မရှိဟုထုချေသောအမှုများကိုတွေ့ရဖူးပါသည်။ တရားလိုကအဆိုလွှာတွင်အချင်းဖြစ်ပစ္စည်းမှာ၎င်းပိုင်ဖြစ်သည်သို့မဟုတ်လက်ရှိဖြစ်သည်။ တရားပြိုင်သည်ထိုဥပစာတွင်နေထိုင်ပိုင်ခွင့်မရှိဟုအဆိုပြုကာကျူးကျော်သူအဖြစ်ဖယ်ရှားပေးရန်စွဲဆိုသောအမှုသည်ပုံစံမှားရန်အကြောင်းမရှိပေ။ အဆိုပြုသည့်အတိုင်းကျူးကျော်သူဟုတ်မဟုတ်မှာသီးခြားကိစ္စဖြစ်သည်။ အမှုပုံစံနှင့်မဆိုင်။ ကျူးကျော်သူမဟုတ်၍အမှုရှုံးခြင်းသည်စွပ်စွဲချက်မမှန်ကန်ခြင်းကြောင့်ဖြစ်သည်။ ပုံစံမမှန်ခြင်းကြောင့်မဟုတ်ချေ။ သို့ဖြစ်၍အမှုပုံစံမမှန်ဟုဇွတ်မှိတ်ငြင်းခုံနေကြခြင်းသည်အကျိုးမရှိနိုင်။ တရားမမှုတမှုစွဲဆိုမည်ဆိုပါကအဖက်ဖက်မှစဉ်းစားရန်လိုပါသည်။ တဖက်မှထိုးနှက်လာမည့်စစ်မျက်နှာအရပ်ရပ်ကိုကြိုတင်ခန့်မှန်း၍ပြင်ဆင်ထားရန်လိုပါသည်။ တရားလိုတောင်းဆိုသောသက်သာခ...

1963 BLR 992 , 1978 BLR 52

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေဆိုင်အချင်းချင်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်၊အမွေအုပ်ထိန်းခွဲဝေပေးစေလိုမှုသာစွဲဆိုရန်ဖြစ်ကြောင်း၊၁၉၆၃၊မတစ၊၉၉၂(မသိန်းညွန့် နှင့် ဒေါ်ဖွားသန့်ပါ၂)စီရင်ထုံးတွင်၊တရားသူကြီးဦးထွန်းတင်ကဆုံးဖြတ်သည်။ စာရေးသူသည်၁၉၇၉ခုနှစ်တွင်တရားရေးအကြံပေး(ပြစ်မှုတရားစီရင်ရေး)အဖြစ်လည်းကောင်း၊၁၉၈၂ခုနှစ်တွင်တရားရေးအကြံပေး(တရားမတရားစီရင်ရေး)အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ခုနှစ်ကျမှတရားရေးအကြံပေး(တရားမ)(ညွှန်ကြားရေးမှုး)တာဝန်ကိုစတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ —————————- စာရေးသူတရားရေးအကြံပေး(တရားမ)(ညွှန်ကြားရေးမှုး)အဖြစ်တာဝန်မထမ်းဆောင်မီ၊လွန်ခဲ့သော(၂၁)နှစ်၊၁၉၆၃ခုနှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်တရားသူကြီးဦးထွန်းတင်ကမြန်မာဘာသာဖြင့်ရေးသားဆုံးဖြတ်သော၊ 1963 BLR  992 စီရင်ထုံးတွင်၊အမွေဆိုင်အချင်းချင်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်၊အမွေအုပ်ထိန်းခွဲဝေပေးစေလိုမှုစွဲဆိုရန်ဖြစ်ကြောင်းနှင့်ပတ်သက်၍၊အမှုပုံစံအမှန်သည်မည်သို့၊အမှုပုံစံအမှားသည်မည်ပုံဖြစ်ကြောင်းခွဲခွဲခြားခြားရှင်းလင်းပြဆိုခဲ့သည်။ 1963 BLR 992  မသိန်းညွန့် နှင့် ဒေါ်ဖွားသန့်ပါ၂ တရားသူကြီးဦးထွန်းတင်ရှေ့တွင် အမှုတွင်၊တရားသူက...

အငှါးသက်တမ်းအတွင်းဆန့်ကျင်လက်ရှိထားခြင်းမရှိနိုင်။ 25 Madras 507(511)စီရင်ထုံးနှင့် AIR 1951 All 634စီရင်ထုံးများကိုကြည့်ပါ။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အငှါးသက်တမ်းအတွင်းဆန့်ကျင်လက်ရှိထားခြင်းမရှိနိုင်။ 25 Madras 507(511)စီရင်ထုံးနှင့် AIR 1951 All 634စီရင်ထုံးများကိုကြည့်ပါ။ ————————— အခမဲ့နေထိုင်သူသည်အခမဲ့ထားသောဥပစာကိုလက်ရှိထားခြင်းသည်ခွင့်ပြုသူအားမဆန့်ကျင်ခြင်း။ဒေါ်ရှုတင်အမှု၊ 1991 BLR 138 ————————— ချေလွှာတွင်ချေပထားခြင်းမရှိသောအချက်ကိုအယူခံတွင်အကြောင်းပြပိုင်ခွင့်မရှိခြင်း။ဦးကျော်ဇံအမှု၊ 1978 BLR 8 —————————- 1991 BLR 138  ဒေါ်ရှုတင်ပါ၂ နှင့် ဦးမောင်ဆင့် တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင် စီရင်ထုံးစာမျက်နှာ၁၄၀တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်- “ဤအယူခံတွင်အယူခံတရားလို၏ရှေ့နေကအခြားအချက်များအပြင်အယူခံတရားပြိုင်ဦးမောင်ဆင့်စွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်ကျော်လွန်နေခြင်းကြောင့်ဒီကရီချမှတ်ခြင်းမှာမှားယွင်းကြောင်းအဓိကအယူခံအကြောင်းပြချက်အဖြစ်တင်ပြထားသည်။ဒေါ်ရှုတင်သည်အချင်းဖြစ်အိမ်၏မူလပိုင်ရှင်ဒေါ်ငွေသင်နှင့်အတူလွန်ခဲ့သောနှစ်(၃၀)ခန့်ကပင်အတူနေထိုင်လာခဲ့ရာမှဒေါ်ငွေသင်ကွယ်လွန်သည့်အခါဆက်လက်နေထိုင်ခဲ့ကြောင်းထင်ရှားသည့်အပြင်လက်မဲ့ဖြစ်သူဒေါ်လှအုန်းကဦးမောင်ဆင့်သို့ရောင်းချခြင်းဖြစ်၍က...

အမွေဆိုင်တဦးလက်ရှိထားခြင်းသည်၊အခြားပူးတွဲအမွေဆိုင်များကိုသာမန်အားဖြင့်ဆန့်ကျင်ရာမရောက်ခြင်း ဦးဘဖေအမှု၊၁၉၆၆ မတစ ၇၂၇ မည်သည့်အခါလက်ရှိထားခြင်းဖြစ်ကြောင်းပြဆိုသော ဒေါ်ကြင်သန်းအမှု၊၁၉၉၈ မတစ ၁၄၇(စုံညီ) စီရင်ထုံးနှစ်ရပ်ကိုပူးတွဲလေ့လာရန်လိုသည်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေဆိုင်တဦးလက်ရှိထားခြင်းသည်၊အခြားပူးတွဲအမွေဆိုင်များကိုသာမန်အားဖြင့်ဆန့်ကျင်ရာမရောက်ခြင်း ဦးဘဖေအမှု၊၁၉၆၆ မတစ ၇၂၇ မည်သည့်အခါလက်ရှိထားခြင်းဖြစ်ကြောင်းပြဆိုသော ဒေါ်ကြင်သန်းအမှု၊၁၉၉၈ မတစ ၁၄၇(စုံညီ) စီရင်ထုံးနှစ်ရပ်ကိုပူးတွဲလေ့လာရန်လိုသည်။ ——————————— 1966 BLR 727  ဦးဘဖေပါ၆ နှင့် မချိုတီး(ခေါ်)မညွန့်ပါ၂ တရားသူကြီးဦးသက်ဖေရှေ့တွင် အမှုတွင်၊စီရင်ထုံးစာမျက်နှာ၇၂၉နှင့်၇၃၀၌တရားသူကြီးဦးသက်ဖေကအောက်ပါအတိုင်းသုံးသပ်သည်- “ဤအမှုတွင်အရေးတကြီးစဉ်းစားရမည့်ပြဿနာတရပ်သာရှိသည်။ထိုပြဿနာမှာကွယ်လွန်သူဒူခန်ရမ်းနှင့်ဒေါ်တုတ်တို့၏အမွေပုံပစ္စည်းများကိုအမွေဆိုင်များဖြစ်ကြသည့်၎င်းတို့၏သားသမီးများကခွဲဝေပြီးမပြီးဆိုခြင်းပင်ဖြစ်သည်။အကယ်၍ခွဲဝေပြီး၍အခင်းဖြစ်မြေကိုမထွေးကရရှိခဲ့ပြီးဖြစ်လျင်ကျန်အမွေဆိုင်များဖြစ်ကြသည့်မမျှင်၊မအတင်၊မောင်ဘအေးနှင့်မအပုတို့တွင်ထိုမြေအားရောင်းချပိုင်ခွင့်ရှိတော့မည်မဟုတ်သောကြောင့်မချိုတီးနှင့်မသိန်းမြတို့အမှုကိုပယ်ရပေမည်။အကယ်၍ခွဲဝေခြင်းမရှိကမထွေး၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ပိုင်ဆိုင်ခြင်းသာဖြစ်သည်ဟုကောက်ယူရမည်ဖြစ်ပြီး၊မချိုတီးနှင့်မသိန်းမြတို့အ...

စွဲဆိုသောအမှုနှင့်စီရင်ထုံးဖြစ်ရပ်ချင်းတူမတူမဆန်းစစ်ခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စွဲဆိုသောအမှုနှင့်စီရင်ထုံးဖြစ်ရပ်ချင်းတူမတူ၊မဆန်းစစ်ခြင်းသည်၊2004 BLR 146အမှုတွင်အထူးခုံရုံးကစီရင်ထုံးစာမျက်နှာ၁၅၁၌”စီရင်ထုံးဟူသည်သက်ဆိုင်ရာအမှု၏ဖြစ်ရပ်အတွက်သာလျင်ထုံးသာဓကဖြစ်သည်။”ဟူသောလမ်းညွှန်မှုကိုသတိမချပ်မိကြောင်းထင်ရှားသည်။ ————————————- 1971 BLR 83အမှုတွင်အောက်ပါအတိုင်းမြွက်ဆိုသည်- “စီရင်ထုံးကိုကိုးကားရာတွင်စီရင်ချက်အပြည့်အစုံကိုဖတ်ရှုမှသာလျင်အမှုအချက်အလက်တို့ကိုသိမြင်နိုင်သည်။ခေါင်းစီးမှတ်ချက်တို့သည်အကြောင်းအရာဆုံးဖြတ်ချက်ကိုအရိပ်ပြခြင်းမျှသာပြုနိုင်သည်။စီရင်ထုံးပါအမှုအကြောင်းအရာနှင့်ဆုံးဖြတ်ရန်အမှုအကြောင်းအရာတို့ကိုကောင်းစွာနှိုင်းယှဉ်ရသည်။ပြီးမှသာစီရင်ထုံး၏လမ်းညွှန်မှုယူသင့်သလောက်ယူအပ်သည်။စီရင်ထုံးနောက်သို့ဆုံးဖြတ်ရန်အမှု၏ကြောင်းခြင်းရာများကလိုက်ရန်မဟုတ်။အကြောင်းခြင်းရာများကိုဥပဒေနှင့်စပ်ဟပ်ရာတွင်အခက်အခဲရှိသရွေ့သာလျင်စီရင်ထုံးကဆီလျော်သမျှကောက်ယူရန်ဖြစ်သည်။” တရားရုံးအဆင့်ဆင့်သည်လည်းကောင်း၊ရှေ့နေများသည်လည်းကောင်း၊အထက်ပါလမ်းညွှန်မှုကိုခံယူရန်ပျက်ကွက်သည်။ လမ်းညွှန်မှုသည်ဆိုင်ရာစီရင်ထုံးစာအုပ်၌သာကိန်းဝပ်နေရန်မဟုတ်။ လိုက်နာရန်ထုံးပြုထားခြင်းဖြစ်သည်။...